(မိုးမခ) မတ် ၂၃၊ ၂၀၁၅
သွားတော့ လူကြီးမင်းလီရေ …
ခင်ဗျားရဲ့ ပြုခဲ့တဲ့အကုသိုလ် အစုစုအတွက်၊
ခင်ဗျားကြောင့် လူမွဲစာရင်းဝင်ခဲ့ရသူများအတွက်၊
ခင်ဗျား အကျဉ်းချခဲ့တဲ့ ယုံကြည်ချက်အကျဉ်းသားတွေအတွက်
အာရှတန်ဖိုးခေါင်းစဉ်အောက်က နှိပ်ကွပ်ခဲ့တဲ့
လူသားတန်ဖိုးတွေအတွက်၊
ခင်ဗျား ခေါင်းကိုင် ဖခင်ပြုခြင်းခံရတဲ့
ရင်ဝယ်သားများ လူအများရဲ့ ဆုတောင်းမေတ္တာစကား၊
ခင်ဗျားရဲ့ ကြီးမားလှတဲ့ ဉာဏ်ပညာ အမြော်အမြင် အလုပ်တွေက ချေဖျက်
သံသရာခရီး ဖြောင့်ဖြူးနိုင်ပါစေ ..။
ကံကောင်းပါစေ ချစ်ရတဲ့ ခြင်္သေ့မြို့တော် ကျွန်းသားတို့ရေ ..။
ကံကောင်းပါစေ ငါ့နှမ ဖီလစ်ပင်း၊ အင်ဒို၊ မလေး၊ တရုတ်၊ မြန်မာ အိမ်အကူမလေးတို့ရေ ..။
ကံကောင်းပါစေ ငါ့ညီအစ်ကို ဘင်္ဂါလား၊ နီပေါ၊ အိန္ဒိယ၊ မလေး၊ တရုတ်၊ မြန်မာကာယ လုပ်သားတို့ရေ ..။
ကြီမြတ်လှတဲ့ ခေါင်းဆောင်ကြီးရဲ့ အစီအမံ၊ တန်ဖိုး၊ အခွင့်အရေးတွေရဲ့အောက်ကနေ အနာဂတ်စင်္ကာပူလွတ် လူသား ဘဝတွေ သာယာနိုင်ကြပါစေ။
ခေတ်သစ်ကမ္ဘာမှာ လိုအပ်နေတာက ပင်လယ်အော် သောင်စခန်းက မိုးပျံဥယျာဉ်ကြီးမဟုတ် ဉာဏ်ပညာ၊ ချစ်ခြင်းတရားနဲ့ လူသားဆန်မှုများများသာဖြစ်ကြောင်း အနာဂတ်စင်္ကာပူ ပြသနိုင်ပါစေ..။
ဘောင်ခတ် တန်ဖိုး၊ အနားသတ် ချစ်ခြင်း၊ ပိုင်စိုးမှုမဲ့ လွတ်လပ်ခြင်းတွေကလာတဲ့ အဖိနှိပ်ခံပုံစံခွက်ထဲက ဆုတောင်း စကားတွေ ကျ`&ှုံးပါစေ။
လူသားဝါဒထွန်းကားပါစေ ..။
ငြိမ်းချမ်းအေး
မတ်လ ၂၃၊ ၂၀၁၅
Title Photo Credit: “Lee Kuan Yew” by Robert D. Ward – Cropped by Ranveig from http://www.defenselink.mil/photos/newsphoto.aspx?newsphotoid=3963.. Licensed under Public Domain via Wikimedia Commons – http://commons.wikimedia.org/wiki/File:Lee_Kuan_Yew.jpg#/media/File:Lee_Kuan_Yew.jpg