စာစုတို သစ်ကောင်းအိမ်

သစ်ကောင်းအိမ် – ငွေလရောင်ရဲ့တိမ်းရှောင်သူ

သစ်ကောင်းအိမ် – ငွေလရောင်ရဲ့တိမ်းရှောင်သူ
(မိုးမခ) ဇန်န၀ါရီ ၂၁၊ ၂၀၁၅
(၁)

ကျနော့်အမေ ကွန်မြူနစ်ဖြစ်သွားရခြင်းအကြောင်းကို ပြန်လည်တွေးမိတော့ တယောက်တည်း ပြုံးရယ်ချင်စိတ်နဲ့အတူ အတိတ်ထဲကနေ၍ မျက်တွင်းများ ပါးရိုး နားရိုးများ ချိုင့်ဝင်လျက် ရီဝေဝေကြောင်စီစီမျက်လုံးများ မုတ်ဆိတ်ကျိုးကျဲ ဆီနဲ့ ဝေးသော ဆံပင်ခွေလိပ်လိပ်များးနှင့် ကျောပြင်တခုလုံးပေါက်ပြဲနေသော အင်္ကျီနွမ်းတထည်ကို ဝတ်ဆင်ထားသော လူတယောက် တခါတရံတွင် သတင်းစာတစောင်ကိုကိုင်လျက် တခါတရံတွင် ပုတီးတကုံးကို လက်ထဲတွင်စိတ်လျက် ထိုသို့မှ မဟုတ်လျှင် စာအုပ်တအုပ်ကို ကိုင်လျက် ကျနော်တို့အိမ်မျက်စောင်းထိုး လက်ဘက်ရည်ဆိုင်ဘက်မှနေပြီး ကျနော်တို့ အိမ် ရှိာဘက်ခြမ်းကို လမ်းဖြတ်ကူးလာသည်ကို လှမ်းပြီး မြင်တွေ့လိုက်ရပါသည်။

ထိုသူကား ထိုနှစ်များမတိုင်ခင် အချိန်ကာလတခုက ဆင်းရဲသောမိဘ၏ စာတော်သောကျောင်းသား။ သူတို့ခေတ်ကာလ တက္ကသိုလ်ကျောင်းက ငွေလမင်းတို့အလယ်က ပျိုတိုင်းကြိုက် ဂျိမ်းစဒင်း။ စာပေနှံ့စပ်၍ သီချင်းဆိုလည်း အလွန်ကောင်းသူ စီးပွားရေးတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသားတယောက်။ ကျောင်းဆင်းလာပါက လက်ထပ်ထိမ်းမြားရမည့် စေ့စပ်ပြီး သား ချစ်သူနှင့် ရားထူးနေရာတခုကလည်း အဆင်သင့်။

သို့သော် သူကံကြမ္မာ ငွေလရောင်က သူ့၏ နုနယ်ပျိုမြစ်သော ပြည့်လုပြည့်ခင်ညကို တိမ်းဖယ်ရှောင်ခွာခံရကာ စီးပွားရေး တက္ကသိုလ်နောက်ဆုံးနှစ်အရောက်တွင် စိတ္တဇရောဂါစွဲကပ်ခံရပြီး ကျနော်တို့မြို့လေးသို့ ထိုသူပြန်လည်ရောက်ရှိလာခဲ့ပါ သည်။

 
(၂)

ကျနော်တို့အရပ်ပြောဒဏ္ဍာရီထဲတွင်မူ သူ့အားတဖက်သတ်စွဲလန်း ချစ်ကြိုက်နေသူ ရှမ်းပြည်ဘက်မှ ရှမ်းမတယောက်က အချစ်လွန်ပြုစားသောကြောင့် သူထိုရောဂါစွဲကပ်ခဲ့သလိုလို စုတ်သပ်ပြောဆိုကြသော်ငြား သူ့အချစ်ရူးရောဂါလက္ခဏာကား
အရပ်ထဲရှိ ရင်းနှီးသောအိမ်များသို့ တအိမ်တက်ဆင်း လက်သီးလက်မောင်းတန်းကာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဆန့်ကျင်းရေးတရားများကို ခရားလက်လွှတ်ပြောဆိုနေထိုင်ခြင်းပင် …။

(ဆက်လက်ဖော်ပြပါမည်.)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts