Yan Naung (Bo Ta Htaung) သတင်းပဒေသာ

“စောဘွဲ့မှူး သုခုမအိပ်မက်များ” တေးဂီတ ဖျော်ဖြေပွဲ ကျင်းပပြုလုပ်မည်

“စောဘွဲ့မှူး သုခုမအိပ်မက်များ” တေးဂီတ ဖျော်ဖြေပွဲ ကျင်းပပြုလုပ်မည်
ရန်နောင်(ဗိုလ်တထောင်) မတ် ၁၄၊ ၂၀၁၅

ဂီတပညာရှင် ဆရာစောဘွဲ့မှူး အမှတ်တရ “သုခုမအိပ်မက်များ” တေးဂီတ ဖျော်ဖြေပွဲကို  ၂၀၁၅ မတ်လ(၂၈) ရက် နေ့ ၊ညနေ(၆)နာရီ တွင် ရန်ကုန်မြို့ ၊စမ်းချောင်းမြို့နယ်၊ ရှင်စောပုလမ်းရှိ Myanmar Event  Park (MEP ) တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

အဆိုပါ ဂီတဖျော်ဖြေပွဲတွင် Emperor, D-Blaze နဲ့ AOC Music Band များနှင့်အတူ ကိုင်ဇာ၊စိုးသူ၊ ဇော်ဝင်းထွဋ်၊ ချစ်ကောင်း၊ ရင်ဂို၊ ရဲသွင်၊ နောနော်၊ ဒီဖြိုး၊ ဝေလ၊ ကောင်းကောင်း၊ ကော်နီ၊ ကဗျာဘွဲ့မှူး၊ မီးမီးခဲ၊ စင်ဒီ၊ ကြိုးကြာ၊ အိမ့်ချစ်၊ အယ်လ်ဆိုင်းဇီ၊ လိမ္မော်သီး၊ အိုင်ရင်းဇင်မာမြင့်တို့က ဂုဏ်ပြုဖျော်ဖြေတင်ဆက်သွားမည်ဖြစ်သည်။

လက်မှတ်ဈေးနှုန်းများကို ၅ သောင်း၊ ၃ သောင်း၊ ၂ သောင်း၊ ၁သောင်း ကျပ်များ သတ်မှတ်ထားပြီး 4TV showrooms များ၊ City Mart ဆိုင်ခွဲများ၊ The Sun Music , မန်းသီရိတေးသံသွင်း၊ Call Center 1876 နှင့် myasiaticket.com တွင် ဝယ်ယူရရှိနိုင်ကြောင်းလည်း သတင်းရရှိသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts