Han Thit Naing သတင်းပဒေသာ

တပ်မြေ မှော်ဘီမှာ တောင်သူလယ်သမား သမဂ္ဂ ဖွဲ့ပြီ

တပ်မြေ မှော်ဘီမှာ တောင်သူလယ်သမား သမဂ္ဂ ဖွဲ့ပြီ
ဟန်သစ်နိုင်၊ မိုးမခ၊ ဖေဖော်ဝါရီ ၁၁၊ ၂၀၁၅

ပထမဆုံးအကြိမ် မြို့နယ်တောင်သူလယ်သမားနှင့် စိုက်ပျိုးရေးသမဂ္ဂ ဖွဲ့စည်းခြင်းကို ရန်ကုန်တိုင်း မှော်ဘီမြို့နယ်ရှိ အမှတ် (၁)ရပ်ကွက် မှော်ဘီဆရာသိန်းလမ်း သာသနာ့အလင်းရောင်ကျောင်းတိုက်တွင် ဖေဖော်ဝါရီလ ၈ရက် နေ့က ပြုလုပ်ခဲ့သည်။

မှော်ဘီမြို့နယ်တွင် ရွာပေါင်း ၄၃ရွာရှိပြီး လက်ရှိတွင်  ရွာပေါင်း ၁၆ရွာ လူအင်အား ၃၀၀ကျော်ဖြင့် သမဂ္ဂစတင်ဖွဲ့စည်းခဲ့ကြောင်း၊ မှော်ဘီမြို့နယ်အတွင်းရှိ ရွာများမှ လယ်မြေများသည်လည်း တပ်နှင့် ကုမ္ပဏီများမှ ကျူးကျော်ဝင်ရောက်သိမ်းဆည်းထားသော လယ်မြေများရှိပြီး ယခုထိလျော်ကြေး တစ်စုံတရာမရရှိ သေးကြောင်း၊ ထိုရွာများရှိ တောင်သူများကိုယ်တိုင် သမဂ္ဂများတွင်ပါဝင်ခြင်းဖြင့် အမှန်တရားများကို ဖော်ထုတ် သွားမည်ဖြစ်ကြောင်း၊ သမဂ္ဂလူအင်အားတောင့်တင်းစေရန် ကျန်ရှိနေသေးသော ရွာများကို စည်းရုံးသွားမည် ဖြစ်ပြီး မြို့နယ်၊ ခရိုင်၊ တိုင်းအထိ တိုးပွားသွားအောင် ဆက်လက်လုပ်ဆောင်သွားမည်ဟု မှော်ဘီမြို့နယ် တောင်သူလယ်သမားနှင့် စိုက်ပျိုးရေးသမဂ္ဂ ဥက္ကဌ ဦးအေးသိန်းမှ ပြောသည်။

ဆက်လက်၍ “မတရားကျူးကျော်သိမ်းဆည်းထားသော လယ်မြေများကို အထက်မှပြန်ပေးခိုင်းတာ ကြာပြီ အောက်တွင်ဘာအသံမကြားရသေးဘဲ ထပ်ပြီးတောင်ကျူးကျော်တာတွေ ရှိနေသေးတယ်” ဟုပြော ပြသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts