Han Thit Naing သတင်းပဒေသာ

ဟန်သစ်နိုင် – မသန်စွမ်းကလေးငယ်တွေအတွက် ရန်ပုံငွေဖျော်ဖြေပွဲ ကျင်းပမည်

ဟန်သစ်နိုင် – မသန်စွမ်းကလေးငယ်တွေအတွက် ရန်ပုံငွေဖျော်ဖြေပွဲ ကျင်းပမည်
(မိုးမခ) ဇန်န၀ါရီ ၁၂၊ ၂၀၁၅

ရွှေဂုံတိုင် ကလေးပြုစုရေးဌာနနှင့်  ကျိုက်ဝိုင်း မသန်စွမ်း သက်ငယ်သင်တန်းကျောင်းအတွက် ရန်ပုံငွေဖျော်ဖြေပွဲနှင့် ဈေး ရောင်းပွဲတော်ကို ဖေဖော်ဝါရီလကုန်ပိုင်းတွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ကွင်းအမှတ် (၁) တွင် ကျင်းပမည်ဖြစ်ပြီး နာမည်ကြီး အနုပညာသမားများကိုယ်တိုင် လာရောက်ဖျော်ဖြေမှာဖြစ်ပါတယ်။

အဆိုပါပွဲကို Brilliant PRE-SCHOOL မှစီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း ဇန်နဝါရီ (၈) ရက် ရန်ကုန်မြို့Central Hotel တွင် မွန်းလွဲ (၁) နာရီအချိန်က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

ဂီတဖျောဖြေပွဲနှင့် ဈေးရောင်းပွဲတော်မှရရှိမည့် ငွေကြေးများကို လူမှုရေးချို့တဲ့နေသည့်ကလေးများ၊ စောင့်ရှောက်သူမဲ့ မွေး စမှ အသက် (၈) နှစ်အရွယ်အထိကလေးများ၊ အခြေခံပညာကျောင်းများတွင် တက်ရောက်နိုင်ခြင်းမရှိသော မသန်စွမ်း ကလေးများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာယ၊ ဉာဏ၊ စာရိတ္တပိုင်းများတွင် ဖွံ့ဖြိုးတိုးတက်ရန်ရည်ရွယ်၍ လှူဒါန်းသွား မည်ဖြစ်ကြောင်း၊ ပွဲစဉ်သူ Brilliant PRE-SCHOOL မှ တာဝန်ယူဆောင်ရွက်သူ မဖြူပြာမှလည်း ယင်းပြုလုပ်မည့်ပွဲကို ဇန်နဝါရီလမှ ဖေဖော်ဝါရီလကုန်ပိုင်းသို့ ပြောင်းရွှေ့ရခြင်းကိုသိရှိစေရန်နှင့် ကလေးများအတွက်လှူဒါန်းသော ရန်ပုံငွေပွဲကို မိဘပြည်သူများသိစေရန် စာနယ်ဇင်းရှင်းလင်းပွဲပြုလုပ်ရကြောင်း ပြောပြခဲ့ပါတယ်။

ဖျော်ဖြေမည့်အဆိုတော်များမှာ စည်သူလွင်၊ ဂျီလတ်၊ ထွန်းထွန်း၊ မိုးမိုး၊ ဝေလ၊ ကျော်ထွဋ်ဆွေ၊ ဖြူဖြူကျော်သိန်း၊ နီနီခင်ဇော်၊ စန္ဒီမြင့်လွင်၊ နေနေ၊ နန်းမြတ်ဖြိုးသင်း၊ နန်းသူဇာ၊ ဟား (၅) ကောင်အငြိမ့်၊ အိမ်မက်ဆုံရာ အဆိုရှင်များနှင့် David မောင်မောင် မျက်လှည့်များပါဝင်ဖျော်ဖြေမည်ဖြစ်သည်။ အဆိုတော်ကျော်ထွဋ်ဆွေမှလည်း ကလေးများအတွက် ရန်ပုံငွေပွဲတွင် ပါဝင် ဖျော်ဖြေရခြင်းသည် ကုသိုလ်လည်းရ ပီတိလည်းဖြစ်ရကြောင်းနှင့် ကိုယ်တိုင်သီဆို၊ ကိုယ်တိုင်ဈေးရောင်းသွားမည်ဖြစ် ကြောင်းများပြောပြခဲ့ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts