Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

Play Boy သန်းနိုင် ၏ တစ်ကိုယ်တော်ရှိုးပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့

 

 Play Boy သန်းနိုင် ၏ တစ်ကိုယ်တော်ရှိုးပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့

 ရန်နောင်(ဗိုလ်တထောင်) မတ် ၄၊ ၂၀၁၅

 

စတီရီယိုအဆိုတော်များထဲတွင် ပလေးဘွိုင်သန်းနိုင်သည် ဆိုသက်ရှည် ဝါရင့် အဆိုတော်ကြီး တစ်ယောက်ဖြစ်ပါသည်ဟု ဆိုလျှင် မည်သူမျှ ငြင်းချက်မထုတ်နိုင်ပေ။သန်းနိုင်၏ သီချင်းများဖြင့် စတီရီယိုအဆိုတော်ဖြစ်လာကြသူများလည်း အများကြီးရှိပါသည်။ ပလေးဘွိုင်တီးဝိုင်းကို ထူထောင်ခဲ့သော  ပလေးဘွိုင်သန်းနိုင် သည် သူ၏ နာမည်ကိုလည်း အောင်မြင်အောင် ထူထောင်နိုင်ခဲ့သူဖြစ်သည်။ သူ၏ တစ်ကိုယ်တော်ပွဲကို အမျိုးသားဇာတ်ရုံတွင် နောက်ဆုံးပွဲ ဆိုပြီး ကြော်ငြာကာ ဖေဖေါ်ဝါရီ လဆန်းတွင် ကျင်းပပြုလုပ်နိုင်ရန် ပြုလုပ်ခဲ့သော်လည်း မော်တော်ယာဉ် မတော်တဆမှုဖြစ်သောကြောင့် ရက်ရွှေ့ဆိုင်းခဲ့ရသည်။  ယခုတော့ ဖေဖေါ်ဝါရီ (၂၈) ရက်နေ့တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီဖြစ်သည်။ 

 

ဦးသန်းနိုင် ၏ ဖျော်ဖြေပွဲတွင် ဗစ်တာခင်ညို၊ 

 

 

ဘိုဘိုဟန်၊ ခိုင်ထူး၊

 

 

ဇော်ဝင်းထွဋ်၊ဂျေမောင်မောင်၊ ဂျက်မြသောင်း၊ရင်ဂို၊ ဘိုဘို၊ ဇော်ထက်ဟန်၊ ဖရန်ကို၊ တင်အောင်မိုး၊ ပီတာဘသိန်း၊

 

 

ထွန်းထွန်း(Examplez) ၊ အယ်လ်ခွန်းရီ၊ မေဆွိ၊ စိမ်းမို့မို့၊ဟေမာနေဝင်း၊ကော်နီ၊ သျှီ၊ ယုဇန၊ အိုင်ရင်းဇင်မာမြင့် တို့က ဂုဏ်ပြုသီဆိုပေးခဲ့ကြသည်။

 

 ချစ်ကောင်း၊စည်သူလွင်၊ ဟဲလေး၊မေခလာ တို့က နေပြည်တော်ရောက်နေ၍ လာရောက်မသီဆိုနိုင်ခဲ့ပါ။ ရှင်ဖုန်းကလည်း ဘန်ကောက်တွင် ဆေးကုသမှု ခံယူနေသည့်အတွက် လည်းမလာနိုင်ချေ။ 

 

 

ဇော်ဝင်းထွဋ်က အမှတ်တရ စကားအနေနဲ့ ဤကဲ့သို့ ပြောခဲ့သည်။“ သန်းနိုင်မရှိရင် ဇော်ဝင်းထွဋ်ဖြစ်လာမှာမဟုတ်ပါဘူး ။ ဦးသန်းနိုင် သီချင်းတွေနဲ့ ကျနော် ဖြစ်လာတာပါ ” ဟုပြောပြခဲ့သည်။

 

မေဆွိကလည်း “ ကျမ ဆွေအေးမြင့် ဆိုတဲ့ကောင်မလေးကို  ပျဉ်းမနား နှစ်ကျိပ်ရှစ်ဆူပွဲမှာ ပလေးဘွိုင်းနဲ့ စင်တင်ပေးခဲ့တကြောင့် ဒီနေ့ မေဆွိ ဆိုပြီး ဖြစ်လာတာပါ။ ” ဟုပြောပြခဲ့သည်။

 

 

ဒရမ်ဆက် ငါးဝိုင်းဖြင့် ဒရမ်မာ ငါးဦးအပြိုင် တီးခတ်မှုကလည်းထူးခြားမှု ဖြစ်ခဲ့သည်။ 

 

 

ဦးသန်းနိုင်သည် ဂျစ်ပစီမိုးတိမ် သီချင်းသီဆိုရင် မျက်ရည်ကျသည်ကို သျှီက သုတ်ပေးသည်ကို မြင်ရသည်မှာလည်း ကြည်နူးဖွယ်ဖြစ်သည်။ ဦးသန်းနိုင် ပွဲ တွင် နောက်ဆုံးအပိတ်သီချင်းအဖြစ်  “ လမ်းဆက်လျှောက်မယ် ” သီချင်းအား သီဆိုကာ ပြီးဆုံးခဲ့သည်။ 

 

                                                                                       


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts