Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

စာရေးဆရာမ ယုဒါ ၏ သူ၏ချစ်သူနှင့် အချစ်ဝတ္ထုရှည်များ စာအုပ်သစ်မိတ်ဆက်

စာရေးဆရာမ ယုဒါ ၏ သူ၏ချစ်သူနှင့် အချစ်ဝတ္ထုရှည်များ စာအုပ်သစ်မိတ်ဆက်
ရန်နောင်(ဗိုလ်တထောင်)၊ မိုးမခ၊ ဖေဖော်ဝါရီ ၈၊ ၂၀၁၅
 
စကါးဝါမြေအနုပညာရပ်ဝန်း မှ စီစဉ်တင်ဆက်သော စာရေးဆရာမ ယုဒါ ၏ သူ၏ချစ်သူ နှင့် အချစ်ဝတ္ထုရှည်များ စာအုပ်မိတ်ဆက်ပွဲ ကို ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်း(အောက်) ရှိ ဟုမ်း မီဒီယာခန်းမ တွင် ဖေဖေါ်ဝါရီလ (၇)ရက် စနေနေ့ နေ့လည်(၁) နာရီက ကျင်းပပြုလုပ်ခဲ့သည်။ 
 
ရှေးဦးစွာ ကဗျာဆရာ အောင်ဇင်မင်း၊ စာရေးဆရာကြည်မင်း တို့မှ မုဒိတာစကားပြောကြားပြီး 
ဆရာမ ကြည်မွေ့အိမ် မှ ကဗျာရှည်တစ်ပုဒ်ရွတ်ပေးခဲ့သည်။
 ထို့နောက် ဆရာ ဒေါက်တာလွဏ်းဆွေ မှ အမှတ်တရစကားများပြောကြားခဲ့သည်။
 
စာရေးဆရာမ ယုဒါ သည် ဇင်လေးသီတာ(လားရှိုး) ကလောင်အမည်ဖြင့် ၁၉၈၉ ခုနှစ် ရောင်စုံသုခုမ မဂ္ဂဇင်းမှ “ ရင်ခုန်သံအဆုံးသတ်” ဝတ္ထုတို ၊ ယုဒါ ကလောင်အမည်ကို ၁၉၉၇ ခုနှစ် မတ်လ၊ မြားနတ်မောင် မဂ္ဂဇင်းမှ စတင်မွေးဖွားသည်။ “ ကြာတပွင့်ရဲ့ ဒဏ္ဍာရီနှင့် ခံစားခဲ့သောဝတ္ထုများ ၂၀၀၂ ခုနှစ်၊ဩဂုတ်လ၊ “ ဒုတိယမြောက်ပေးဆပ်ခြင်း ” မဂ္ဂဇင်းဝတ္ထုရှည်များ ၂၀၀၅ခုနှစ် ၊စက်တင်ဘာလ၊ ဝတ္ထုတို၊ဝတ္ထုရှည် ၊ဆောင်းပါး အပုဒ်(၃၀၀)ကျော် ရေးသားပြီးစီးခြဲ့ပီးဖြစ်သည်။
 

 

ဆရာမ ယုဒါ ၏ စာအုပ်တွင် ဝတ္ထုရှည် (၁၁)ပုဒ်ပါဝင်ပြီး အချစ်ဝတ္ထုများ ဖတ်ချင်သူများအတွက် အချစ်ဝတ္ထုရှည်များဖြစ်သည်။ စာရေးဆရာမ နှင်းဝေငြိမ်းက စီစဉ်ပြီး ဦးမျိုးညွန့်အောင်(စွယ်တော် စာပေ )မှထုတ်ဝေကါ ၇၇၇၇ စာပေဖြန့်ချိရေးမှ မြန်မာတနိုင်ငံလုံးသို့ တန်ဖိုး (၂၅၀၀)ကျပ် ဖြင့် ဖြန့်ချိလိုက်ပြီဖြစ်သည်။

 

 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts