စာစုတို

ရှင်းသန့်မေ – အမေများနေ့  အမှတ်တရ

ရှင်းသန့်မေ – အမေများနေ့  အမှတ်တရ
(မိုးမခ) မေ ၉၊ ၂၀၁၅

——————————–

အမေများနေ့ဆိုတာ လူသားတိုင်းနဲ့သက်ဆိုင်တဲ့နေ့လေးတနေ့ပါပဲ။ အမေရင်မှဖြစ်ထွန်းလာတဲ့ရင်သွေးတိုင်းအတွက် အမေ နေ့ဆိုတာ သက်ဆိုင်ပါသည်။အမေလို့ခေါ်လိုက်တာနဲ့ ရင်မှာ အေးချမ်းမှု ပျော်ရွင်မှုတွေ နွေးထွေးမှတွေ ကြည်နူးမှု ခံစားမှုပေါင်းများစွာကို လူတိုင်းခံစား ရကြမှာပါ။

အမေမေတ္တာသည် အတိုင်းအတာ ပမာဏမရှိသောမေတ္တာမျိုးဖြင့် သားသ္မီးတွေအပေါ် ချစ်မြတ်နိုးခဲ့ကြသည်။ ထို့ပြင် သား သ္မီးတွေ မညောင်းသောလက်တို့ဖြင့် လွဲခတ်စေကာ မှေးစက်အိပ်ပျော်စေခဲ့သည်။ အသက်ကိုရင်းနှီးပြီး သားလား၊ သမီး လား မသိရသေးသော ကလေးလေးကို ကိုယ်ဝန်လွယ်ကာမိခင်တို့ မေတ္တာအပြည့်နဲ့ မသိရသေးသော ကလေးလေးအတွက် အရှက်တရား အကြောက်တရားတွေ ခဏတာသိမ်းထား သေမင်းကိုမျက်စောင်းထိုးကာ မွေးဖွားခန်းထဲမှာ ခွန်အား တွေ အပြည့်နဲ့ မွေးဖွားပေးခဲ့သည်။

ဘ၀ လူလောကထဲစရောက်တည်းက တတ်အပ်သော အတတ်ပညာဟူသမျှကို တခုမကျန်သင်ကြားပြီး လူ့လောက လှပ စွာရပ်တည် တင့်တယ်စေဖို့အတွက် အသိပညာ အတတ်ပညာသင်ပေး၊ လူမှုရေးဆက်ဆံရေး မိမိပတ်ဝန်းကျင်နဲ့သင့်မြတ် အောင် နေထိုင်နည်းတွေ သားလိမ္မာ သမီးအလိမ္မာလေးများ အမျိုးကောင်း အမျိုးသမီးများဖြစ်အောင် သွန်သင်ဆုံးမပေးခဲ့ သည်။

ဒီကမ္ဘာလောကကြီးထဲမှာ ကြီးမားတဲ့မေတ္တာတရား၊ နွေးထွေးတဲ့ရင်ခွင်ကိုပြပါဆိုလျှင် အမေမှတပါး အခြားမရှိပါဘူး။ သား သမီးတွေအပေါ်ရင်အုပ်မကွာ မေတ္တာတရားတွေအပြည့်အ၀ထားပြီး ချစ်ပြခဲ့တာကအမေပါ။ ပဋိသန္ဓေတည်ကတည်းက နေ ပြီးတော့ မေတ္တာဓာတ်တွေအပြည့်အ၀နဲ့ လူ့လောကထဲကို သားတွေသမီးတွေ အပြစ်ကင်းစွာနဲ့ရောက်လာအောင် ကြီးမားတဲ့ မေတ္တာနဲ့ စောင့်ရှောက်ပေးခဲ့တာကအမေပါ။

အမေ့ရဲ့မေတ္တာပန်းကလေးကတော့မဉ္စူသကနတ်ပန်းထက်အောင်လှပါတယ်။ လောကမှာ ဖူးပွင့်ဝေဆာလှပနေကြတဲ့ ပန်း ကလေးတွေတောင်မှ အမေ့ရဲ့မေတ္တာပန်းကလေးကို လိုက်လို့မမီပါဘူး။ ကမ္ဘာမှာ တန်ဘိုးအကြီးမားဆုံးပန်းကလေးကိုပြပါဆိုလျှင် အမေ့ရဲ့မေတ္တာပန်းကလေးဖြစ်မည်ထင်ပါသည်။

ပန်းကလေးတွေနူးညံ့သလို အမေ့ရဲ့မေတ္တာပန်းကလေးက လှလည်း လှ၊ မွှေးလည်း မွှေးလို့ တခြားတခြားသော ပန်းကလေး တွေထက် သာလွန်မြငိ့မြတ်တဲ့ တကယ့်တော်ဝင် ပန်းကလေးတပွင့်ပင်ဖြစ်ပါသည်။

ထို့ကြောင့်လူတိုင်း လူတိုင်း အမေ့ကိုဂုဏ်ပြုသောအားဖြင့် ကျေးဇူးတရားတွေကို သိတတ်သေအားဖြင့် မေတ္တာတရားတွေကို တန်ဖိုးထားသောအားဖြင့် အမေဆိုတဲ့ မေတ္တာပန်းကလေးတပွင့်ကို ပန်ထားသင့်ပါသည်။

တချို့သောသားသမီးတွေက အမေနဲ့အနီးကပ်နေရလေလေ အမေ့ရဲ့ကြီးမားလှတဲ့ တန်ဖိုးရှိလှတဲ့မေတ္တာတန်ဘိုးကို မသိ ကြ လေလေပါပဲ။ နောင်တဆိုတာ နောင်မှတတတ်ကြတာ လူတိုင်းသဘာဝပါပဲ။ မိမိကြောင့် မိခင်မျက်ရည်မကျပါစေနှင့်။

အမေကို မအိုခင် မနာခင် မသေခင် ပြုစုစောင့်ရှောက်ကျွေးမွေးသင့်ပါသည်။ အမေနေ့မှ အမေကို ကျေးဇူးဆပ်ရ ကျွေးမွေး ရှိခိုးရမှာမဟုတ်ပါဘူး။ နေ့စဉ် အမေရှိနေသမျှ ကာလပတ်လုံး အမေနေ့ပင်ဖြစ်ပါသည်။ အမေ မရှိသောအခါကြမှ အမေနေ့ လို့ပြောနေရင်း ဘာမျှထူးလာမည်မဟုတ်ပါ။ အမေရှိနေတုန်း အမေအသက်ရှင်နေတုန်း အမေနေ့သည် ကျွန်မတို့အား လုံးအတွက် အကောင်းဆုံးအချိန်ပင်ဖြစ်သည်။ လူတိုင်း လူတိုင်းအတွက် အမေရှိနေသမျှကာလပတ်လုံးသည် အမေနေ့ ပင်ဖြစ်သည်။

ထို့ကြောင့် လူတိုင်းအားလုံးအမေရှိနေတုန်းမှာ အမေ၏ကျေးဇူးတရား အမေ၏မေတ္တာတရားတွေကို တန်ဖိုးသိတတ်ပြီး ကျေးဇူးဆပ်နိုင်သူများဖြစ်ကြပါစေ။

လေးစားလျှက်
ရှင်းသန့်မေ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts