Yan Naung (Bo Ta Htaung) သတင်းပဒေသာ

ရန်နောင် (ဗိုလ်တထောင်) – ကိုကာကိုလာ၏ ပျော်ရွှင်ခြင်းခရီးစဉ်ကို ပဲခူးမြို့တွင် ကျင်းပပြုလုပ်ခဲ့

ရန်နောင် (ဗိုလ်တထောင်) – ကိုကာကိုလာ၏ ပျော်ရွှင်ခြင်းခရီးစဉ်ကို  ပဲခူးမြို့တွင် ကျင်းပပြုလုပ်ခဲ့
(မိုးမခ) မတ်လ ၁၀၊ ၂၀၁၅

၂၀၁၅ ခုနှစ် နှစ်စတွင် ကိုကာကိုလာသည် ပဲခူးမြို့သို့ ပျော်ရွှင်ခြင်းခရီးစဉ်ကို ပထမဦးဆုံးအကြိမ် ပြုလုပ်ခဲ့ရာ ထောင်ပေါင်းများစွာသောပရိတ်သတ်ကို နေ့လည်ခင်းတွင် ပဲခူးမြို့ ဖက်တန်းလမ်း မြို့တော်ခန်းမအနီးကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ကိုကာကိုလာ ခရီးစဉ်တိုင်းတွင် ဖျော်ဖြေနေကျဖြစ်သော အိမ့်ချစ်၊ မိစန္ဒီ၊ အမွန်းတို့မှ တေးသီချင်းများဖြင့် အားပါးတရ ဖျော် ဖြေပေးခဲ့ကြသည်။ ကိုကာကိုလာသည် မြန်မာနိုင်ငံမြို့များ၏ လမ်းမများထက်သို့ အထူးစီစဉ်ထားသည့်ကားများဖြင့် ထင် ရှားကျော်ကြားသော တေးသံရှင်များဖြစ်သည့် စိုင်းစိုင်းခမ်းလှိုင်၊ အိမ့်ချစ်၊ မိစန္ဒီ၊ ဘန်နီဖြိုး၊ အမွန်းနှင့် ဂျက်ဆန်ထွန်း တို့က ယမန်နှစ်က ဖျော်ဖြေခဲ့ကြသည်။ ယခုနှစ် ပဲခူးခရီးစဉ်တွင် စိုင်းစိုင်းခမ်းလှိုင်နှင့် ဘန်နီဖြိုးမှာ နိုင်ငံခြားခရီးစဉ်ကြောင့် လိုက်ပါ ဖျော်ဖြေနိုင်ခြင်းမရှိခဲ့ပေ။

“စားသုံးသူတွေရဲ့ အင်မတန်ကောင်းမွန်တဲ့တုန့်ပြန်မှုကြောင့် ကျနော်တို့ ကိုကာကိုလာ ပျော်ရွှင်ခြင်းခရီးစဉ်ရဲ့ တက်ကြွလန်း ဆန်းစေမယ့် အားလပ်ချိန် ခံစားမှု အတွေ့အကြုံတွေကို ဒီနှစ်မှာတော့ ပိုများပြားတဲ့ မြို့တွေဆီကို ယူဆောင်သွားမှာပဲ ဖြစ် ပါတယ်” ဟု ကိုကာကိုလာ မြန်မာ၏ ဈေးကွက်ဌာနမှူးဖြစ်သူ Mr. Rommel P. Fuentebella က ပြောပြသည်။ ယမန်နှစ်က တော့ မုံရွာ၊ ပြည်၊ တောင်ကြီး၊ ပုသိမ်မြို့နှင့် မန္တလေးမြို့များတွင် ပျော်ရွှင်ခြင်းခရီးစဉ်များ ပြုလုပ်ခဲ့သည်။

“ဒီပွဲကို လာကြည့်ဖို့ လက်မှတ်ဝယ်စရာမလိုပါဘူး။ Coca-Cola , Sprite သို့မဟုတ် Max+ ပလပ်စတစ်ဘူး အဖုံး (သို့မဟုတ်) သံဘူး (၆) ခုဖြင့် လာရောက်ကြည့်ရှုနိုင်ပါတယ်။ ဒီလိုလဲလှယ်တဲ့နေရာမှာလည်း အမျိုးအစားမတူသော အဖုံး၊ သံဘူးများကို ရောနှောလဲလှယ်နိုင်ပြီး တစ်ဦးလျှင် အများဆုံး လဲလှယ်နိုင်တဲ့အရေအတွက်ကိုတော့ ကန့်သန်ထားမှာဖြစ်ပါတယ်ဟု တာဝန်ရှိသူတဦးမှ ပြောပြခဲ့သည်။

ပျော်ရွှင်ခြင်းခရီးစဉ်ကျင်းပရာမြို့များတွင် ထားရှိသည့် လက်မှတ်လဲလှယ်ရာနေရာများကို စတိုးဆိုင်များနှင့် အများမြင်သာ သော နေရာများတွင် ကြော်ငြာပြီး ဖိတ်ခေါ်ခဲ့တာပါ ဟုလာ်းထပ်မံရှင်းပြခဲ့သေးသည်။

တေးသံရှင်  အိမ့်ချစ်ကလည်း “၂၀၁၄ ခုနှစ် ကိုကာကိုလာ ပျော်ရွှင်ခြင်းခရီးစဉ်ရဲ့ ရပ်နားရာနေရာတိုင်းမှာ ပါဝင်ခဲ့ရတာ အရမ်းပျော်ပါတယ်။ ပြီးတော့ ဒီနှစ်မှာလည်း ထပ်ပါဝင်ဆင်နွှဲရမှာမို့ ဂုဏ်ယူပါတယ်။ ပဲခူးမြို့က ပျော်ရွှင်ခြင်းခရီးစဉ်မှာ အိမ့် ချစ်ရဲ့ ပရိတ်သတ်တွေ ကိုကာကိုလာနဲ့အတူ ဂီတသံတွေ နေ့လယ်ခင်းမှာ ပျော်နေတာ မြင်ရတာ အရမ်းပဲပီတိဖြစ်ရပါတယ် ” ဟု ပြောပြခဲ့ပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts