ကဗျာ ကျော်ဟုန်း

ကျော်ဟုန်း – အဆိုအမိန့် 

ကျော်ဟုန်း – အဆိုအမိန့် 
(မိုးမခ) ဖေဖော်ဝါရီ ၁၀၊ ၂၀၁၅

အို … ကမ္ဘာ့ပြည်သူအပေါင်းတို့ 
ကမ္ဘာ့လူငယ်အပေါင်းတို့  …

ဖိနှိပ်သူတွေရဲ့ ဥပဒေဟာ
လိုအပ်ချက်တွေ ပြည့်နှက်နေမယ်။

အာဏာရှင်နဲ့ အစွန်းရောက်တို့ မှာ
မတရားခြင်း၊ တဖက်သတ်ဆန်ခြင်း
ဦးထိပ်ထားမြဲ။

မတရားသူတွေကို တိုက်ခိုက်ခြင်းဟာ
တရားတဲ့ဥပဒေကို ကာကွယ်ခြင်း။

အာဏာရှင်နဲ့ အစွန်းရောက်ဟာ
လူမိုက် အကြီးစား။

ခေါင်းငုံခံသူရှေ့မှာ
လူမိုက်ဟာ ကျား၊
လက်တုံ့ ပြန်သူရှေ့မှာ
လူမိုက်ဟာ နွား။

အများကြိုက် ဥပဒေကို
အများက ပြဌာန်းမြဲ၊
အများကြိုက် ဥပဒေဆိုတာ
အ ဝိရောဓနာ
အဲ့ဒါ … ဒီမိုကရေစီ။

ဒီမိုကရေစီ ကာကွယ်ရင်
အများပိုင်ကို ကာကွယ်ခြင်း
အမြဲတမ်း တရားတယ်၊
ဘယ်သူ့ ဆီမှ ခွင့်ပြုချက် မလို။   ။

ကျော်ဟုန်း
ဖေဖော်ဝါရီ၊ ၈ ၊ ၂၀၁၅ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts