Maung Swan Yi ကဗျာ မောင်စွမ်းရည်

မောင်စွမ်းရည် – အရင်လူ

 

မောင်စွမ်းရည် – အရင်လူ

(မိုးမခ) ဇန်န၀ါရီ ၂၀၊ ၂၀၁၅

နောက်လူကို

အရင်လက 

ငါ – အရင်လူဆိုပြီး 

အလိုလို ဘ၀င်မြောက်

နောက်လူကို အထင်သေး

အမြင်ဝေးခဲ့။

နောက်လူဆိုပေမယ့်

နောက်လူက ကြောက်သူမဟုတ်ရင်

ခြောက်သူလဲ မဟုတ်ရင်

အောက်ကြို့ပြိး မယုတ်ရင်

နောက်သို့လဲ မဆုတ်ရင်

မယုတ် မဖောက်

မြောက် သူအဖြစ်

မောက် သူ အဖြစ်

တဆစ်ပြီး တဆစ်

တရစ်ပြီး တရစ်

ခေတ်ရဲ့ အထက်ကို

တက်တက်လာလိုက်လာ

အရင်လူသာ တဖြေးဖြေးနဲ့

ဝေးဝေးပြီး သေးသေး ကျန်ခဲ့ပါတကား။

မောင်စွမ်းရည်

 

၂၀၁၅ ဇန်န၀ါရီ ၁၁၊ ည ၁၂နာရီ တိတိ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts