ဓာတ်ပုံသတင်း

ဆန်ဖရန်ဘေးဧရိယာ မြန်မာနှင့် အမေရိကန်များက အကြမ်းဖက်မြန်မာအစိုးရကို ကန့်ကွက်ရှုတ်ချ

 

 
ဆန်ဖရန်ဘေးဧရိယာ မြန်မာနှင့် အမေရိကန်များက အကြမ်းဖက်မြန်မာအစိုးရကို ကန့်ကွက်ရှုတ်ချ
(မိုးမခ) မတ် ၁၄၊ ၂၀၁၅
မတ်လ လ ၁၃၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ (၀ါ) ကိုဖုန်းမော်နေ့ ၂၇ နှစ်မြောက် နေ့တွင် ဆန်ဖရန်ဘေးဧရိယာရှိ မြန်မာမိသားစုများ၊ ဆန်ဖရန်စီးတီကောလိပ် ကျောင်းသားလူငယ်များ ဦးရေ ၁၀၀ ခန့်သည် လူအများစည်ကားရာ ဆန်ဖရန်မြို့လယ်ကောင် Justin Hermon ပန်းခြံမှာ စုဝေးပြီး မတ်လ ၁၀ ရက်နေ့က ကျောင်းသားပြည်သူများအပေါ် မြန်မာအစိုးရ၏ လုံခြုံရေးတပ်ဖွဲ့များ၏ အကြမ်းဖက်တိုက်ခိုက်မှုကို ကန့်ကွက်ရှုတ်ချသည့် ဆန္ဒပြပွဲ ကျင်းပခဲ့ကြသည်။
ပညာရေးဥပဒေ ပြင်ဆင်ရေး သပိတ်မှောက် ကျောင်းသားများကို ထောက်ခံခြင်း
၎င်းကျောင်းသားများနှင့်တကွ ရဟန်းပြည်သူများကို အစိုးရ အကြမ်းဖက် တိုက်ခိုက် ဖမ်းဆီးခြင်းကို ကန့်ကွက် ရှုတ်ချခြင်း
ဖမ်းဆီး ချုပ်နှောင်မှုများ ရပ်ဆိုင်းရန်နှင့် အဖမ်းဆီးခံရသူများအားလုံး လွတ်မြောက်ရေးကို တောင်းဆိုခြင်း
မြန်မာအစိုးရအား နိုင်ငံတကာမှ တိုးမြှင့် အရေးယူရေး တိုက်တွန်းခြင်း
တာဝန်ရှိသူများအားလုံးကို ဖော်ထုတ် တရားစီရင်ရေးတို့ကို တောင်းဆိုခြင်း တို့ ပြုလုပ်ခဲ့ကြသည်။
ဆန္ဒပြသူ မြန်မာများ၊ အမေရိကန်များက ၎င်းတို့၏ သဘောထား ဆန္ဒများကို အသီးသီး ထုတ်ဖော် ပြောကြားခြင်း၊ မြန်မာ့အရေးကြွေးကြော်သံများ ဟစ်ကြွေးကြခြင်း၊  မြန်မာ့ဒီမိုကရေစီရေး တေးသီချင်းများ သီဆိုခြင်း၊ အရှင်ဆန္ဒာဒိက မြန်မာပြည်တွင် ဖြန့်ဝေသည့် အစိုးရအကြမ်းဖက်ခြင်းကို ကန့်ကွက်သည့် စာကို ဖတ်ကြားခြင်း စသည်တို့ ပြုလုပ်ခဲ့ကြသည်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts