ကဗျာ

နီဂျူလိုင် – “နှစ်၁၀၀ပြည့်မွေးနေ့မှာ”

 

နီဂျူလိုင် – “နှစ်၁၀၀ပြည့်မွေးနေ့မှာ”

(မိုးမခ) ဖေဖော်ဝါရီ ၈၊ ၂၀၁၅

မတူမတန်

မနှိုင်းကောင်းမနှိုင်းရာ

ဗိုလ်ရှုပ်တွေ.. ဗိုလ်လုပ်ပြီး..

ဗိုလ်ချုပ်.. ဗိုလ်ချုပ်..နဲ့ 

ကြွပ်ကြွပ်အိတ်အစုတ်တွေလို…နေရာတကာ

ကြာရင် နိုင်ငံရေးမြေဆီလွှာတောင်…ခမ်းခြောက်ပျက်ဆီးနိုင်တယ်..။

ခုတလော

ဖေဖေတည်ထောင်ခဲ့တဲ့ … တပ်မတော်ကြီးဆိုတာတောင်.. နားခါးလာမိ

ဖေဖေတည်ထောင်ခဲ့တဲ့ တပ်မတော်ကြီးက

ဖက်ဆစ်မြေမှာ.. ဖက်ဆစ်ရေလောင်းခဲ့မိလို့ထင့်

ဖက်ဆစ် ပဒိုင်းပွင့်တွေ နဲ့ ဖက်ဆစ်အဆိပ်ရေတွေ သင့်လို့..။

ဝေါ့….

ပျို့ တောင်..ပျို့ချင်တယ်…။

ကွယ်

တို့ချစ်တဲ့ ..အောင်ဆန်းဟာ

ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်း

နိုင်ငံရေးခေါင်းဆောင် သခင်အောင်ဆန်း

တမျိုးသားလုံးခေါင်းဆောင် ဦးအောင်ဆန်း

လွမ်းရင်လဲ..ဒီလိုပဲ..လွမ်းပါရစေတော့

ဗိုလ်ချုပ်ဆိုတဲ့ စကားကို

မြေမြှုပ်လို့ .ပြည်ဖုံးကားချပါရစေတော့

အော့နှလုံးက နာ

တို့ကျောပေါ်မှာ… စစ်ဖိနပ်ရာတွေ မပျောက်သေးဘူးကွဲ့ ..။     ။

 

(Photo – Aung Htet)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts