ကဗျာ ရန်လင်းအောင်

ရန်လင်းအောင် – သမိုင်းချင်း ယှဉ်ပစ်ရင် ဘယ်ငတေမှ မမာနိုင်ဘူး . . . . .

 ရန်လင်းအောင် – သမိုင်းချင်း ယှဉ်ပစ်ရင် ဘယ်ငတေမှ မမာနိုင်ဘူး   . .  . . .
(မိုးမခ) မတ် ၄၊ ၂၀၁၅

ရပ်ထဲရွာထဲ

သူ့ပိုက်ဆံနဲ့သူသောက်တယ်ဆိုပေမယ့်

မူးယစ်ရမ်းကားသူ အရက်သမားအတွက်

လောကဥပဒေ

ဓမ္မဥပဒေရှိသလို

ပြည်သူ့ဘဏ္ဍာ

ပြည့်သူ့အာဏာ

မသဒ္ဓါရေစာ သောက်စားပြီး

မိုက်ရိုင်းထွားကြိုင်း

မူးယစ်ရမ်းကားသူ

အာဏာရှင်လူတစ်စုတို့ရေ . . . .

 

ခင်ဗျားတို့

ကြိုက်ရာခေတ်မီလက်နက်

သွေးရူးသွေးတန်းဆွဲကိုင်ပါ

ပုဒ်ထီးပုဒ်မ ဂယောင်ဂတန်းစိတ်ကြိုက် ဆင်ပါ

ဉာဏ်နီ ဉာဏ်နက်

ဉာဏ်မဲ ဉာဏ်ကြောင်

ဉာဏ်ကလိမ် ဉာဏ်မှိန်

မီးကုန်ယမ်းသုံးလိုက်စမ်းပါ ။

 

ဆွေစဉ်မျိုးဆက် သွေးပျက်ဖွယ်

ခေါင်းမဖော်ရဲလောက်အောင်

အတိတ်ရိုင်းထဲ ခင်ဗျားတို့

ခွေခေါက် လဲပြို ကျန်ရစ်စေဖို့ ။

ယှဉ်ပစ်ရဲရင် ကျုပ်တို့က

သမိုင်းချင်း ယှဉ်ပစ်ရုံလေးပါ

သမိုင်းချင်း ယှဉ်ပစ်ရုံလေးပါ

သမိုင်းချင်း ယှဉ်ပစ်လိုက်ရုံပါ ။

(ဓာတ်ပုံ – ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်နဲ့ သပိတ်မှောက်ကျောင်းသားများ၊ လက်ပတန်း၊ ဖေ့စ်ဘွတ်ကနေ ကူးပါတယ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ရန်လင်းအောင် – သမိုင်းချင်း ယှဉ်ပစ်ရင် ဘယ်ငတေမှ မမာနိုင်ဘူး . . . . .

Comments are closed.