စာအုပ်စင်

နောင်ကျော် – ဘ၀သစ်တခု၏ နိဒါန်းနဲ့ နောက်ဆက်တွဲ နှစ်ကာလများ

 

 

နောင်ကျော် – ဘ၀သစ်တခု၏ နိဒါန်းနဲ့ နောက်ဆက်တွဲ နှစ်ကာလများ
(စစ်ထောက်လှမ်းရေး၏ စစ်ကြောရေးကာလနဲ့ ထောင်တွင်းကာလအတွေ့အကြုံတချို့)
(မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၁၇၊ ၂၀၁၅

တက္ကသိုလ်ကျောင်းဆရာတဦးကို စစ်အစိုးရက ကျောင်းဝင်းထဲဝင်ပြီး လက်ထိပ်ခတ် ဖမ်းဆီး၊ ရေကြည်အိုင်စစ်ကြောရေးစခန်းကို ပို့၊ ရက်ပေါင်းများစွာ စိတ်ရောကိုယ်ပါ ထိခိုက်အောင် နှိပ်စက်စစ်ဆေး၊ ထောင်ထဲ ၁၄ နှစ်ကျော် ဖမ်းဆီအကျဉ်းချခဲ့။ သူ့လို နိုင်ငံရေးအကျဉ်းသားတွေပေါင်း မြောက်များစွာ။ စာရေးသူကိုယ်တိုင်ဖြစ်တဲ့ နောင်ကျော်ကတော့ သူ့ဘ၀ဖြတ်သန်းမှုကို ပေထက်အက္ခရာတင်နိုင်ခဲ့ပါတယ်။ ဒီမိုကရေစီရေး တရားမျှတမှုနဲ့ လွတ်လပ်ခွင့်အတွက် စစ်အာဏာရှင်တွေလက်အောက်မှာ နိုင်ငံရေးယုံကြည်မှုကို ကိုင်စွဲပြီး တိုက်ပွဲဝင်ကြရတယ်ဆိုတာ ပန်းခင်းလမ်းမဟုတ်၊ ခုချိန်ထိလည်း ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်းရတဲ့ ခရီးလည်း မဖြစ်သေး၊ မလျော့သော ဇွဲလုံလ ၀ိရိယနဲ့ မပေါ့သော သတိ၊ သတ္တိတွေနဲ့ ဖြတ်သန်းနေကြရတုန်းဆိုတာကို မီးမောင်းထိုးပြတဲ့ စာအုပ်တအုပ်မို့ ဖတ်ဖြစ်အောင် ဖတ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts