သတင်းဆောင်းပါး

ဆလိုင်းသွှအောင် – သွေးရောင်သန်းသော လလေးလုံး

 

ဆလိုင်းသွှအောင် – သွေးရောင်သန်းသော လလေးလုံး
(မိုးမခ) ဇန်နဝါရီ ၁၆၊ ၂၀၁၄

“အခုတလော ရေပန်းစားပြီး လူတိုင်း ပြောနေကြတဲ့ အရာကတော့ ဘလတ်မွန်းသက်ထရက် အကြောင်း ပဲဖြစ်ပါတယ်… ” ရုပ်သံ တွေ့ ဆုံပွဲ၌ အင်တာဗျူးလုပ်သူ ဆစ်ရော့ က စကားဦးသန်း လိုက်သည်။

ဘလတ်မွန်းသက်ထရက် ဆိုသည်မှာ တစ်နှစ်နှင့် ခြောက်လ အတောအတွင်း လေးကြိမ် တိုင်တိုင် သွေးရောင်သန်း လငပုပ်ဖမ်း ခြင်းကို ဆိုလိုသည်။

“ဒီနှစ် နဲ့ နောက်နှစ် မှာ ဘလတ်မွန်း သက်ထရက်ကို မြင်တွေ့ ရ တော့မှာ ဖြစ် တယ်… ဒီဟာ ဖြစ်ပေါ်လာ တိုင်း ကမ္ဘာပေါ်မှာ တော်တော် ထူးကဲတဲ့ ဖြစ်ရပ် တွေ ဖြစ်ပေါ်လာ တတ် ပါတယ်…” ထောင်နှင့်ချီသော ပရိသတ်များ သည် ဆစ်ရော့ ပြောလိုက်သည့် စကား ကို အထူး စိတ်ဝင်စား စွာ နားထောင်နေ ကြသည်။

“ဒီနေ့ ကျနော်တို့ရဲ့  အထူး ဧည့်သည်ကတော့ မကြာခင် ကမ္ဘာပေါ်မှာ ဘာဖြစ်နိုင်သလဲ ဆိုတာ ခန့် မှန်းနိုင် တဲ့လူ ဖြစ်ပါတယ်….”

ထိုကဲ့သို့  အထူးဧည့်သည် ကို မိတ်ဆက် ပေးလိုက်သည်နှင့် ပရိသတ် များထံမှ တခဲနက် လက်ခုပ် သြဘာပေး သံထွက်ပေါ်လာသည်။

“ကျနော်ငယ်ငယ်ကတဲက ကောင်းကင် နက္ခတ္တာရာ အကြောင်း တော်တော်လေး စိတ်ဝင်စား ခဲ့ပါတယ်…”
ဆစ်ရော့နှင့် မျက်နှာချင်းဆိုင်၌ ထိုင်နေသော သက်ကြီးပိုင်း ရုပ်ပေါက်သော အထူး ဧည့်သည်က ယင်းကဲ့သို့  စပြောလိုက်သည်။

“ကျနော် မြက်ခင်းပြင် ပေါ်မှာ ပက်လက်လှဲရင်းနဲ့ ကောင်းကင်ကို မော့ ကြည့် နေ တတ် တယ်…” နှစ်ပေါင်း ထောင်နှင့် ချီပြီး ဖုန်းကွယ်နေသော ရတနာသိုက်ကို တူးဖေါ်တွေ့ ရှိ ရသူအလား စာရေးဆရာ မာခ်ဘလစ်(စ်)၏ မျက်နှာသည် ၀င်း လက်လာကာ အင်မတန် စိတ်လှုပ်ရှားသော အသံဖြင့် မြိန်ရည်ရှက်ရည် ရှင်းပြ နေ ခြင်းဖြစ်သည်။

“ကျနော့် မှာ တယ်လီစကုတ် လေး ရှိတယ်ဆိုတော့ ကောင်းကင် မှာ ရှိတဲ့ ဂြိုလ် တွေ…စနေ ဂြိုဟ်တို့ ဘာတို့ပေါ့ဗျာ… အဲဒါတွေကို စူးစမ်းလေ့လာ တတ်ခဲ့ပါ တယ်။အင်မတန်မှ ပျော်စရာကောင်းတဲ့ ကလေးဘ၀ ပေါ့ဗျာ….”

မာခ်သည် အသက်ကြီးလာ သော အခါ သိပံ္ပနှင့် သင်္ချာဘာသာကို အထူး စိတ်ဝင်စား သူ ဖြစ်သည့်အလျောက် နာဆာ ၀ဘ်က်ဆိုက် များ၌ အချိန်ဖြိုန်းနေတတ်သည်။  ထိုဝက်ဘ်ဆိုက် တို့ ၌ပင် ယေရူးရှလင်မြို့ ၏ ဗိမာန်တော် တောင်ကုန်း အထက်၌ ထင်ရှားခဲ့သော စိတ်ဝင်စားဖွယ် လငပုပ်ဖမ်းသည့် ဓာတ်ပုံများကို တွေ့ မြင် ရ သောအခါ အထူး စိတ်လှုပ်ရှား လျက် ထိုအချိန်မှစ၍ သူငယ်ရွယ်စဉ်က ကျမ်းစာထဲ၌ ဖတ်ဖူးသော… .” ထာဝရ ဘုရား၏ ထူးမြတ်သောနေ့ ကြီးမတိုင်မီ နေသည် မှောင်မိုက်အတိ ဖြစ်လိမ့်မည်။ လသည်လည်း သွေးဖြစ်လိမ့်မည်… ” ဟူသောကျမ်းပိုဒ် သည် သူ၏ နှလုံးသား ထဲ၌ အသစ်တဖန် အသက် ၀င်လာ ပါတော့သည်။

သို့နှင့် အနာဂတ်ကာလ ၌ လငပုပ်ဖမ်းမည့် အခြေအနေ ရှိမရှိ သိချင်လာသောကြောင့် နာဆာ ၀ဘ်က်ဆိုက်၌ စူးစမ်း လေ့လာ ကြည့်သောအခါ များမကြာမှီ တဆယ့်ရှစ်လ အတွင်း လေးကြိမ် တိတိ ရှေ့ဆင့်နောက်ဆင့် လုံးလုံးလျားလျား လငပုပ်ဖမ်းမည် ဖြစ်ကြောင်း၊ လသည် လည်း သွေးရောင် သန်းမည် ဖြစ်ကြောင်း သူတွေ့ရှိလာသည်။  ၄င်းတို့မှာ ၂၀၁၄ ခုနှစ် ၌ ဧပြီလ နှင့် စက်တင်ဘာလ တို့၌ဖြစ်ပြီး… ၂၀၁၅ ခုနှစ် ၌ လည်း ဧပြီလ နှင့် စက်တင်ဘာလ တို့ ၌ ဖြစ်မည် ဖြစ်ကြောင်း တွေ့ ရှိ ရ သည်။

ယင်းနောက် အတိတ်၌ ဤကဲ့သို့ သော လေးကြိမ် ဆက်တိုက် ဖြစ်စဉ် မျိုး အကြိမ် ဘယ်နှစ်ကြိမ် ဖြစ်လေ့ဖြစ်ထ ရှိသည်ကို သိချင် လာပြန် သဖြင့် ဆက်လက် သုတေသနပြု ပြန်ရာ၊ ဤ ဖြစ်စဉ်သည် ရှားပါးသော ဖြစ်စဉ်ဖြစ် ကြောင်း၊ ၁၉ ရာစုနှစ် များ၌မရှိ၊ ၁၈ ရာစု၌ မရှိ၊ ၁၇ ရာစု၌ လည်း မရှိကြောင်း။  ထိုမှ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀၀ ကာလ အတောအတွင်း တွင် ရှစ်ကြိမ် တိတိ သာ ဖြစ်ပျက်ခဲ့ ဘူး ကြောင်း။  နာဆာဝဘ်က်ဆိုက်၏ မှတ်တမ်းများ အရ ဤဖြစ်စဉ်မျိုး သည် ဧပြီနှင့် စက်တင်ဘာလ သို့ မဟုတ် ဧပြီနှင့် အောက်တိုဘာလ တို့၌ဖြစ်လေ့ ဖြစ်ထ ရှိကြောင်းကို သူတွေ့ ရှိ လာသည်။

မာခ်က ဆက်လက်၍ “…ကျနော် မနက်စောစော လေးနာရီလောက် မှာ ထပြီး ဆုတောင်း နေတုံး ဒီလငပုပ်ဖမ်း တဲ့ နေ့ ရက် တွေကို ကျမ်းစာထဲက ပွဲတော် နေ့တွေ နဲ့တိုက်ကြည့်ပါ ဆိုတဲ့ နှိုးဆော်သံ ကြားမိသလို ခံစားလိုက် ပါတယ်၊ အဲဒါနဲ့ ကျနော် လဲစိတ်လှုပ်ရှားစွာနဲ့ ကွန်ပြုတာ ရှိရာကို အပြေးအလွား သွားပြီး ဇယားဆွဲ အကွက်ချ ကြည့်လိုက် တဲ့ခါကျတော့ အဲဒီရက်တွေဟာ ဂျူးလူမျိုးများရဲ့ ပသာခါပွဲရယ် တဲတော်ပွဲတွေနဲ့ တိုက်ဆိုင်နေတာကို အံ့သြဘွယ်ရာတွေ့ ရှိလိုက်ရပါတယ်….။”

နာဆာအဖွဲ့ ၏ တွေ့ ရှိချက် အရ လွန်ခဲ့သည့် နှစ်ပေါင်း ၅၀၀၀ အတွင်း လုံးလုံးလျားလျား လငပုပ်ဖမ်းမှု သည် ပျမ်းမျှ ခြင်းအားဖြင့် တနှစ်နှင့်ခြောက်လ အတွင်း တကြိမ်သာ ဖြစ်လေ့ဖြစ်ထ ရှိသည်။ ယခုမူ တနှစ်နှင့်ခြောက်လ အတွင်း လငပုပ်ဖမ်းမှု လေးကြိမ်တိတိ ဖြစ်ပျက် မည်ဖြစ်သည် သာမက၊ ဖြစ်ပျက်သည့် နေ များမှာလည် ပွဲတော် နေ့  များနှင့် ကြုံကြိုက်နေမည်ဖြစ်သည်။  ယခင် နောက်ဆုံး ဖြစ်ခဲ့သော အချိန်သည် ၁၉၆၇-၆၈ ခုနှစ်၌ ဖြစ်၍ ယင်းနှစ်များ၌ အီစ္စရေး နိုင်ငံ က ယေရူးရှလင်မြို့အရှေ့ပိုင်းကို သိမ်းပိုက်လိုက် ခြင်းအားဖြင့် ရှေးမြို့တော်ကို တလုံးတ၀တည်း ပေါင်းစည်းလိုက်သည် အချိန်နှင့် တိုက်ဆိုင်နေသည်။

တဖန် မာခ်သည် ဆက်လက်၍ ယင်းထက် စောသည့် နှစ် ကို လေ့လာပြန်သောအခါ ၁၉၄၉-၅၀ ၌ဖြစ်ပျက်သည် ကိုတွေ့ ရသည်။ ယင်းနှစ်များ သည် အစ္စရေး နိုင်ငံ တည်ထောင်သည့် ၁၉၄၈ ခုနှစ် ၏ နောက်တနှစ် ဖြစ်သည်ကိုတွေ့ ရှိရပြန်သည်။ ထူးခြားသော သဲလွန်စ တခုကား သူ ရရှိသွားပြီ ဖြစ်သည်။ ထိုနောက် လက်လက်၍စူးစမ်းပြန်ရာ ဘလတ်မွန်း သက်ထရက် ကာလ ၀န်းကျင်တိုင်း၌ တခုခု ဖြစ်မည် ဟု မဆိုလိုသော်လည်း အများအားဖြင့် ထိုနှစ်များတွင် သမိုင်းဝင်သည့် ကြီးကြယ် သော ကမ္ဘာ့  ဖြစ်ရပ် များ ဖြစ်ပျက်တတ် သည် ကို အောက်ပါ အတိုင်း တွေ့ ရှိရသည်။

၁၄၉၂- ဂျူးလူမျိုးများသည် စပိန်နိုင်ငံမှ အနှင် ထုတ်ခံရ၍ ကိုလန်ဘတ်စ် သည် အတ္တလန်တိတ် သမုဒ္ဒရာ ကိုကျော်ဖြတ်ကာ အမေရိကားတိုက် ကိုတွေ့ ရှိသည် ( ကိုလန်ဘတ်စ် ကိုယ်တိုင် ပင်လျှင် ဂျူးးလူမျီုးဖြစ်နိုင် ချေရှိ၍ စပိန်နိုင်ငံ၏ ညင်းပန်းနှိပ်စက် မှူမှ ရှောင်ရှားလို သောကြောင့် အမေရိကတိုက် ရှာပုံတော် စွန့် စားခန်း၌ ပါဝင်ဦးဆောင် ခဲ့ခြင်း ဖြစ်ဟန်တူ သည်ဟု မှတ်ချက် ချသူတချို့ ရှိသည်) ယင်းဖြစ်ရပ်ကြောင့် ဂျူးလူမျိုး မြောက်မြားစွာ အမေရိကန် နိုင်ငံသို့  ရောက် ရှိလာကြသည်။

၇၀ အေဒီ- အီစ္စရေး နိုင်ငံ ရှိ ဗိမာန်တော် အ ဖျက်ဆီး ခံ ရသည်။

၃၂-၃၃ အေဒီ – ခရစ်တော် အသတ် ခံရသည်။

ထိုသို့ ဆိုသော် ဘလတ်မွန်း သက်ထရက် သည် ဂျူးလူမျိုး များ ကပ်ဆိုက် ခြင်းနှင့် တိုက်ရိုက် ပတ်သက် နေ သကဲ့သို့  ဖြစ်နေပေသည်။

ဟုတ်ပြီ၊ ပရောဖက် ယောလ ဟော ထား သည့်အတိုင်း၊ “ထာဝရဘုရား၏ ထူးမြတ် သော နေ့ ကြီး မတိုင်မှီ နေသည် မှောင်မိုက်အတိ ဖြစ်လိမ့်မည်။ လသည် လည်းသွေးဖြစ်လိမ့်မည်…. “, ဟူသော အဆိုလည်း သိရှိရပြီ၊ ဘလတ်မွန်း သက်ထရက် သည် ဂျူးးလူမျိုးးများနှင် တနည်း အားဖြင့် ပတ်သက်နေကြောင်း လည်း သိရှိရပါပြီ။ သို့ ဆိုလျင် အဘယ့်ကြောင့် ပွဲတော် နေ့ ရက်များ၌ ကျရောက်၍ ပွဲတော်နေ့ များသည် အဘယ့်ကြောင့် အရေးပါ နေပါ သနည်း၊ ဟူသော မေးစရာ မေးခွန်းများ တသီ တတန်းကြီး ထွက်လာပါ တော့သည်။

“ကျနော် ကမ္ဘ၁ဦးကျမ်း အခန်း ကြီး ၁၊ အငယ် ၁၄ ကို အကြိမ် တရာမက ဖတ်ခဲ့ဖူးတယ်၊…” မာခ် က ဆိုသည်၊ “….ဒါပေမဲ့ အဓိပ္ပါယ် မသိခဲ့ဘူး။ ဒီတခေါက်မှာကျ တော့ တမဟုတ်ခြင်း အဓိပ္ပါယ် နားလည်လာတယ်။ ”

“ဒါဆိုရင် ဘုရားက ဘာဖြစ်လို့ နေ နဲ့  လ ကို ဖန်ဆင်း တာ လဲ…” အင်တာဗျူးလုပ် သူ ဆစ်ရော့ က မေးခွန်း ထုတ်လိုက်ရာ မာခ်က၊

“ကျနော်ထင်ခဲ့တာ တော့ ဘုရားက အလင်းနဲ့  အပူအတွက် ဖန်ဆင်းတယ် လို့ထင်ခဲ့ဘူးတယ်။ ဒါပေမဲ့ ကမ္ဘာဦး ကျမ်း အခန်း ကြီး ၁၊ အငယ် ၁၄ မှာ ဘုရားက နေနဲ့ လ ကို နိမိတ်လက္ခနာ ‘မိုအက်’ အတွက်ဖန်ဆင်းထားတယ် လို့ ဆိုပါတယ်… ”

အင်္ဂလိပ်ကျမ်းစာများ၌ မိုအက် ကို ရာသီဟူ၍ ဘာသာပြန်ကြသည်။ ရာသီဆိုပါက နွေ မိုး ဆောင်း ရာသီ နှင့် ပတ်သက် နေမည်…အမှန်မှာ ဟီဘရူး (ဂျူးလူမျိုးများသုံးစွဲသည့် စကား) စကားလုံး ဖြစ်သော မိုအက် သည် ရာသီ နွေ မိုး ဆောင်း မဟုတ်ဘဲ ပွဲတော် (ဖီးစ်) သို့မဟုတ် ချိန်းချက် သောအချိန် ဟူ၍ အဓိပ္ပါယ် ရသည်။ မြန်မာလို ဘာသာ ပြန်ထားသော `ချိန်းချက်သည့်အချိန်` ဆိုသော စကားလုံးများသည် မူလ ဟီဘရူး ဘာသာ၏ ဆိုလိုချက်နှင့် လုံးဝ ကိုက်ညီနေသည် ကိုတွေ့ ရသည်။ အချူပ်ဆိုရမည် ဆိုသော် ဘုရားသခင် သည် နေနဲ့ လ ကို နိမိတ်လက္ခနာ၊ ပွဲတော် သို့ တည်းမဟုတ် `ချိန်းချက် သောအချိန်` အတွက် အထူး နက်နဲစွာ ဖန်ဆင်း ထားခဲ့ခြင်းဖြစ်သည်။

သို့ ဖြစ်ရကား ဂျူးးလူမျိုးးများသည် ဥပမာအားဖြင့် ပသာခါပွဲ တော်ကို နောင်လာတတ္တံသော အရာကို ကြိုတင်၍ သူတို့ကိုယ်တိုင် သတိမပြုမိ ပါ ဘဲ လျက် ဇာတ်တိုက်ထား သကဲ့သို့ ကျဉ်းပခဲ့ကြသည်။  မူလပထမ က ပသခါ ပွဲတော်ပွဲ ကိုကျင်းပရခြင်းမှာ ၁၅ရာစု အေဒီ လောက် ၌ဂျူးးလူမျိုးးများ အီဂျစ်ပြည်၌ ကျွန်ခံရာမှ လွတ်မြောက် ထွက်ခွါခြင်း အထိမ်းအမှတ်ဖြစ်သည် ဟု ယေဘုယျ အားဖြင့် သိရှိရသည်။  သို့သော် ယင်းပွဲတော် ကျင်းပရခြင်း၏ နောက်ကွယ်၌ ပို၍ နက်ရှိင်းသော အကြောင်း အရာ၊ ထူးကဲသော အဓိပ္ပာယ် ရှိနေကြောင်း ကို ယနေ့  အထိ ဂျူးးလူမျိုးးများ ကိုယ်တိုင် ပင် မသိရှိကြသေးချေ။  အမှန်ကား ယင်းပွဲတော် သည် နောင်လာ လတ္တံ့သော ကာလ၌ ခရစ်တော်သည် လူဇာတိခံယူ၍ အသေ ခံသော အခါ ပြုလုပ် ကျဉ်းပမည် ဖြစ်သော ဈာပန အခန်းအနားကို ကြိုတင် သရုပ်ဖေါ် ပုံဆောင် ထားခြင်းပင်။

သို့ဖြစ်၍ ပသခါ ပွဲတော် ကျင်းပတိုင်း၊ ကျင်းပတိုင်း ဂျူးးလူမျိုးးများသည် သိုးသူငယ်ကို ကြိုးနှင့်ချည်၍ သတ်ကြ သည့်နည်းတူ ခရစ်တော်ကိုလည်း ကားတိုင်၌ ကြိုးနှင့်ချည်ကာ သတ်ကြသည်။  သိုးသူငယ်ကို ကြိုးနှင့်ချည် သည့် အချိန်များ၌ ဆာလံကျမ်း ၁၁၃ မှ ၁၁၈ အထိ ရွက်ဖတ် သီဆိုလေ့ ရှိကြသည်။ အမှန်ကား ယင်းဆာလံကျမ်းသည် ဘုရားသခင်က သူ၏သားတော် ခရစ်တော်၏ ဈာပနအခန်းအနား အတွက် ဆာလံ သီချင်းရေးဆရာ ဒေးဗစ်ဘုရင်ကို နှစ်ပေါင်း ၁၀၀၀ ခန့် ကြိုတင်၍ ရေးစပ်ခိုင်းထားခြင်း ပင်။

ဥပမာ အားဖြင့်…
ဆာလံ ၁၄-၁၆ ၌ “ထာဝရဘုရား သည် ငါ၏အစွမ်းသတ္တိ၊ ငါသီချင်း ဆိုရာ အကြောင်း ငါ့ကိုကယ်တင် ခြင်းအ ကြောင်း ဖြစ်တော်မူ၏၊၊  ဖြောင့်မတ်သော သူတို့၏ နေရာ၌ ဝမ်းမြောက်ခြင်းအသံနှင့် ကယ်တင်ခြင်းအသံရှိ၏၊၊ ထာဝရဘုရား၏ လက်ျာတော်သည် ကြီးသော အမှုကိုပြု၏၊၊  ထာဝရဘုရား၏ လက်ျာ လက်တော်သည် ချီးမြှင့်လျက် ရှိ၏…” ဟုဆိုရာ၌ ထာဝရဘုရား၏ လက်ျာလက်တော် ဖြစ်သည့် သားတော် ယေရှုကို ကားတိုင်ထက်သို့ တင်မြှောက် ထားခြင်းကို ဆိုလို သတည်း၊၊

အထက်က အရာကို ဥပမာကို စံနမူနာ တခု အနေဖြင့်သာ ဖေါ်ပြလိုက်ခြင်း ဖြစ်ပါ သည်။ ပွဲတော်ကြီး ခုနှစ်ပါး ရှိသည် ဖြစ်ရာ ဘုရားသခင် သည် တခြားသော ပွဲတော်များကိုလည်း ခရစ်တော်အသေခံ ခြင်း၊ ပြန်လည် ရှင်ပြန်ထ မြောက်ခြင်း၊ အဦးသီး သော အသီး နှုင့် ပင်တိ ကုတ်နေ့ ၌ ၀ိညာဉ်တော် ဆင်းသက်ခြင်း များနှင့် ပြည့်စုံစေခဲ့ သည်။ အနာဂတ် ကာလ ၌ ပြည့်စုံရန် ပွဲတော်ကြီး သုံးပါး ကျန်ရှိပါ သေး၏…

ယခုအကြိမ် ဖြစ်ပျက်သော ဘလတ်မွန်းသက်ထရက် သည် တမူ ထူးကဲသည် ဟုဆိုရမည့် ဖြစ်သည်။ အကြောင်းမှာ နောက်တဖန် နှစ်ပေါင်း လေးရာကြာ မှသာ ဘလတ်မွန်းသက်ထရက် နောက် တခု နှင့် ကြုံတွေ့ ရမည်ဖြစ်သောကြောင့် ဖြစ်သည်။ ယခု ဤစာ ရေးသား ချိန်၌ နှစ်ကြိမ်မြောက် လငပုပ်ဖမ်းပြီး သွားပြီ ဖြစ်သည်။ တတိယ မြောက် သည် ဧပြိလ ၄ ရက် ပသခါပွဲတော်နေ့ ရက်၌ ကျရောက် မည် ဖြစ်သည်။ ယင်းမတိုင်ခင် မတ်လ ၄ ရက်နေ့တွင် နေကြပ် ပေအုံးမည်။ လ ငပုပ်ဖမ်း ခြင်းသည် ဂျူးလူမျိုးများနှင့် ပတ်သက်တတ် သကဲ့သို့ နေ ကြပ်ခြင်း သည် ကမ္ဘာလုံး ဆိုင်ရာ ကပ်ဆိုက်ခြင်း ၊စစ်မက် ဖြစ်ပွားခြင်း များနှင့် သက်ဆိုင် တတ်သည် ဟု ဆိုကြ သည်။

၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၈ရက်နေ့ ၌ လေးခါမြောက် လငပုပ်ဖမ်းချိန်သည် လပြည့်ည ဖြစ်၍ ယေရူရှလင်မြို့မှ တွေ့ မြင်နိုင်ယုံသာမက လကမ္ဘာသည် စူပါမွန်း ဟုခေါ်ကာ သာမန်ထက် ၁၄ ရာခိုင်နှုန်းခန့်  ကြီးမားလာ သယောင် မြင်တွေ့ ရမည် ဖြစ်သည်။ ထိုသို့ ဖြစ်ရခြင်းမှာ လသည် ကမ္ဘာ မြေကြီးနှင့် အနီးကပ်ဆုံး ၌ ပတ်ရစ် သွား မည်ဖြစ်သော ကြောင့်ဖြစ်သည်။  ထိုအချိန်သည် တဲတော်ပွဲ ကျင်းပသည့် အချိန်နှင့် တိုက်ဆိုင်နေရုံသာမက ရှမစ်သာ ဟူသော နှစ်နှင့်လည်း ကြုံကြိုက် လိုက် အုံးမည်ဖြစ် သောကြောင့် ထူးဆန်းသည် ဟုဆိုရ မည်ဖြစ်သည်။

သို့ နှင့် ရှမစ်သာနှစ် အကြောင်းကို အနည်းငယ်ရှင်းပြရန် လိုလာပြန် သည်။

မြန်မာပြည်၏ ပြည်နယ် အချို့တို့ ၌ ရွှေ့ပြောင်း တောင်ယာ စနစ်ကို ကျင့်သုံး ကြ သည့်နည်းတူ ရှေးကာလ၌ အစ္စရေး တိုင်းပြည်၌လည်း ကျမ်းစာ၌ ခွဲခန့်  ထားသည့် အတိုင်း လိုက်နာ ရသော လယ်လုပ်ငန်း ဆိုင်ရာ လုပ်ထုံးစဉ်လာ တခု ရှိခဲ့သည်။  ၎င်းမှာ ခုနှစ်နှစ် မြောက်သောနှစ်၌ လုပ်လက်စ လယ်ကွက်ကို အနား ပေးပြီး လယ်လုပ်ငန်းကို လုံးလုံးလျားလျား ရပ်ဆိုင်း လိုက်ရ ခြင်းဖြစ်သည်။ ထိုသို့ အနားပေး ရသော သတ္တမ မြောက်နှစ်ကို ရှမစ်သာနှစ် ဟု အမည်မှည့် ပေးထား သည်။

ရှမစ်သာနှစ်သည် သာမာန်အားဖြစ် ဘုရား၏ကောင်းကြီးနှင့်ဆိုင်နိုင်သလို စီးပွားရေး ကျဆင်းမှုနှင့်လည်း ဆိုင်သည် ဟုဆိုသည်။

အစ္စရေးပြည် လွတ်လပ်ရေး ရသည့်နောက်တွင် ပထမဆုံးအကြိမ် ကျရောက်သည့် ရှမစ်သာနှစ်သည် ၁၉၅၁ ခုနှစ်ဖြစ်သည်။  ထို့နောက် ၁၉၅၈–၅၉ , ၁၉၆၅–၆၆, ၁၉၇၂–၇၃, ၁၉၇၉–၈၀, ၁၉၈၆–၈၇, ၁၉၉၃–၉၄, ၂၀၀၀–၀၁, နှင့် ၂၀၀၇-၀၈ ခုနှစ်တို့ ၌ကျရောက် သည်။  အထက်ပါကဲ့သို့  နှစ်ကို အစုံလိုက် ဖေါ်ပြရ ခြင်းမှာ ဂျူးလူမျိုးများ သုံးသောပြက္ခဒိန်သည် နေနှင့် အခြေခံခြင်း မဟုတ်ဘဲ မြန်မာ ပြက္ခဒိန် ကဲ့သို့  လကို အခြေခံ ထားသော ကြောင့် ဖြစ်သည်။

၁၉၉၄ ခုနှစ်၌ ရှိုးမက်ကား လေးဗီးခေါ် ဥက္ကပျံ က ဂျူပီတာဂြိုလ်ကို ၂၁ ကြိမ် ထိုးနှက်တိုက်ခိုက် သည့်နှစ်သည် ရှမစ်သာနှစ် ဖြစ်သည်။  ၂၁ သည် ၇ * ၃ ဖြစ်သည်။  ထိုရှမစ်သာ မှ နောက်နှစ် ကြိမ် ဆက်တိုက် စီးပွားရေး ကပ်ဆိုက်ခဲ့ သည်၊ တစ် ရှမစ်သာ ကျန်သေး၏။

ဆိုလိုသည်မှာ နောက် ခုနှစ်အကြာ၂၀၀၁ ခုနှစ် သည် အမေရိကန်နိုင်ငံကို သောင်းကျန်းသူများ တိုက်ခိုက်ပြီး နယူးယောက်မြို့ ရှိ စတော့ဈေးကွက် တန်ဘိုး တဟုန်တိုး ထိုးဆင်းသွားသော နှစ်ဖြစ်သည်။  နောက်တဖန်၂၀၀၈ တွင် အိမ်ဈေးများ ကျဆင်း၍ စတော့ ဈေးကွက် တန်ဘိုး ကျဆင်း သွားပြန် သည်။  နောက် ၇ နှစ်ကြာ ၂၀၁၅ သည် ရှမစ်သာနှစ်ဖြစ် ရ ကား စီးပွားရေး ကပ်ဆိုက် ပြန်အုံးမည်လော … ၉/၁၁ ကဲ့သို့ သော အဖြစ် အပျက်မျိုး နှင့် ကြုံတွေ့ ရ မည်လော… စသည်ဖြင့် စဉ်းစားစရာ ရှိသည်၊ ကြုံတွေ့ ရပြီ ဟုလည်း ထင်စရာ ရှိသည်၊ လတ်တလော၌ပင် ပြင်သစ်ပြည် ပါရိ မြို့ ၌ ဖြစ်ပျက် ခဲ့သည့် အဖြစ်အပျက် သည် ကမ္ဘာကို တုန်လှုပ်သွား စေခဲ့ပြီးပြီ မဟုတ် ပါလော။

ထိုမျှနှင့်မပြီးသေးပါ။

၂၀၁၅-၂၀၁၆ ခုနှစ်သည် ၇၀ ကြိမ်မြောက် ဂျိုဘီလီနှစ်လည်း ဖြစ်ပြန်သည်။  ဂျိုဘီလီနှစ် ဆိုသည်မှာ ကျမ်းစာ၌ သတ်မှတ်ထားသည့် အရာဖြစ်၍ အနှစ်ငါးဆယ်မြောက် (၇ နှစ် အမြှောက် ၇ နှစ် ၏ နောက်တနှစ်) ၌ လူအား လုံးသည် မိမိတို့ ပေါင်နှံထား သော ပစ္စည်းဥစ္စာများ ရှိလျှင်ကြွေးရှင် ထံမှ ပြန်ရသည့်နှစ်၊ ကျွန်ခံသောသူများ သည် ကျွန်ဘ၀မှ လွတ်ငြိမ်း ချမ်းသာ ပေးမှူကို ခံစားရ သော နှစ် ဖြစ်သည်။ ဂျိုဘီလီနှစ် ကို ၁၄၁၆ ဘီစီတွင် ဂျူးလူမျိုးများ ခါနန်ပြည် သို့ ဝင်လာသည့် နှစ် မှ စတင်ခဲ့ရာ ၁၃၆၇ ဘီစီ သည် ပထမဆုံး ဂျိုဘီလီ ဖြစ်သည်။ ၂၀ ရာစုနှစ် နောက်ပိုင်းတွင် ကျရောက်သည် ဂျိုဘီလီနှစ်များမှာ ၁၉၁၇၊ ၁၉၆၆၊ နှင့် ၂၀၁၅ တို့ ဖြစ်သည်။

ထိုနှစ်များကို ကြည့်မည်ဆိုပါက ၁၉၁၇ သည် ပထမကမ္ဘာစစ် နှင့် ကြုံကြိုက် သည် သာမက ၁၉၁၇ နိုဝင်ဘာလ ၂ ရက်နေ့ တွင် ဗြိတိန်နိုင်ငံက ဘဲယ်ဖိုး ကြေညာချက် ထုတ်ပြန်ခဲ့သည်။  ယင်းကြေညာချက် တွင် ဂျူးလူမျိုးများကို ပါလစ်စတိုင်နိုင်ငံ၌ အခြေချပိုင်ခွင့် ပြုထားသည်။  ယင်းသည် ယေဇကျေလ အနာဂတ္တိကျမ်း အခန်းကြီး ၃၇ ၏ ဟောကြားချက် ပြည့်စုံစေ ရန်အတွက် ဖြစ်သည်။  ထိုကျမ်း ၏ အဓိက ဆိုလိုချက်မှာ ဘုရား သခင် သည် နောက်ဆုံးသော ကာလ၌ ဂျူးလူမျိုးမှာ ကို ကမ္ဘာ အရပ်ရပ်မှ ခေါ် ဆောင်၍ မိမိ တို့  ၏ ရှေးမူလ တိုင်းပြည် သို့ ပို့ဆောင်လိမ့်မည် ဟူ၍ ဖြစ်သည်။  သို့ ဖြစ်၍ ပထမကမ္ဘာစစ် သည် အစ္စရေး လူမျိုးများ မိမိတို့  နိုင်ငံသို့ ပြန်လာနိုင်ရန် နိုင်ငံတကာက ပါဝင်၍ ဆင်နွှဲရသော ကမ္ဘာ့  စစ်ပွဲ ဖြစ်နေသလို ဖြစ်ကာ ထိုနှစ်များ၌ပင် နှစ်ပေါင်း ရှစ်ရာ ကြီးစိုးလာ ခဲ့ ပြီးပြီ ဖြစ်သော၊ ယနေ့ အစ္စရေး နိုင်ငံ ရှိရာ အရပ်ကို အုပ်စိုး ခဲ့သော အိုတိုမင် အင်ပါယာ လည်း ဆုံးခန်းတိုင် ရောက် ရပါတော့ သည်။

ထို့ အတူ ဒုတိယ ကမ္ဘာစစ် သည် အစ္စရေး လူမျိုးတို့ ၏ နိုင်ငံ လွတ်လပ် ရေး ရရန် ဆင်နွှဲပေးရသော ကမ္ဘာ့ စစ်ပွဲ ဖြစ်နေ သလို ဖြစ် နေခြင်းသည် ထူးခြား၏။  ထို့နောက် ၁၉၆၆ ဂျိုဘီလီသည် ၁၉၆၇ ခုနှစ် ၆ရက်တိုက်ပွဲ၌ အီစ္စရေး နိုင်ငံ က ယေရူးရှလင်မြို့အရှေ့ပိုင်းကို သိမ်းပိုက်လိုက် ခြင်းအားဖြင့် ရှေးမြို့တော်ကို တလုံးတ၀တည်း ပေါင်းစည်းလိုက်သည် အချိန်နှင့် မတိမ်းမယိမ်း ဖြစ်နေ ပြန် သည်။  နောက် တဖန်ကျရောက်မည့် ဂျိုဘီလီနှစ်သည် နိမိတ်လက္ခဏာ များ အထပ်ထပ် ပေါင်းစု နေသော ယခုနှစ် ၂၀၁၅ ပင် ဖြစ်ပါ တော့သည်။  အစ္စရေး နိုင်ငံ ကို အပြတ် ချေမှူန်း လိုသည့် နိုင်င်္င များ အဖွဲ့ အစည်း များကို ယခုတလော သတိထား မိ ပါ၏ လော။

ဆာလံ ၈၃း၎ ၌ “အစ္စရေး နာမကို နောက်တဖန် အောက်မေ့ခြင်း မရှိစေခြင်ငှါ လာကြ သူတို့  အမျိုး ကို ပယ်ဖြတ်ကြ ကုန်အံ့…” ဟု ပါရှိ သည်။  တချို့ သော နိုင်ငံ နှင့် အဖွဲ့ အစည်းတို့  သည် ထိုစကားလုံး များကို တသွေမသိမ်း သုံး၍ အီစ္စရေး ကို ခြိမ်းခြောက် သမှူ ပြုကြ၏။  အင်မတန် စိတ်လှုပ်ရှား ဘွယ်ရာ နှစ်ပါ တကား။

သို့ဖြစ်ရာ ၂၀၁၅ ခုနှစ်သည် ဘလတ်မွန်း သက်ထရက်၊ ရှမစ်သာနှစ်၊ ဂျိုဘီလီ နှစ်များနှင့် ကြုံကြိုက် နေသည် မှာ အလွန်ဆန်းကြယ် လှသည်ဖြစ်ရကား အနာဂတ် ကာလ ကို စူးစမ်းလေ့လာ သော သူ များ အနေဖြင့် ယခု အချိန်၌ အထူး စိတ်ဝင် အစားဆုံး အရာ များမှာ ခရစ်တော် ကြွလာ ၍ယုံကြည်သော သူများအား သိမ်းဆည်း မည့်အချိန် ရောက် တော့မည်လော၊ သို့ တည်းမဟုတ် ထာဝရဘုရား၏ ထူးမြတ်သောနေ့ ကြီးဟု မြန်မာ ကျမ်းစာ၌ ဘာသာပြန် ထားသော ခုနှစ် နှစ် ဘေးဒံ ကြီးကာလ ရောက်ရှိ လာတော့မည်လော၊စသည် စသည် များ ဖြစ်သည်။

ကမ္ဘာတခွင် လုံး၌ သောင်းကျန်းသူများ၊ အပြစ်ဒုစရိုက် များနှင့် ပြည့်နှက် နေ သည့်ကာလ ဖြစ်သည့် အားလျော်စွာ ကမ္ဘာကို တုန်လှုပ်စေ လောက်သည့် မည်သည် ဖြစ်ရပ် များ ဖြစ်ပေါ် လာမည်နည်း ဆိုသည်ကိုမူ ယနေ့ မျက်မှောက် ဖြစ်ပျက်နေသော အရာများ သတင်းများကို စူေးစမ်းလ့လာ သုံးသတ်ရမည် သာမက ၀ိညာဉ်ရေးရာ၌ အဆင်အသင့် မဖြစ်သေးသူ ဖြစ်ပါက လည်း နှောင့်နှေး မနေဘဲ မဆိုင်းမတွ ကြိုတင် ပြင်ဆင်ရမည့် အချိန် ကာလပင်။

ယခု ဆွေးနွေးခဲ့သော အ ရာများ နှင့် စိမ်းနေသေးသော သူ များ အနေ ဖြင့် ထက်ကောင်း ကင်ရှိ နေ၊လ၊ နက္ခတ္တာရာ များ နှင့် ချိန်းချက် သော အချိန်များကို ဖန်ဆင်း သတ်မှတ်ပေးသော ဖန်ဆင်းရှင်နှင့် အမြန်နိုင်ဆုံး ရင်းနှီး သိကြွမ်း ရန် ကြိုးစား အားထုတ် ခြင်းသည် အကောင်း ဆုံးသော ပထမ ခြေလှမ်း တရပ် ဖြစ်ပါကြောင်း နိုးဆော် အားပေး အပ်ပါသည်။

ဆလိုင်းသွှအောင်
ဇန်နဝါရီ ၁၄၊ ၂၀၁၅

Salai Thuah Awng Official YouTube Channel: https://www.youtube.com/user/wb1160
Salai Thuah Awng Official Facebook Page: https://www.facebook.com/salai.thuahawng

××××××

ယခင် မိုးမခ မှာ ဖော်ပြခဲ့ဖူးသည့် ဆလိုင်းသွှအောင်၏ စာများ —

ဆလိုင်းသွှအောင် ၏ ခရစ္စမတ် တေး လက်ဆောင် (၂၀၁၄)
http://moemaka.com/archives/41160

http://www.moemaka.blogspot.com.au/2014/12/blog-post_10.html

သန်းခေါင်ယံ တံခါးခေါက်သံ
http://moemaka.com/archives/1226
http://www.moemaka.blogspot.com.au/2013/07/salai-thaw-aung-remembering-saw-bwe-mu.html


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts