စာစုတို

အရှင်စန္ဒိမာ (မွန်စိန်တောရ) – အောင်ဆန်းစိတ်ဓါတ်


အရှင်စန္ဒိမာ (မွန်စိန်တောရ)  – အောင်ဆန်းစိတ်ဓါတ်
(မိုးမခ) ဖေဖော်ဝါရီ ၁၀၊ ၂၀၁၅

လောကမှာ အကောင်းနဲ့အဆိုးဟာ ဒွန်တွဲနေတာ သဘာဝပါ။

ဘဝအခက်အခဲ ဆင်းရဲမွဲတေမှုကြောင့် ကိုယ်ကျင့်သီလပျက်စီးမှုဆီ ဦးတည်သွားနိုင်သလို လုပ်ပိုင်ခွင့်အာဏာနဲ့ ချမ်းသာကြွယ်ဝမှုကြောင့်လည်း ကိုယ်ကျင့်တရားဖေါက်ပြားသွားမှုတွေ ရှိနေပါတယ်။

ဘဝအခက်အခဲ ဆင်းရဲမွဲတေမှုကြောင့်ပင် ကြံ့ကြံ့ခံနိုင်တဲ့ စွမ်းရည် ကာယစွမ်းအား ဉာဏစွမ်းအားတွေကို ညှစ်ထုတ်အသုံးပြုနိုင်တဲ့ အခြေအနေတွေ ပေါ်ပေါက်လာစေသလို လုပ်ပိုင်ခွင့်အာဏာ၊ နာမည်ကျော်ကြားမှုနဲ့ ချမ်းသာကြွယ်ဝမှုကြောင့် မြင့်မြတ်တဲ့ လူသားအကျိုးပြု ပရဟိတလုပ်ငန်းတွေကို လုပ်ဆောင်ဖို့ အခွင့်အလမ်းတွေ ရရှိလာစေပါတယ်။

အစိုးရအာဏာရှိသူတွေဟာ အကြီးမားဆုံး လူသားအကျိုးပြုလုပ်ငန်းတွေကို လုပ်ဆောင်ဖို့ အခွင့်အလမ်းရှိကြသူတွေ ဖြစ်ပါတယ်။

ပညာရှိသူတော်ကောင်းများအဖို့ သန္တိသုခချမ်းသာမြတ်ဆိုတဲ့ ခရီးဆုံးပန်းတိုင်ကို သွားရောက်ရန် လူ့ဘဝကို အသုံးပြုစရာ ယာဉ်တခုအဖြစ်သာ သဘောထားကြပါတယ်။ ယခုရရှိထားတဲ့ လူ့ဘဝဆိုတာ ရှည်လျားလှတဲ့ သံသရာခရီးနဲ့နှိုင်းယှဉ်ရင် အလွန်တိုတောင်းလှတဲ့ အစိတ်အပိုင်းကလေးတခုမျှသာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းဟာ လက်ရှိလူ့သက်တမ်းရဲ့ သုံးပုံတပုံမျှသာ အသက်ရှင်သန်ခွင့် ရရှိခဲ့ပေမယ့် နိုင်ငံနဲ့ နိုင်ငံသားများအတွက် သူ့ရဲ့ လုပ်ဆောင်ခဲ့မှုတွေကတော့ အံ့မခန်း ကြီးမားလှပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရာပြည့်နှစ် ၂၀၁၅ ခုနှစ်မှာ တပ်မတော်သားများအပါအဝင် တိုင်းရင်းသားပြည်သူလူထုတရပ်လုံး ဗိုလ်ချုပ်ရဲ့ စိတ်ဓါတ်နဲ့ လုပ်ဆောင်ချက်များကို အောက်မေ့အမှတ်ရလျှက် ဗိုလ်ချုပ်ထားခဲ့တဲ့ မြင့်မြတ်တဲ့ စိတ်ဓါတ်အမွေကို ရယူပိုင်ဆိုင်ကာ လက်တွေ့ကျင့်သုံးနိုင်ကြပါစေ။

အရှင်စန္ဒိမာ (မွန်စိန်တောရ)

သရုပ်ဖော် – မောင်စွမ်းရည်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts