ရသဆောင်းပါးစုံ ဇော်အောင် (မုံရွာ)

ဇော်အောင် (မုံရွာ) – မြန်မာနိုင်ငံတော် ကမ္ဘာမကြေ ဦးစိန်မြမောင်နဲ့ ကဗျာဆရာကြီး စိုင်းခမ်းလိတ် (ဆရာဝန်)

ဇော်အောင် (မုံရွာ) – မြန်မာနိုင်ငံတော် ကမ္ဘာမကြေ ဦးစိန်မြမောင်နဲ့ ကဗျာဆရာကြီး စိုင်းခမ်းလိတ် (ဆရာဝန်)
(မိုးမခ) မေ ၂၊ ၂၀၁၅

ကွယ်လွန်သူ အဆိုတော် စိုင်းထီးဆိုင် သီဆိုတဲ့ တေးသီချင်းများစွာ ရေစပ်ခဲ့ပြီး၊  မြန်မာပြည်သားများကို တေးဂီတအနေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။  ဒီသီချင်းစာသားတွေကို သံစဉ်အဖြစ် မြန်မာလူငယ်၊ လူကြီးအားလုံး သီဆိုကြပါတယ်။ ငယ်ရွယ်သူ များအတွက် အသက်ကြီးလာသူများအတွက်တော့ အမိမြန်မာပြည်ပုံပမာ နတ်သမီးကိုချစ်ကြောင်း၊ အထူးသဖြင့် နိုင်ငံခေါင်း ဆောင်များအတွက် အဆက်မပြတ် သတိရအောက်မေ့ဆုတောင်းကြပါတယ်။

မြန်မာပြည်ကို တကယ်ချစ်မြတ်နိုးရင်၊ မြန်မာနိုင်ငံသားများအတွက် စွန့်လွှတ်အနစ်နာခံ၊ အသက်စွန့်သွားတဲ့ အာဇာနည်များ၊ လက်ရှိ စွန့်လွှတ်အနစ်နာခံခြင်းနေဆဲ သူတွေ၊ သူတို့ရဲ့ ကြီးမားလှတဲ့မေတ္တာ၊ စာရိတ္တမြင့်မားမှုတွေကို ကျေးဇူးတင်တတ်ရုံ မက ကိုယ်တိုင်လည်း လိုက်နာ၊ လက်တွေ့ပြသဖို့ ဖြစ်ပါတယ်။

မြန်မာဇာတိသွေး၊ ဇာတိမာန် တဖန်နိုးကြားတက်ကြွစေဖို့ နိုင်ငံတော်သီချင်းရာဇဝင် thutakabar ကိုးကားလိုက်ပါတယ်။

မြန်မာတို့ နှစ်ပေါင်းတစ်ရာကျော် ဗြိတိသျှအုပ်ချုပ်မှုလက်အောက်မှ လွတ်မြောက်သောနေ့၊ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြ ငှန်းကို ပြန်ရသောနေ့ ဇန်န၀ါရီ ၄ ရက် မြန်မာ့လွတ်လပ်ရေးနေ့သည် ထိုနေ့ ထိုရက်တွင် အလံတော် တိုင်ထိပ်ဆီသို့ ငွား ငွားစွင့်စွင့်၊ တလူလူလွင့်တက်လာသော နိုင်ငံတော်အလံနှင့်အတူ “ကမ္ဘာမကြေ” သီချင်းသံကို အများပြည်သူတို့ ကြည်နူး ဆွတ်ပျံ့စိတ်လှုပ်ရှားဖွယ် ကြားရမှာဖြစ်ပါသည်။ “ကမ္ဘာမကြေ” သီချင်းသည် လွတ်လပ်ရေးဂုဏ်ပြုတေးသီချင်း၊ မျိုးချစ် စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး လှုံ့ဆော်ပေးသည့် အမျိုးသားသီချင်း စသည်ဖြစ်သကဲ့သို့ နိုင်ငံတော်ကိုဂုဏ်ပြုသော “နိုင်ငံတော်သီချင်း” လည်း ဖြစ်ပါသည်။..မွေးဖွားပေးခဲ့သူ၊ မူလပိုင်ရှင် ကမ္ဘာမကြေသီချင်းကို ရေးခဲ့သူမှာ စန္ဒရားဦးစိန်မြမောင် ဖြစ်ပါသည်။ ဦးစိန်မြမောင်သည် ကဏ္ဍစုံ၊ ထောင့်စုံမှ ရသစုံပေါ်လွင်သော တေးသီချင်းပုဒ်ရေ တစ်ထောင်ကျော် ရေးသား သီကုံးခဲ့သူဘွဲ့၊ မော်ကွန်းဝင် (ပထမအဆင့်) နှင့် ၀ိဇ္ဇာထူးချွန်ဆု (ဒုတိယအဆင့်) တို့ကို ရရှိခဲ့သူဖြစ်ပါသည်။ ထိုစဉ်က နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုက လွတ်လပ်ရေးအလံတင် အခမ်းအနားမှာသီဆိုဖို့ သီချင်းတစ်ပုဒ်ရေးရန် ဆရာရွှေတိုင်ညွန့်အား ခေါ်လာပေးရန် ဦးစိန်မြမောင်ကို ပြောရာ ဦးစိန်မြမောင်က ဆရာရွှေတိုင်ညွန့် ကွယ်လွန်သွားပြီဟု အကြောင်းပြန်ကြားခဲ့သည်။ ဝန်ကြီးချုပ် ဦးနုက တခြားတေးရေးဆရာများနှင့် တိုင်ပင်ရေးသားပေးရန် ဦးစိန်မြမောင်အား ထပ်မံတာဝန်ပေးအပ်လိုက် ပြန်ပါသည်။

ဦးစိန်မြမောင်က ဆရာစိန်ဝေလျှံ၊ ဒဂုန်ဆရာတင်၊ စောင်းဦးဘသန်း၊ ဂီတာဦးစိန်အောင်နှင့် ဆရာရန်နိုင်စိန်တို့ကို လိုက်လံ ခေါ်ဆောင်ခဲ့ရပါတော့သည်။ သူတို့အားလုံး စုဝေးရောက်ရှိလာပြီး သီချင်းရေးစပ်ဖို့ တိုင်ပင်ရာ၊ စကားများရန်ဖြစ်ကြရာမှ  သီချင်းရေးစပ်ဖို့ မည်သူ့ကိုမျှ စည်းရုံး၍မရဘဲ ဖြစ်ခဲ့ရပါသည်။ အကြောင်းစုံကို ဦးစိန်မြမောင်က ဦးနုထံတင်ပြရာ ဦးနုက ဦးစိန်မြမောင် တယောက်တည်းရေးနိုင်က ရေးပေးစေလိုကြောင်း ပြောကြားတာဝန်ပေးလိုက်ပါတော့သည်။ နိုင်ငံတော် တာဝန်ဖြစ်သည့်အတွက် ဦးစိန်မြမောင်က ရဲဝံ့စွာတာဝန်ယူ၍ “တရားမျှတ၊ လွတ်လပ်ခြင်းနဲ့မသွေ” အစချီ “ကမ္ဘာမကြေ” သီချင်းကို ဦးနုအိမ်တွင် တယောက်တည်းရေးသား စပ်ဆိုခဲ့ရပါတော့သည်။ ၀ိုင်အမ်ဘီဆရာတင်၏ “ဒို့ဗမာ” သီချင်းသံစဉ် စာသားများကိုအခြေခံ၍ “တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ” အစချီ၊ ပထမခြေဆင်းပိုဒ်နှင့် “ကမ္ဘာမကြေ” ဒုတိယသံပြိုင် တို့ကို ရက်ပိုင်းအတွင်း ပြီးစီးအောင်ရေးသားခဲ့ပါသည်။

Ref: http://thutakabar.blogspot.sg/

Key C
– တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ – ဒို့ပြေ၊ ဒို့မြေ
– တိုင်းသူပြည်သား ငြိမ်းချမ်းစေဖို့ အေးတူပူမျှ သာယာတဲ့မြေ .. ဒို့ပြေ၊ ဒို့မြေ
– ပြည်ထောင်စုအမွေ ဆက်ခံဖို့လေ၊ အဓိဌာန်ပြုမလေ
– ထိမ်း .. သိမ်း… စို့ … လေ ……။

ကမ္ဘာ..မကြေ
မြန်မာ..ပြေ
ဒို့ဘိုးဘွား၊  အမွေစစ်မို့ အဖိုးတန်တဲ့မြေ  (၂ ခါဆိုရန်)
ပြည်ထောင်စုကို အသက်ပေးလို့ ဒို့ကာကွယ်မလေ
ဒါ … ဒို့ပြေ၊.. ဒါ.. ဒို့မြေ၊ ဒို့ပိုင်တဲ့မြေ
ဒို့ ..ပြေ၊ ဒို့ …မြေ
အကျိုးကို … ညီညာစွာ .. ဒို့ တတွေ
ထမ်းဆောင်ပါစို့လေ
ဒို့ တာဝန်ပေ
အဖိုး … တန်မြေ ….။

တေးရေးဆရာ ဦးစိန်မြမောင် နိုင်ငံတော်သီချင်းရေးစပ်ပုံ ဇတ်လမ်းလေးဖြစ်ပါတယ်။ တေးရေးဆရာ စိုင်းခမ်းလိတ် ကတော့ လူများစွာ ချစ်ခင်လေးစားနေဆဲ၊ သူ့ဇနီးသည် ဒေါက်တာနွဲ့တင် အတွက်သီချင်းတပုဒ်၊  လိမ္မော်ချိန်မှာ ရှမ်းပြည်ရဲ့ လမ်းတွေ ကကြမ်းတဲ့ နိုင်ငံအရေး သီချင်းအချို့၊ မန္တလေးရောက် ရှမ်းတယောက်၊ မောင့်လပြည့်ဝန်း.. စတဲ့ သီချင်းစာသားများ၊ အခုခေတ် ခေါင်းဆောင်ကြီးများလဲ ဒီသီချင်းစာသားများကို အလွတ်ရနေဆဲဖြစ်ပါတယ်။ လောကအချစ်သီချင်းဆိုပေမဲ့ ဒီခေါင်းဆောင် ကိုယ့်မိဘ၊ အဖိုးအဖွား၊ လူကြီးများ .. အမိမြန်မာပြည် နတ်သမီးကိုတိုင်တည်၊ သီဆိုကြဖို့နိုင်တဲ့ ဒေါက်တာ စိုင်းခမ်းလိတ် ရေးစပ်ပြီး၊ အဆိုတော် စိုင်းထီးဆိုင်ရဲ့ သီချင်းတွေ မြောက်များစွာရှိပါတယ်။ မြန်မာနိုင်ငံအတွက် ရှမ်းလူမျိုး ဒု-သမ္မတ ရွေးချယ်ဖို့ လျှာထားခြင်းခံခဲ့ရသူလို့ ပြောကြပါတယ်။ အင်တာဗျူးမှာ ဟုတ်မဟုတ် မေးကြည့်ကြပါ။

မြန်မာလူမျိုးတိုင်း ကိုယ့်နိုင်ငံ ကိုယ်လူမျိုးကို ချစ်မြတ်နိုးကြပါတယ်။ ပုံသက်သေပြသနိုင်ဖို့ဆိုတာ တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့ ငယ်များလိုက်ဖြစ်စေ၊ ဘာသာရေး၊ လူမှုရေးအဖွဲ့များ မြန်မာပြည်အတွက် သတိရဆုတောင်းကြပါတယ်။ အထူးသဖြင့် အရေးကြီးဆုံးကတော့ ပညာရေး၊ စာသင်ကျောင်းများမှ ဖြစ်ပါတယ်။ ငယ်စဉ်က မုံရွာ၊ မြို့မဂါတ် အစိုးရမူလတန်းကျောင်းမှာ သစ္စာဓိဌာန် ကျောင်းသား၎ဦး ရှေ့ထွက်ပြီး တိုင်ပေးရတာကို ပြန်လည်အောက်မေ့ပါတယ်။ သစ္စာဆိုပြီးချိန်မှာ နိုင်ငံတော် သီချင်းကို အားပါးတရ သီဆိုကြပါတယ်။ လူကြီးတွေကတော့ ဆုတောင်း၊ မေတ္တာပို့ခြင်း မြန်မာပြည်အတွက် အပတ်စဉ် အစာရှောင်၊ ဥပုလ်စောင့် ဆုတောင်း၊ ဆပ်ကပ်သူ မြောက်များစွာ ရှိပါတယ်။

အစာရှောင်ခြင်း၊ ဥပုဒ်စောင့်ခြင်းဆိုတာ စားနေကျအစာကို၊ စားနေကျအချိန်မှာ မစားသောက်ခြင်းဆိုတဲ့ လွယ်ကူတဲ့ လုပ် ငန်းတခုဖြစ်ပါတယ်။ ဘယ်သူ့အတွက်လဲဆိုတော့ မိမိအတွက်ပဲ ဖြစ်ပါတယ်။ အစာရှောင် ဆုတောင်းခြင်း (ဥပမာ ဗုဒ္စဟူး နေ့တိုင်း မနက်စာ မစားတော့ပဲ၊ မြန်မာပြည်အတွက် သတိရဆုတောင်း၊ နိုင်ငံခေါင်းဆောင်များကို မေတ္တာပို့နေတဲ့ လူများစွာ ရှိပါတယ်။

● နိဂုံး (နှစ်သစ် ၂၀၁၅ နိုင်ငံတော်သီချင်း)
နိုင်ငံတော်သီချင်းလို စုပေါင်းလုပ်ဆောင်လို့ ခက်ခဲရင်၊ တယောက်ထဲလုပ်နိုင်တာကို လုပ်တဲ့ ဦးစိန်မြမောင် နမူနာပါ။ ၄ ယောက်ကနေ လုပ်အားပေး ၁၅ ယောက်လောက်နဲ့ စုပေါင်းလုပ်နိုင်တဲ့ စင်ကာပူက လမ်းပြကြယ်စာကြည့်တိုက် ရှိပါတယ်။ ဆရာနဲ့ကျောင်းသားတို့ အဆင်ပြေအောင်အင်္ဂလိပ်စာနဲ့ ပညာရပ်များ သင်ကြားပေးတဲ့ စင်ကာပူ ပညာဒါနအဖွဲ့လို မြန်မာ ပြည်မှာလည်း များပြားစွာပေါ်လာနေပါတယ်။ တယောက်ထဲလုပ်နေဆဲ မြန်မာပြည်က ငါးကင်ရောင်းရင်း တနိုင်စာကြည့် တိုက်ဖွင့်တဲ ကိုဇော်ဇော်တို့ လက်တွေ့လုပ်ပြနေပါတယ်။ အစိုးရကို အားမကိုးနိုင်ရှာသေးပါ။ နိုင်ငံတော်အာဏာ အရွှေ့ ပြောင်းကာလ ဖြစ်နေပါတယ်။
.
ဆက်လက် ဆုတောင်း၊ မေတ္တာပို့ အမျှဝေပေးကြပါ။ နိုင်ငံခေါင်းဆောင်များ သင့်တော်သူကို ၂၀၁၅ မှာ မေးပေးရွေးချယ်ချိန် တရားမျှတတဲ့ နိုင်ငံတော်သီချင်းကို အဆက်မပြက် သီဆိုရင်၊ သစ္စာလေးချက်မှာ မိမိကိုယ်ကို၊၊ မိမိအတန်း (မိသားစု)၊ မိမိကျောင်း (အဖွဲ့အစည်း) နဲ့ မိမိတိုင်းပြည်လူမျိုးအတွက် ကောင်းအောင်ကြိုးစားဖို့၊ ကောင်းမှုတခု နေ့စဉ်ပြုနိုင်ဖို့ မျှော်လင့် ပါတယ်။

အသက်ရှင်နေစဉ် ဘာလုပ်မလဲ၊ ၁၇နှစ်အရွယ်ကတဲက  မနက်ဖန်က မသေချာပါ။ ဒီနေ့အကောင်းဆုံးအသက်ရှင်ပါ ပြော သွားတဲ့ အေပဲ Apple iPhone Steve George အိုင်ဖုန်းတီထွင်သူ ကွယ်လွန်ပြီဖြစ်တဲ့ စတိဂျော့ ပြောစကားကို အောက် မေ့ပါတယ်။ နိုင်ငံတော်သီချင်းရေးစပ်တဲ့ တေးရေးဆရာ ဦးစိန်မြမောင် (ကွယ်လွန်) ခေတ်သီချင်းများရေးတဲ့ ဒေါက်တာ စိုင်းခမ်းလိတ် (အသက်ရှင်နေဆဲ) တို့ကို Myanmar Good Attitude အဖြစ် မှတ်တမ်းတင်ပါတယ်။

ဇော်အောင်(မုံရွာ)

သရုပ်ဖေါ်ပုံ၊ မြန်မာနိုင်ငံ၊ အမိမြန်မာနတ်သမီးမယ် နှင့် တေးရေးဆရာ စိုင်းခမ်းလိတ် (ဆေးခန်းရှေ့)ပုံ၊ ဦးစိန်မြမောင် ပုံရှာမရပါ။ 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts