Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

ဝိုင်းစုခိုင်သိန်း ဂီတ သက်တမ်း ၁၀ နှစ်ပြည့် တကိုယ်တော်ဂီတဖျော်ဖြေပွဲ စီစဉ်မည်

 

ဝိုင်းစုခိုင်သိန်း ဂီတ သက်တမ်း ၁၀ နှစ်ပြည့် တကိုယ်တော်ဂီတဖျော်ဖြေပွဲ စီစဉ်မည်
ရန်နောင်(ဗိုလ်တထောင်) မတ် ၁၄၊ ၂၀၁၅

အဆိုတော်၊သရုပ်ဆောင် ဝိုင်းစုခိုင်သိန်း  သူ၏ ဂီတသက်တမ်း (၁၀) နှစ်ပြည့် တစ်ကိုယ်တော်ဂီတဖျော်ဖြေပွဲ ပြုလုပ်မည့်အကြောင်း စာနယ်ဇင်းရှင်းလင်းပွဲကို ရန်ကုန်မြို့ဒဂုံမြို့နယ်  အလံပြဘုရားလမ်းရှိ Park Royal Hotel တွင် ၂၀၁၅ ခုနှစ် မတ်လ (၁၂) ရက်နေ့ နေ့လည် (၂)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ဂီတဖျော်ဖြေပွဲကို MEP (Myanmar Event Park) တွင် မတ်လ (၂၁) ရက်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဝင်ကြေးများမှာ ၇သောင်း၊ ၅ သောင်း၊ ၁ သောင်း ကျပ်တို့ဖြစ်သည်။  ည ၆ နာရီ မှည ၁၁ နာရီအထိ MRTV-4 ရုပ်သံလိုင်းမှတဆင့်လည်း တိုက်ရိုက် ထုတ်လွှင့်ပြသပေးသွားမည်ဖြစ်သည်။

အဆိုပါ စာနယ်ဇင်းရှင်းလင်းပွဲတွင် အဆိုတော်ဝိုင်းစုခိုင်သိန်း၊ ဂစ်တာ ပညာရှင်နိုင်ဇော်၊ The Trees Bands မှ ကိုဖိုးလ၊ Forever Blossom မှ ကိုပြည့်ဖြိုးဟန် တို့မှ ဂီတဖျော်ဖြေပွဲနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြပြီး စာနယ်ဇင်းများကိုယ်စား ဆရာအောင်သျှံဝိုင်း မှ အမှတ်တရ စကားပြောကြားပေးခဲ့သည်။

ဝိုင်းစုခိုင်သိန်း ၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို  OPPO က တစ်ဦးတည်းသီးသန့် စပွန်ဆာ ပေးသွားမည်ဖြစ်သည်။ထို့အပြင် O Fans (OPPO Fans) ပရိတ်သတ်များအတွက် ဝိုင်းစုခိုင်သိန်းက အထူးသီချင်းတပုဒ်ကို သီဆိုပေးသွားမည်ဖြစ်သည်။ OPPO အနေဖြင့်လည်း OPPO Myanmar Facebook စာမျက်နှာတွင် မတ်လ ၉ ရက်မှ မတ်လ ၁၅ ရက်နေ့အထိ မရပ်မနား မီနီဂိမ်းအစီအစဉ်များကိုပါ ပြုလုပ်ပေးထားပြီး ကံထူးသူများအနေဖြင့် ဝိုင်းစုခိုင်သိန်း၏ တစ်ကိုယ်တော်ဂီတဖျော်ဖြေပွဲလက်မှတ်ကို အခမဲ့ရရှိနိုင်စေမည်ဖြစ်သည်။

ဝိုင်းစုခိုင်သိန်း က ပွဲ နှင့်ပတ်သက်၍ ပြောပြရာတွင် “ ဝိုင်းစု ဒါ ပထမဦးဆုံး အကြိမ် လုပ်မည့်ပွဲဖြစ်လို့ အိပ်လို့လည်းမရပါဘူး၊ ညသန်းခေါင်လည်း အကတိုက်ချင်တိုက်နေရပါတယ်။ ဝိုင်းစု အစွမ်းကုန် ကြိုးစားထားပါတယ်။ပါဖောမန့်တွေနဲ့ အထူးတင်ဆက်မှာမို့ ဒီပွဲကို ဝိုင်းစု ရဲ့ အမာခံ ပရိတ်သတ်တွေလာစေချင်ပါတယ်။ မျက်နှာတွေကိုလည်း အားလုံးတွေ့ချင်ပါတယ် ” ဟု ပြောပြခဲ့သည်။

ဂစ်တာပညာရှင် ကိုနိုင်ဇော်(လေးဇီး ကလပ် )မှလည်း “ ကျနော်  ကြိုတင် ပြင်ဆင်ထားတာ သူ့အတွက် အကောင်းဆုံးတွေပါ။ စတီးကတည်းကကို တစ်ကိုယ်တော်ရှိုးဆိုလို့ရအောင်ကို တီးပေးထားတာပါ ” ဟုပြောကြားခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts