MoeMaKa VDO ပြန်လည်ဆန်းသစ်ခြင်း

ကတ္တီပါဖိနပ်စီးရွှေထီးဆောင်း (၁၉၇၁) (ရုပ်ရှင်)


ကတ္တီပါဖိနပ်စီးရွှေထီးဆောင်း (၁၉၇၁) (ရုပ်ရှင်)
(မိုးမခ) ဇန်နဝါရီ ၂၁၊ ၂၀၁၅
(ပြန်လည်ဆန်းသစ်ခြင်း)

ဝတ္ထု မောင်သာရ၊ ဒါရိုက်တာ မောင်ဝဏ္ဏ (၁၉ ဇန်နဝါရီ ၁၉၄၇ ဖွား – ၁၁ ဇန်နဝါရီ ၂၀၁၁ ဆုံး) ၊ သာဓု ရုပ်ရှင်
မြတ်လေး၊ မြတ်မွန်၊ သက်နောင်၊ ကျော်မင်း၊ မေမြတ်ဆွေတို့ အဓိက သရုပ်ဆောင်သည်။

စာရေးဆရာ/ဒါရိုက်တာ မောင်ဝဏ္ဏ ကွယ်လွန်ခြင်း နှစ်လည်နှင့် မွေးနေ့အမှတ်တရ တင်ဆက်ခြင်း ဖြစ်ပါသည်။  ဤဇာတ် ကားမှာ သူ၏ ပထမဆုံးရိုက်ကူးခဲ့သည့် ရုပ်ရှင်ဇာတ်ကား ဖြစ်သလို၊ ပွဲဦးထွက် ရုပ်ရှင်ဒါရိုက်တာ ထူးချွန်ဆု (အကယ်ဒမီ) လည်း ဆွတ်ခူးခဲ့ပါသည်။

အမှတ်တရ အဖြစ် တင်ဆက်ခြင်းသက်သက်သာ ဖြစ်သည်။  မူပိုင်ခွင့် ချိုးဖောက်လိုစိတ် ရိုးသားစွာ မရှိပါ။  အခကြေးငွေ ရရှိရန်အလို့ငှာ အသုံးပြုခြင်းမဟုတ်ပါ။  စီးပွားဖြစ် ပြန်လည် ဖြန့်ချိ အသုံးချခြင်းမပြုလုပ်ရန် အလေးအနက် သတိပေး မေတ္တာရပ်ခံပါသည်။

ရုပ်ရှင်ကို ပြန်လွှင့်ခဲ့သည့် Sky Net ရုပ်သံ၊ ဒီဗွီဒီဖိုင်အဖြစ် ကူးယူခဲ့သည့် ဦး Kyaw Myint Thein၊ ရုပ်ရှင်ပိုစတာအတွက် ဦးLin San Letpanpya နှင့်  “မြန်မာဂန္တ၀င်သီချင်းများ” Facebook စာမျက်နှာမှာ ပြန်လည်မျှဝေခဲ့သည့် ကိုလမင်းကြီး (Harry Lamehm) တို့ကို ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းပြုပါသည်။

ရုပ်ရှင်ကြည့်ရန်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts