ကဗျာ ခင်လွန်း

ခင်လွန်း – ငုပ်ကောင်

ခင်လွန်း – ငုပ်ကောင်
(မိုးမခ) ဇန်န၀ါရီ ၁၂၊ ၂၀၁၅
======
အဖြစ်က
တနေ့တုန်းက
နှစ်ခြမ်းကွဲတယ်
မနေ့က
လေးစိတ်ကွဲတယ်
ဒီနေ့
အစိတ်စိတ်အမွှာမွှာ
တစစီ။

လက်ညှိုးငေါက်ငေါက်တွေကြား
ရေပန်းအစားဆုံးကတော့
“ယုံကြည်မှု” ဆိုလား
ကိုယ်စွဲလေး …။

ဟိုမှာ
“အတ္တ”ဆိုတဲ့
အဓိကလက်သည်ကတော့
မျက်ကွယ်တနေရာမှာ
သူ့ဓားကိုမြေ့နေအောင်သွေးလျက်
ပြုံးပြုံးကြီး အမြိန့်သား ။ ။

ခင်လွန်း
၁၁.၁.၁၅၊ နေ့ ၁း ၃၀။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts