ဓာတ်ပုံသတင်း ရေခြားမြေခြား မြန်မာများ

ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်မွေးနေ့ အထိမ်းအမှတ် အခမ်းအနား နယူးယောက်မှာ ကျင်းပ


 

 ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်မွေးနေ့ အထိမ်းအမှတ် အခမ်းအနား နယူးယောက်မှာ ကျင်းပ
(ကိုမျိုး ဂရပ်ဖစ်) ဖေဖော်ဝါရီ ၁၀၊ ၂၀၁၅

အမေရိကန်ပြည်၊ နယူးယောက်မြို့၊ အမျိုးသားခေါင်းဆောင်ကြီး ရဲ့ နှစ်(၁၀၀)ပြည့် မွေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ဖေဖေါ်ဝါရီလ ၇ ရက်၊ စနေနေ့ နံနက် ၁၀ နာရီ မှ ညနေ ၅ နာရီခွဲ အထိ အမေရိကန်ပြည်၊ နယူးယောက်မြို့၊  P.S. 12 James B Colgate, 42-00 72nd Street, Woodside NY 11377. စာသင်ကျောင်းမှာ စည်ကားသိုက်မြိုက် အောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်။

 

နယူးယောက်မြို့၊ မြို့မိမြို့ဖ မြန်မာပြည်ဖွား တိုင်းရင်းသားမိသားစု၊ မျိုးဆက်ဟောင်း မျိုးဆက်သစ် ကလေးငယ်များနှင့်
ဝါရှင်တန်ပြည်နယ်၊ မေရီလန်းမြို့ “သပြေညို မြန်မာစာသင်ကျောင်း” မှ မြန်မာပြည်ဖွား မျိုးဆက်သစ် ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူကလေးများ၏ ကဗျာရွတ်ဆိုခြင်း၊ သီချင်းသီဆိုခြင်း၊ သရုပ်ဖော်ပြဇာတ် ဖျော်ဖြေတင်ဆက်မှုများနှင့် အတူ နယူးယောက် မြို့မိမြို့ဖ မြန်မာပြည်ဖွား တိုင်းရင်းသား မိသားစုများမှ ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀)ပြည့်မွေးနေ့ အထိမ်းအမှတ်လှူဒါန်းကြသော မြန်မာ့ရိုးရာစားဖွယ်စုံလင်စွာများကို ခန်းမဝင်ကြေး ရန်ပုံငွေ ၁၅ ဒေါ်လာဖြင့် ကြွရောက်လာ ဧည့်ပရိဿတ်များအား အရသာရှိသော မြန်မာ့ရိုးရာ စားဖွယ်ရာစုံလင်စွာဖြင့် စတုဒီသာတည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြပါသည်။

 

မြန်မာပြည်ဖွား တိုင်းရင်းသား မိသားစုများမှ လှူဒါန်းကြသော ရောင်းချရ ရန်ပုံငွေများမှ ဗိုလ်ချုပ်အောင်ဆန်းရာပြည့်မွေးနေ့ အတွက် ဘုရားအမှူးပြုရည်စူးပြီး ပင့်ဖိတ် သံဃာတော် အသျှင်သူမြတ်(၈)ပါး တို့အား နဝကာမဝတ္ထုငွေများ၊ ဆွမ်းများဆက်ကပ်လှူဒါန်းခြင်း၊  ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အမှတ်တရ ပန်းချီ အောင်ကျော်မိုး၊ ပန်းချီသန်းဋ္ဌေးမောင်၊ ပန်းချီ အောင်ဇော်ထွန်း၊ ပန်းချီ ချောအိသိမ်း၊ ပန်းချီဒီဇိုင်း ကိုမျိုး၊ ပန်းချီ ကြိုင်လင်းနိုင်၊ ပန်းချီ မင်းကျော်ခိုင် နှင့် စာရေးဆရာ မောင်စွမ်းရည် တို့၏ ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀)ပြည့်မွေးနေ့ အမှတ်တရ ပန်းချီကားများ၊ ဓါတ်ပုံများ၊ ဒီဇိုင်းများပြသခြင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ဦးတင်ဦး မှ ပေးပို့သော ဗိုလ်ချုပ်အောင်ဆန်း တိုင်းပြည်အတွက် ဗိုလ်လောင်းသင်တန်းဆင်းပွဲ အရေးကြီး သြဝါဒမိန့်မှာကြားချက် တွေ့ကြုံဆုံခဲ့ရပုံ ရုပ်သံဗွီဒီယိုမှတ်တမ်းပြသခြင်း၊  ဗိုလ်ချုပ်အောင်ဆန်း အစ်ကို ဦးဘဝင်း ၏ သားဖြစ်သူ စင်ပြိုင်အစိုးရဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ဦးစိန်ဝင်း မှ ဗိုလ်ချုပ်ရာပြည့်မွေးနေ့အမှတ်တရ အမှာစကားမိန့်ခွန်းပြောကြားပေးခြင်း၊ စာရေးဆရာ၊ ကဗျာဆရာကြီး မောင်စွမ်းရည် မှ လည်း ကျေးဇူးတင်အမှာစကား မိန့်ခွန်းပြောကြားပေးခြင်း၊ ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀)ပြည့်မွေးနေ့ အထိမ်းအမှတ် အခမ်းအနားအတွက် ဒေါ်အောင်ဆန်းစုကြည် မှ ပေးပို့်သော သဝဏ်လွှာစာတမ်းဖတ်ကြားခြင်း များဖြင့် စည်ကားသိုက်မြိုက် အောင်မြင်စွာကျင်းပနိုင်ခဲ့ကြပါသည်။

 

 

နယူးယောက်မြို့ ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀)ပြည့်မွေးနေ့ အထိမ်းအမှတ် အခမ်းအနားကို နယူးယောက်ပြည်နယ် အနီးနားတဝိုက် မြို့၊ ပြည်နယ်များမှ မြန်မာပြည်ဖွား တိုင်းရင်းသား မိသားစုပေါင်း ၃၀၀ကျော်ခန့် လာရောက်အားပေးချီးမြှင့်ခဲ့ကြပါသည်။ ဗိုလ်ချုပ်ရာပြည့်မွေးနေ့အထိမ်းအမှတ်ရန်ပုံငွေ တီရှပ်များ၊ ပို့စ်ကဒ်များရောင်းချခြင်း၊ ဆန်ဖရန်စ္စ္စကိုမြို့မှပေးပို့လှုဒါန်းသော အလွမ်းပြေပဲပြုတ် ရောင်းချရ ရန်ပုံငွေများအားလုံးစုစုပေါင်း မှ အသားတင်ငွေသား ဒေါ်လာ ၄၈၀၀ ရန်ပုံငွေအား ဒေါ်အောင်ဆန်းစုကြည် မှတဆင့် ဗိုလ်ချုပ်အောင်ဆန်းဇနီး ဒေါ်ခင်ကြည် ဖေါင်ဒေးရှင်းသို့ ပေးအပ်လှုဒါန်းသွားမည်ဖြစ်ပါသည်။

 

 

 

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts