ကဗျာ

ဇာဝါရီ – ရိုက်ပွဲ

ဇာဝါရီ – ရိုက်ပွဲ
(မိုးမခ) မတ် ၁၇၊ ၂၀၁၅

အသိပညာ ထွန်းကားဖို့
တောင်းဆိုတဲ့ ကျောင်းသားကို
အသိဥာဏ်မဲ့ ခိုင်းရာလုပ်တဲ့
ရဲတွေက EU နည်းနဲ့ ရိုက်တယ်တဲ့။

ပုစွန်ဦးနှောက်နဲ့
တေလေဂျပိုး ငတုံးငအတွေကို
ရိုက်ခွင့်လိုင်စင်ပေး
ရဲနဲ့အတူ ဝင်ရိုက်ခိုင်းတယ်။

အရှက်အကြောက်မဲ့စွာနဲ့
ဓါတ်ပုံ တဖျတ်ဖျတ်အောက်
လက်နက်မဲ့ ခလေးတွေ
အကြမ်းမဖက်တဲ့ ကျောင်းသားတွေကို
လူမြင်ကွင်းမှာ ရိုက်
အုပ်စုနဲ့ ရိုက်
ဘုန်းကြီးကျောင်းထဲမှာ ရိုက်
ဘုရားရှေ့ မှာ ရိုက်
ရဲကားပေါ်မှာ ရိုက်
ထောင်ထဲမှာ ရိုက်
စစ်ဆေးတဲ့အခါ ရိုက်။

ပြီးတော့
ကျောင်းသားကားကို ရိုက်
နာကူကားကို ရိုက်
ဘုန်းကြီးကို ရိုက်
ဝင်ကူသူကို ရိုက်
အားပေးသူကို ရိုက်
ရွာသားကို ရိုက်
သတင်းထောက်ကို ရိုက်။

မတရား အရိုက်ကြမ်းတဲ့
အဓမ္မ အရိုက်သမားတွေကို
ဓါတ်ပုံဆရာတွေက ပြန်ရိုက်
သတင်းသမားတွေက ရိုက်
ဂျာနယ်လစ်တွေက ရိုက်
ဗီဒီယိုသမားတွေက ရိုက်
သူတို့ မှတ်တမ်းရိုက်ချက်တွေနဲ့
ကမ္ဘာပြည်သူ အသည်းနှလုံးကို ရိုက်။

ထိတ်လန့်စရာ ရိုက်ပွဲ သတင်းကြောင့်
ဖေ့စ်ဘုတ်ကြီး ပေါက်ကွဲ
သူငယ်ချင်းဆိုသူတွေ
နံရံပေါ်မှာ ရိုက် (စကားကြမ်းတွေနဲ့)
နိုင်ငံရေးအဖွဲ့တွေ စာရိုက် (statement)
အတိုက်အခံခေါင်းဆောင်တွေ
စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့
ခေါင်းချင်းရိုက်။

အကျဉ်းချုပ်တော့
idiot အစိုးရအောက်မှာ
လူငယ်တွေ ဂလေရိုက်
အနာဂတ် မဲ့နေသူတွေ
နှစ်လုံးထီရိုက် ဖဲရိုက် လူရိုက်
မျက်ကန်းမျိုးချစ်တွေ မတူကွဲပြားသူကို ရိုက်
၉၆၉ တွေ မူစလင်ရိုက်၊ ရိုဟင်ဂျာ ရိုက်
ခရိုနီတွေ ဂွင်ရိုက်
အာဏာရူး အစိုးရ
ဘုန်းကြီးရိုက် ကျောင်းသားရိုက်
လယ်သမားရိုက် အလုပ်သမားရိုက်
တိုင်းရင်းသားတွေ ရိုက်
ပြည်သူကို ရန်သူမှတ် ရိုက်
အာဏာထိပါးသူ မှန်သမျှကို ရိုက်နဲ့ …

ကိုယ့်အချင်းချင်း အသေရိုက်ခိုင်းတဲ့
ဖွတ်ကျား အစိုးရအောက်
ရိုက်ပွဲတွေနဲ့ ဆက်ကြဗျို့ ။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ဇာဝါရီ – ရိုက်ပွဲ
  1. ( They are not our government ) Truly F & S- military and his idiot people. I really want to write some thing very rude to them.
    Thanks for the photos.

Comments are closed.