Yan Naung (Bo Ta Htaung) သတင်းပဒေသာ

ရန်နောင် (ဗိုလ်တထောင်) – ဗိုလ်ချုပ်ရာပြည့် တေးသီချင်းသစ်များ စီးရီးမိတ်ဆက်ပွဲ ပြုလုပ်ခဲ့


ရန်နောင် (ဗိုလ်တထောင်) – ဗိုလ်ချုပ်ရာပြည့် တေးသီချင်းသစ်များ စီးရီးမိတ်ဆက်ပွဲ ပြုလုပ်ခဲ့
(မိုးမခ) ဇန်န၀ါရီ ၂၁၊ ၂၀၁၅

မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀) ပြည့် မွေးနေ့ အထိမ်းအမှတ်အနေနှင့် တေးသီချင်းသစ်များ မိတ်ဆက်ပွဲကို ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်း (အောက်)ရှိ  ဟုမ်းမီဒီယာခန်းမတွင် ပြုလုပ်ခဲ့သည်။

“ကျနော်တို့ အကျိုးအမြတ်ရယ်လို့ သဘောမထားပါဘူး။ ရမယ်၊မရဘူးလည်းသေချာပေါက် မပြောနိုင်ပါဘူး။ စီးရီးခွေကနေ အကျိုးအမြတ်ရရှိလာရင် ဗိုလ်ချုပ်ရုပ်ရှင် အမြန်ဖြစ်မြောက်ရေးအတွက် ထည့်သွင်းသုံးစွဲသွားမှာပါ။ ဘယ်လောက်ထိကုန် ထားပြီး ဘယ်လောက်ထိ ပြန်ရမယ်ဆိုတာ တွေးမထားပါဘူး ”ဟု စီစဉ်သူ ဦးဇာဂနာက ရှင်းလင်းပြောကြားခဲ့သည်။

စီးရီးခွေထဲမှာ ဗိုလ်ချုပ်အောင်ဆန်းအတွက် ဂုဏ်ပြုတေးတွေကို မြန်မာသံစဉ်အပြင် ပေါ့၊ဟစ်ဟော့ စတဲ့ တေးဂီတတွေနှင့် ဖန်တီးထားတဲ့ တေးသီချင်းတွေကိုလည်း ပါဝင်မည်ဖြစ်သည်။“ကျနော်တို့ ဗိုလ်ချုပ်ကို ချစ်တယ် ချစ်တယ်ဆိုတာ  ပါးစပ်က ပြောရုံဘဲမဟုတ်ဘဲ ကျနော်တို့အသွေးအသားထဲက ဘာတစ်ခုလိုက်လုပ်ပေးပြီးပြီလဲဆိုတာကို နောက်ဆုံးမှာ မက်ဆေ့ခ်ျကို အဓိကပေးချင်တာပါ ” ဟု တေးစီးရီးတွင် ပါဝင်သီဆိုသူ ကိုလင်းသစ်က ပြောပြခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းသီချင်းသစ်တွေ ပါဝင်တဲ့ တေးစီးရီး (MTV) ကိုတော့ ဗိုလ်ချုပ်ရာပြည့် မွေးနေ့မတိုင်မီ ဇန်နဝါရီလကုန်မှာ ဝယ်ယူနားဆင်နိုင်မည်ဖြစ်ကြောင်းလည်း ထပ်မံသိရှိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts