ကဗျာ ကျော်ဟုန်း

ကျော်ဟုန်း ချစ်တတ်တယ်၊ ခြစ်တတ်တယ်

 
ကျော်ဟုန်း  ချစ်တတ်တယ်၊ ခြစ်တတ်တယ်
(မိုးမခ) ဖေဖော်ဝါရီ ၈၊ ၂၀၁၅
ဒေါင်းဆိုတာ …
ပင်ကိုယ် လှပြီးသား။
ဒေါင်းဆိုတာ …
က တတ်တယ်၊
ခွပ် တတ်တယ်။
ကျောင်းသားဆိုတာ
ဒေါင်းတွေ။
ပင်ကိုယ် လှပြီးသား။
ကျောင်းသားဆိုတာ
ဘေးထိုးလို့ မရ၊
သွေးထိုးလို့ မရ။
ရာဇဝင်ထဲက ဒေါင်း
မျက်မှောက် ဒီနေ့ ဒေါင်း၊
တူတယ်၊ ညီတယ်။
ဒေါင်းဆိုတာ …
ချစ်လို့  က တယ်၊
ချစ်လို့  ခွပ် တယ်၊
ချစ်လို့ ကို  ခြစ်တာ။
(မယုံရင် စမ်းကြည့်လေ)
ကျော်ဟုန်း
ဖေဖော်ဝါရီ ၊ ၆ ၊ ၂၀၁၅ ။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts