Yan Naung (Bo Ta Htaung) သတင်းပဒေသာ

1MB ကို ၆ ကျပ် ပဲကောက်ခံမည့် အူရီဒူး ရဲ့ “ ဖလန်းဖလန်းအင်တာနက်”

 1MB ကို
၆ ကျပ် ပဲကောက်ခံမည့် အူရီဒူး ရဲ့
“ ဖလန်းဖလန်းအင်တာနက်”
ရန်နောင်( ဗိုလ်တထောင်)  မိုးမခ  မေ ၂၇ ၂၀၁၅

 

 

 

 

                အူရီဒူးမြန်မာရဲ့ သုံးသလောက်သာကျသင့်မည့်
“ ဖလန်းဖလန်းအင်တာနက်”  အစီအစဉ်သစ် မိတ်ဆက်ပွဲကို
ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်တွင် မေလ ၂၆  ရက်နေ့ နံနက်(၁၀) နာရီ၌ ကျင်းပပြုလုပ်ခဲ့သည်။
                   ဤသုံးသလောက်သာ ကျသင့်မည့် အင်တာနက်
အစီအစဉ်ကို  ၂၀၁၅ခုနှစ် မေလ (၂၇) ရက်နေ့ (၀၀း၀၀း၀၁)
နာရီမှစတင်၍  1MB လျှင် ၆ကျပ် နှူန်းဖြင့် အထူးနှူန်းထားသစ်ကို
မိတ်ဆက်လိုက်သည်။ ၂၀၁၅ ခုနှစ် မေလ ၂၇ ရက် ၀၀း၀၀း၀၁ နာရီ မှစတင်၍ ကျသင့်သလောက်ပေး အစီအစဉ်မဟုတ်သော
မည်သည့် အင်တာနက် အစီအစဉ်ကိုမဆို ဝယ်ယူသူတိုင်းသည် ၁၀၀% အပိုထပ်ဆောင်း လက်ဆောင်ရရှိမှာ
ဖြစ်သည်။ အသုံးပြုနိုင်သော သက်တမ်းကာလများမှာ ယခင်အတိုင်းဖြစ်ပါသည်။
          “ ဥရောပနိုင်ငံတချို့နဲ့ အရှေ့တောင်အာရှနိုင်ငံတချို့မှာတောင်မရသေးတဲ့
ကျွန်တော်တို့ရဲ့ နောက်ဆုံးပေါ်ကမ္ဘာ့အဆင့်မီ အင်တာနက်ကို ဈေးသက်သက်သာသာနဲ့ သုံးဖို့
ဒီအစီအစဉ်တွေကို တီထွင်ပြီး သုံးစွဲသူမိဘပြည်သူတွေလက်ထဲ အရောက်ထည့်ပေးခြင်းဖြစ်ပါတယ်
” ဟု အူရီဒူးမြန်မာ၏ အမှုဆောင်အရာရှိချုပ် Ross Cormack  ကပြောပြခဲ့သည်။
          အားလုံးအတွက် မြန်ဆန်သော အင်တာနက် နှင့်
ကြည်လင်ပြတ်သားသော အသံတို့ကို ယူဆောင်လာပေးသည့် အူရီဒူး မြန်မာသည် လူနေမှု ဘဝများ တိုးတက်
ကောင်းမွန်စေမည့် ဝန်ဆောင်မှုများကို ၂၀၁၄ ဩဂုတ်လတွင် စတင်ပေးအပ်ခဲ့သည်။ ၂၁၀၃ ဇွန်လတွင်
ဆက်သွယ်ရေး လိုင်စင်ရရှိပြီးနောက် တစ်နှစ်တာကာလအတွင်း အူရီဒူး သည် မြန်မာတို့၏ နေ့စဉ်ဘဝများတွင်
အရေးပါသော အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်ခွင့်ရနိုင်ရန် အခြေခံ အုတ်မြစ်ချလုပ်ငန်းများကို
ဆောင်ရွက်နေခဲ့သည်။ အူရီဒူးမြန်မာ၏ ဝန်ဆောင်မှုများသည် မျိုးဆက်သစ် 3G ကွန်ရက်ကို အသုံးပြုထားသဖြင့်
မြန်မာတို့၏ လူနေမှုဘဝများ တိုးတက်ကောင်းမွန်စေမည့်အပြင် စိတ်လှုပ်ရှားဖွယ်ရာ များပြည့်နှက်နေသော
သုံးစွဲရလွယ်ကူသည့် ဆက်သွယ်ရေးစနစ်ဖြစ်ပါသည်။ အူရီဒူးမြန်မာတွင် အလုပ်အကိုင် အခွင့်အလမ်းများစွာရှိပါသည်။
တက်ကြွ ပျော်ရွှင်ဖွယ် အဖွဲ့အစည်း နှင့်ပူးပေါင်းလိုပါက recruitme@myanmar.ooredoo.com သို့
CV ပို့နိုင်ကြောင်း လည်း မသီရိကြာညိုက ပြောပြခဲ့သည်။

 

                   

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts