စာစုတို

မောင်မောင်လတ် (ရွှေအင်းလေးစာပေ) – အရိုးသားဆုံး နှလုံးသားရဲ့  အလှတရား

မောင်မောင်လတ် (ရွှေအင်းလေးစာပေ) – အရိုးသားဆုံး နှလုံးသားရဲ့  အလှတရား
(မိုးမခ) ဖေဖော်ဝါရီ ၁၁၊ ၂၀၁၅

ထိုင်းမှိုင်းလေးလံနေတဲ့   အသိဥာဏ် ကတော့   ၁၉၇၈-၇၉ ခုနစ်..တနှစ်နှစ်ကို ညွှန်းဆိုနေရက်…..
ထိုနှစ်အချိန်  ထိုကာလ နေ့ ရက်တရက်ရက် မှာ  စစ်ရဟတ်ယာဉ်တစီး….
မြို့ ရဲ့   အနီးဆုံး တပ်ရင်း ၉၉ ဆီ ဆင်းသက်လာခဲ့ တာကို. အညိုရောင်နယ်မြေအဖြစ်သတ်မှတ်ခံရတဲ့ 
မြို့   လွိုင်လင် အဖို့     ထူးထူးခြားခြား သတိမထားမိခဲ့ ..၊
လုပ်ရိုးလုပ်စဉ် ဆင်းသက်နေကြမို့   တကူးတက ပြောစရာမရှိ    တွေးစရာမရှိ……၊၊

စစ်ကားတန်းရှည် တွေ  ဝင်လိုက်  ထွက်သွားလိုက်…….
မြို့ သူမြို့ သားတွေ  သွားလိုက်  လာလိုက်…..
အနီးဆုံး တပ်ရင်း၁၂ နဲ့  တပ်ရင်း၉၉ က  ပုံမှန် အေးအေးဆေးဆေး…
ပကတိ မြို့ သူ မြို့ သားတွေက  အမြဲ ငြီမ်းငြီမ်းချမ်းချမ်း……..
အတူနေထိုင်လာတဲ့   ရှမ်း..ပအိုပ့် ..တောင်ရိုး…အစရှိတဲ့  တိုင်းရင်းသားပေါင်းစုံတွေက
အခြား  အခြားသော ဘာသာ လူမျိုးတွေ နဲ့ လည်း  တရင်း တနှီး ခင်ခင်မင်မင်…….၊
တယောက်နဲ့ တယောက်ကြား   ဘာဆို ဘာမှ မရှိ ……
တဖွဲဖွဲ ကျနေတဲ့  ဒီဇင်ဘာနှင်းတွေကို  တပ်မက်တာအတူတူ…..
အေးစက်စက် လေတိုက်ခိုက်ပေးတဲ့  မြို့ ရေကန်ကြီးကို   ခုံမင်တာအတူတူ….
မောပန်းအနွမ်းဖြေရနံပေးပေးနေတဲ့  ထင်းရှူးပင်ကြီးတွေကို   စွဲလန်းတာအတူတူ…
နှင်းပွင့် တွေနဲ့ အပြိုင်  လှပနေတဲ့  ချယ်ရီပန်းကလေးတွေကို   ရင်ခုန်တာအတူတူ….
အဲဒါတွေ  အဲဒါတွေ နဲ့   ကာရံဖွဲ့  လှပနေတဲ့   မြို့ လွိုင်လင် ကိုတော့      အချစ်ဆုံးပေါ့ ……..

ခေတ်ကာလ အပြောင်းအလဲ    လူနေမှုစံနစ်အရွှေ့ တွေကြောင့် ……
အခြေအနေအရ  အဝေးတနေရာကို ရောက်နေပေမဲ့ လည်း
သူတို့  အားလုံးရဲ့  ရင်ထဲမှာတော့    မြို့ လွိုင်လင်ကို  ချစ်တယ်  သတိရတယ် လွမ်းတယ် ….
ဆိုတာတော့   မလွဲဧကန်..ခိုင်မြဲတဲ့  သစ္စာတရားတခု…..၊
ဝင်သက် ထွက်သက် အလိုက်    သတိရနေတယ်……
စက္ကန့် အလိုက်   လွမ်းနေတယ်…..
မိနစ်အလိုက်   အောင်းမေ့ နေတယ်…..
နာရီအလိုက်  တမ်းတနေတယ်….
နေ့  အလိုက်  ရင်နင့် နေတယ်
လတွေ  နှစ်တွေ  အခြေအနေတွေ  ဘယ်လိုဘဲ ပြောင်းပြောင်း…
ဇာတိ ချက်ကြွေ မွေးရပ်မြေ မြို့ ကလေး အပေါ်တော့   ရင်ခုန်တာ တလျှပ်လျှပ်…တဖျပ်ဖျပ်…
ခံစားချက်တွေက  ရှ တ တ………………………၊၊

အရေး  အတွေး ခံစားချက်တွေနဲ့  မျက်နှာချင်းဆိုင်   လက်တွေ့  …သက်သေ ပြချက် တခုကို
အဝေးရောက် လွိုင်လင် မြို့ သူ မြို့ သား….အတူတူ  နေထိုင်ကြီးပြင်း..အတူတူပညာသင်လာခဲ့ တဲ့ 
နီပါလီဂေါ်ရခါး လူငယ်မောင်မယ်တွေက  ကောင်းမှု့ ကုသိုလ် ဒါနတခု နဲ့  သက်သေထူ ပြလိုက်တာ
မနေ့ တနေ့ က……..၊ ထင်ထင်ရှားရှား  …..၊လှလှပပ…….၊၊

မေတ္တာခြုံလွှာ နာမူကူညီရေးအသင်းက  ကြီးမှူးဆောက်လုပ်နေတဲ့ မီးသဂြိုလ်စက်..
တရားနာဇရပ် စောင်းတန်းအတွက်  သူတို့ ရဲ့   ချွေး သွေး  တနင့် တပိုး လုပ်အားတွေနဲ့ စိုက်ထုတ်
ရလာတဲ့  ဖြူစင်တဲ့ လုပ်အားခတွေ   တနိုင်တပိုင် စုပေါင်းလှူဒါန်းခဲ့ တာဟာ..
ချစ်ခြင်းမေတ္တာရဲ့ သရုပ်..ဖြူစင်တဲ့ နှလုံးသားရဲ့  အလှတရားတွေပါဘဲ….
တမြို့ ထဲနေ  တရေထဲသောက်  အတူ ကြီးပြင်း ပညာသင်လာခဲ့ ကြတဲ့ သူတို့ အားလုံး
စိတ်အလှချင်း ပြိုင်နေသလို  …….၊
အရောင်ပေါင်းစုံတဲ့   အေးမြတဲ့  သန့် ရှင်းတဲ့   ရိုးသားတဲ့   စိတ်ထားအလှတွေ
မြို့ လွိုင်လင်အပေါ်  နေမင်းနဲ့ အပြိုင်   လမင်းနဲ့  အတူ ထွန်းလင်းတောက်ပနေပါရော့ လား…….၊
တောက်ပတဲ့ အလင်းရောင်နဲ့ အတူ  နှင်းပွင့် တွေကလဲ    ငွေရောင် တလက်လက်……..၊၊

သူတို့ ချစ်တဲ့   တွယ်တာတဲ့ မြို့ ..သူတို့  ယုံကြည်ရာ ဘာသာတရားအတွက်…သူတို့ က  လက်မနှေး ၊
သဒ္ဒါကြည်ဖြူင်္စွာဖြင့်    အဝေးကနေ  သတိတရ တကူးတက လှူဒါန်းတာတွေကို
တစိမ့် စိမ့် ခံစား ကြည်နူးရင်း……
တချိန်  တခါက  နီပါလီလူငယ်မောင်မယ်တွေ  မသိ မမှီလိုက်တဲ့  အဖြစ်ကလေးတခု..
ကြုံကြိုက်တိုင်း    တိုက်ဆိုင်မှုရှိတိုင်..တခုတ်တရ ပြောပြောဖြစ်တဲ့   ဇာတ်လမ်းလေးတခု…
ပြန် အစကောက်ရရင်ဖြင့် ………….၊၊

ညနေတိုင်း  ပုံမှန်ထိုင်နေကြ သူငယ်ချင်း ကိုခင်မောင်စိန်  အိမ်က  ဆေးခန်းထဲ  …
ဘဏ်မန်နေဂျာ ရောက်လာတော့   လူစုံသွားပါပြီ….၊
ဆေးခန်းရှင် ဒေါက်တာထွန်းအောင် ၊အမှန်တရားအတွက်  ပြည်နယ်ဒု မန်နေဂျာအဆင့် ကနေ
ခရိုင်စိုက်ပျိုးရေးမန်နေဂျာအဖြစ် ရာထုးလျှော့ ကျပြီး ရောက်လာသူ စိုက် မန်နေဂျာဦးထွန်းကြည် ၊
သူငယ်ချင်း ကိုခင်မောင်စိန် နဲ့ အတူ  ဘဏ် မန်နေဂျာ တို့ နဲ့ က  ညနေတိုင်း ဆုံနေကြ……၊
နိုင်ငံရေး ၊ စီပွားရေး ၊လုမူရေး ရှုဒေါင့်  အစုံစုံ  ပြောစရာ အဖုံဖုံ နဲ့  နေ့ စဉ်မပြတ်……….၊
နောက်ဆုံးက ရောက်လာတဲ့  ဘဏ် မန်နေဂျာက  ရောက်ရောက်ချင်းပါဘဲ..
” ခင်ဗျားတို့  ကြားပြီးပြီလား..? ” ဆိုတဲ့  အမေး ကို  စမေးမေးပြီးချင်း…..
သူ့ အမေးကို  သူဘဲ  ပြန်ဖြေ…ဇာတ်စုံခင်းသွားတာကတော့ ………..ဒီလိုပါ…..၊၊

အဲဒီနေ့   အဲဒီအချိန် ဆိုတာက  စစ်ရဟတ်ယာဉ်  ဆင်းသက်လာပြီး တခဏတာအတွင်း….
စစ်အရာရှိတစု လွိုင်လင်ဘဏ်ထဲ ရောက်လာခဲ့ ပါတယ်….
အသင့် ပါလာတဲ့ ဓါတ်ပုံတပုံပြ ..မေးမြန်း   ကိုယ်ရေးရာဇဝင်လျှောက်လွှာတောင်းကြည့် တာ မက
လူပါခေါ်တွေ့  စစ်မေးပြီး…ခဏခေါ်ဆောင်သွားဖို့  ဘဏ်မန်နေဂျာ ကို အသိပေးခဲ့ တာ…အထိ တော့ 
ဇာတ်လမ်းက ရိုးရိုးစင်းစင်း…၊ဘဏ်မန်နေဂျာနဲ့ ဝန်ထမ်းတွေကလဲ အေးအေးဆေးဆေး…၊
သူတို့ နဲ့ အတူ လိုက်ပါသွားတဲ့  ဘဏ်အစောင့် ဝန်ထမ်းအိုကလဲ  ရိုးရိုးအေးအေး…..၊
အလုပ်တခုကိုသာ အာရုံစိုက် ကျိုးစားအလုပ်လုပ်တဲ့ ..အစောင့် ဝန်ထမ်းအိုတယောက်ကို
နူးနူးညံညံ ပြုံးပြုံးရွှင်ရွှင် ခေါ်သွားပုံထောက်တော့    တခြား ဘာမှ ပြသာနာ မရှိနိုင်….၊
အရင်ဝန်ထမ်းဘဝအတွက်  မေးစရာရှိတာတွေ မေးနိုင်ဖို့ ပါဘဲ  ရယ်လို့   …
ဖော့ တွေး..ဖြည့် တွေး ရင်း အမှတ်တမဲ့  မေ့လျှော့  ရင်း….
ရက် အနည်းငယ်ကြာတော့ …အဲဒီ ဘဏ်အစောင့်  ဝန်ထမ်း  အလုပ် ပြန်ဆင်းလာပါတယ်…၊၊

ရက်အတန်ကြာ အလုပ်မဆင်းနိုင်တဲ့  အပေါ် ..နေ့ စားလရှင်း ဝန်ထမ်းတယောက်ရဲ့  အလုပ်ပျက်ရက်
အပေါ်  တာဝန်ရှိသူ မန်နေဂျာ က ရုံးလုပ်ထုံး လုပ်နည်းအရ  မေးမြန်းရာအစ……
အလန့် တကြား  မျက်လုံး မျက်ဆံပြူးဖြစ်သွားစေတာက……………….
“ကျနော် နီပေါနိုင်ငံ ရောက်သွားခဲ့ တာပါ  ” ဆိုတဲ့ သူ့  ရဲ့  အဖြေစကားပါဘဲ…………၊၊

အဲဒီအချိန်  အဲဒီကာလ  နိုင်ငံတော်သမ္မတကြီး ဦးနေဝင်းက   နီပေါနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အတွက်
တချိန်က သူ့ နဲ့ ပတ်သက် ထိတွေ့ ..ကျေးဇူးရှိခဲ့ တဲ့    နီပေါအမျိုးသား စစ်မှုထမ်းဟောင်းတွေ..
တပြုံတမကြီးကို  နိုင်ငံအနှံ ကောက်သင်းကောက်  လိုက်ရှာပြီး ခေါ်ဆောင်သွားတဲ့ အထဲ..
အဲဒီ ဘဏ်အစောင့်  ဝန်ထမ်းအိုကြီးက   ဗိုလ်ချုပ်ကြီးတဖြစ်လဲ  သမ္မတကြီးရဲ့   သင်တန်းဆရာ…
ကျေးဇူးရှင်ဆရာသမားအိုကြီးကို  မရမက ရှာဖွေ..သတိတရ ကျေးဇူးတုံပြန် ခေါ်ဆောင်သွားပါတယ်တဲ့ ဗျား..
နိုင်ငံတော်သမ္မတကြီးရဲ့  ရှားရှားပါးပါး  ချစ်စရာ ကောင်းတဲ့  အပြုအမူ ဆိုရင်လဲ မမှားနိုင်…….၊
အဲဒီလိုနဲ့   အဖိတ်ကြားခံ သမ္မတရဲ့  အထူးအဖွဲ့ ဝင်တယောက်အနေနဲ့   သူရဲ့ နိုင်ငံကို လှည့်  လည် ၊
ဘုရားတွေ ဖူးခဲ့ ရ  အစပြောပြခဲ့ တာကို ဝမ်းသာ အားရ..၊ ကျေနပ် ၊ ဂုဏ်ယူ ရတာ အလွန်……
နောက်ထပ်  မယုံချင်စရာ  တအံ့တသြ ထပ်ကြုံရတာက………..
အငို ပြီးရင် အပြုံး ……..နေ့  ပြီးရင်ည  ….အတက်ပြီးရင် အဆင်း…..ဆိုသလိုပါဘဲ…….၊၊

နိုင်ငံတော်သမ္မတခရီးစဉ်နဲ့ ပြန်ရောက်လာတဲ့  နီပေါ စစ်မှုထမ်းဟောင်း ကြီးက
ရောက်ပြီးနောက်တနေ့ …အီမ်မှာ ချက်စရာ ဆန်မရှိတော့ လို့   ပတ်ဝန်းကျင် မှာ…
ခေတ္တ ချေးဌားနေတာ ကြားရတော့   လူတွေက  အထိပ်တလန့်  မေးခွန်းတခု မေးလိုက်တာကို
“တော်ပြီလေ..နိုပေါနိုင်ငံကိုရောက်ဖူးရတယ်  ဘုရားလဲ ဖူးရပြီဘဲ  …..
ဘာမှ မလိုအပ်ပါဘူး ” လို့  အဖြေပေးလိုက်ပါတယ်တဲ့ ဗျား………၊
“ဒါနဲ့  ခင်ဗျားသားတယောက်ရဲ့   မသန်စွမ်းပင်စင်ကိစ္စကော..? ”  လို့ မေးလိုက်တဲ့ 
ဒုတိယမေးခွန်းရဲ့  အဖြေကလဲ…………  “ဟင့်အင်း …”  ၊
ဝိုင်းမေးကြသူတွေ တုန့် ပြန်လိုက်တာကလဲ  တခွန်းထဲပါဘဲ………
“သြော်…..”  ……………………၊၊

ရိုးသားကြိုးစားမှု  ၊၊   သစ္စာတရားကိုမြဲမြဲမံမံ မယိုင်မလဲစောင့် ထိန်းတတ်မှု ၊
ပေးအပ်လာတဲ့  တာဝန်ဝထ္ထရားတွေကို  ဦးသုန်မလည်ကျေပွန်အောင် ထမ်းဆောင်နိုင်မှု
အကျင့် စရိုက်တွေအပြည့် ရှိတဲ့   နီပါလီ ဂေါ်ရခါးစစ်သားဟောင်းကြီးရဲ့ 
ရိုးရိုးတွေး….ရိုးရိုးကျင့် ကြံ….ရိုးရိုးရှင်းရှင်း နေထိုင်တတ်တဲ့ သဘောသဘာဝကို
အတုယူစရာ…လမ်းပြမီးရှူးတန်ဆောင်လို…ခံယူကျင့် သုံးရမည်သာ  ဟု၍……..

ပင်ကိုယ် ရိုးသားခြင်း၊ သစ္စာရှိခြင်း ၊အမိန့် ကိုကျိုးနွံခြင်း ၊ရဲစွမ်းသတ္တိပြည့် စုံခြင်း.၊
ဇွဲလုံးလ ဝီရိယရှိခြင်း.အစ အစရှိတဲ့  အရည်အချင်းပြည့် စုံတဲ့   သူတွေအဖို့ 
ဂုဏ်ပြုစံ နမူနာအဖြစ်  ယနေ့  ဗြိတိသျှ ဘုရင်မကြီးအတွက်…
အနီးကပ် လုံခြုံရေးအတွက်  တပ်ခွဲတခွဲကို  နီပါလီဂေါ်ရခါးစစ်သားသက်သက်ဖြင့် 
ဖွဲ့ စည်း တာဝန်ပေးထားခြင်းကို  ညွှန်းဆိုသက်သေထူနိုင်ပါတယ် ..
ဂုဏ်ယူဝင့် ကြွားနိုင်ပါတယ်……..၊၊

အဲဒီလို စာဖွဲ့ ရလောက်အောင်…ရိုးသားတဲ့   ကြီုးစားတဲ့   .သစ္စာရှိတဲ့ သူတွေရဲ့ 
မေတ္တာတရားဟာလဲ  စံထားရမဲ့  ဂုဏ်ပုဒ် နဲ့ အညီ…ထပ်တူ တပ်မျှ ကြီးမားလှတယ်ဆိုတော့ 
အဝေးရောက် နီပါလီ ဂေါ်ရခါးလူငယ်မောင်မယ်တွေက  အလုပ်နဲ့  သက်သေထူလိုက်ပါပြီ…
သူတို့ တတွေရဲ့  ခင်မင်ရင်းနှီးမှု ၊ချစ်ခင်မှု ၊ အတူတူပူးပေါင်းလက်တွဲတတ်မှု တွေရဲ့ 
ရောင်ပြန်အလင်းတန်း..ပင်ရယ်လို့  ဆိုလျှင်   လွန်မည်မထင်..၊ပိုမည်မထင်…၊လို၍သာရှိနေပါအုံးမည်သာ..၊၊

ရိုးရိုးအေးအေး ပကာသနမရှိ ၊ အခွင့် အရေး အခွင့် ထူးမမျှော်လင့်  ၊ရတာလေးကို တင်းတီမ်ရောင့်ရဲနိုင်တဲ့ 
နီပါလီဂေါ်ရခါးစစ်သားဟောင်းကြီးလို…..ရတာလေးနဲ့ စား  ရှိတာလေးကို သဒ္ဒါတရား ကြည်ဖြူစွာနဲ့ ..
ပေးပို့ လှူတန်းခဲ့ တဲ့  အဝေးရောက်  နီပါလီဂေါ်ရခါးလူငယ်မောင်မယ် အားလုံး   ..
ကျမ်းမာရွှင်လန်းကြပါစေ……
လိုရာပန်းတိုင်ကို အခက်အခဲမရှိ ရောက်နိုင်ပါစေ…

မောင်မောင်လတ်
(ရွှေအင်းလေးစာပေ)၊

Photo – Aung Htet


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts