မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး သရုပ်ဆောင်သင်တန်းဖွင့်ပွဲ
ပြုလုပ်
ပြုလုပ်
ရန်နောင်(ဗိုလ်တထောင်) မိုးမခ မေ ၂၄ ၂၀၁၅
အကယ်ဒမီအောင်ခိုင်
စည်သူဗိုလ်ကလေးတင့်အောင်
အကယ်ဒမီလူမင်း
ဦးခင်မောင်ချင်း
ဦးနှင်းမိုး
မြန်မာနိုင်ငံရုပ်ရှင်အစည်းအုံးမှ
(၁/၂၀၁၅) သရုပ်ဆောင်သင်တန်းဖွင့်ပွဲ ကို အစည်းအရုံးတည်ရှိရာ ရန်ကုန်မြို့ ဗဟန်းမြို့နယ်
ဝင်္ကပါလမ်း အမှတ်(၁၀) တွင် မေလ ၂၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားမှူး
အဖြစ် အကယ်ဒမီအောင်ခိုင်မှ ဆောင်ရွက်ခဲ့ပြီး
ရှေးဦးစွာ အစည်းအရုံးနာယက စည်သူဗိုလ်ကလေးတင့်အောင်မှ အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ဥက္ကဋ္ဌ ဦးလူမင်း မှ အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။ (၁/ ၂၀၁၅) သရုပ်ဆောင်သင်တန်းကြီးကြပ်မှု
နှင့် သင်ကြားလေ့ကျင့်ရေးကော်မတီ အတွင်းရေးမှူး ဦးခင်မောင်ချင်းမှ သရုပ်ဆောင်သင်တန်း
ဖွင့်လှစ်ရခြင်း ကိစ္စအားတင်ပြကာ နာယက ဦးနှင်းမိုးမှ နိဂုံးချုပ်အမှာစကားပြောကြားပြီး
အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ယခုနှစ်
သရုပ်ဆောင်သင်တန်းတွင် သင်တန်းသား (၉၀) တက်ရောက်ပြီး သင်တန်းကာလမှာ သုံးလကြာမြင့်မည်ဖြစ်သည်။သင်တန်းကြေးမှာ တလလျှင် တသိန်းကျပ်ဖြစ်သည်။

အဆိုပါရုပ်ရှင်အစည်းအရုံး သရုပ်ဆောင်သင်တန်းမှ ကျော်ဟိန်း၊ မေသန်းနု၊ ဇင်ဝိုင်း ကဲ့သို့သော နာမည်ကြီးသရုပ်ဆောင်များပေါ်ထွက်ခဲ့သည်။