Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

မြန်မာ – အမေရိကန် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ ကျင်းပမည်

မြန်မာ – အမေရိကန် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ ကျင်းပမည်
ရန်နောင်(ဗိုလ်တထောင်) မိုးမခ၊ မတ် ၁၇၊ ၂၀၁၅

မြန်မာ- အမေရိကန် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ ကို အမျိုးသား အားကစားပြိုင်ပွဲရုံတွင် ကျင်းပပြုလုပ်မည့်အကြောင်း စာနယ်ဇင်းရှင်းလင်းပွဲကို ၂၀၁၅ ခုနှစ် ၊မတ်လ (၁၆) ရက်နေ့ ညနေ(၆)နာရီက စင်ထရယ်ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

    အဆိုပါ မြန်မာ- အမေရိကန် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို  Thingyan Fight ခေါင်းစဉ်ဖြင့် ဧပြီလ ၄ ရက်နေ့တွင် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) ၌ နေ့လည် (၂)နာရီတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။

ပွဲစဉ်များမှာ – ၅ချီပွဲများတွင်  ဆီးဂိမ်း(ရွှေ)၊ ဒဂုံရွှေအောင်လံဆုရှင် ထွန်းထွန်းမင်း နှင့် ကမ္ဘာ့ချန်ပီယံ ဆိုင်းရပ် (အမေရိကန်) တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ပြီး လေးညို့ရှင် နှင့် ရဲတံခွန်( အဖြူရောင်သွေးသစ်) တို့ကလည်းငါးချီပွဲစဉ်တွင် ထိုးသတ်ကြမည်ဖြစ်သည်။

တတိယ ငါးချီပွဲစဉ်အဖြစ် စောဘဦး (တောင်ကလေး) နှင့် ကျားပေါက် (ရွှေသောင်ရင်း) တို့ ထိုးသတ်ကြမည်ဖြစ်သည်။ ကြယ်စင်ဖြိုး (အဖြူရောင်သွေးသစ်) နှင့် စောသဲဦး( STL ) ၊ကျော်ဝင်းအောင်( T & T) နှင့် ရဲသွေးနီ( တောင်ကလေး) ၊ ဝင်းထက်သူ(တောင်ကလေး) နှင့် ရှမ်းလေး(ဝါဆို)၊ ထွန်းနိုင်ဦး (အဖြူရောင်သွေးသစ်) နှင့် ဖြူလေး( မုဒုံသား)၊ သိန်းစိုး( T & T ) နှင့် ရှိုင်းထက်အောင်( အဖြူရောင်သွေးသစ်) တို့ကလည်း ငါးချီ ဆီ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts