ကဗျာ ကျော်ဟုန်း

ကျော်ဟုန်း – ဓာတ်ပြုခံ ပုံဆောင်ခဲများ မင်းမူချိန်

 ကျော်ဟုန်း – ဓာတ်ပြုခံ ပုံဆောင်ခဲများ မင်းမူချိန်
(မိုးမခ) မေ ၂၊ ၂၀၁၅

ဟီရိသြတ္တပ္ပ အပြည့်ရှိလည်း
အမှန်တရားဟာ ဝတ်လစ်စားလစ် ဖြစ်နေပြီ။

ယမ်းနံ့သည်းနေတဲ့ သေနတ်ပြောင်းဝက
တရားမျှတမှုကို လက်ကိုင်ပြုသတဲ့လား၊
ဘက် အားလုံးကို ကြည့်လိုက်
ပြစ်မှုတွေ အဆီတဝင်းဝင်းပဲ။

ဖြစ်တည်မှုနဲ့ သမိုင်းရိုင်းအတွက်
မျိုးဆက်ကောအောင်
အောင်လံတွေ အပြိုင်လွှင့်နေကြသလား။

မိုးကောင်း လေထန်ကာလဆိုးကြီးမှာ
ဘေးတီး လက်မည်းကြီးတွေ မုရာ
ချိုမိုင်မိုင် ကကြိုးနဲ့ကို အလုပ်ဖြစ်ကြ။

သူက တော်လို့ မဟုတ်ပါဘူး၊
ကိုယ့်တိုင်က ညံ့လွန်းနေလို့ပါ၊
ဝန်မခံဘဲ ဟန်ကောင်းနေသရွေ့ 
ရှည်ဦးတော့ ကျွန်သက်၊
ကမ္ဘာ့အောက်အကျဆုံးဘွဲ့နဲ့ ဘဝ
နံပါတ် ၁ စွဲထားကြဦးလေ …။

ကိုယ့်ကိုယ်ကိုမှ မချစ်တတ်တဲ့ဟာတွေ။   ။

ကျော်ဟုန်း

(ပြည်တွင်းငြိမ်းချမ်းရေးဆီသို့ ….)
မေ ၂ ၊ ၂၀၁၅။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts