ရသဆောင်းပါးစုံ

ကိုသစ် (သီတဂူ) ဆယ်လမွန်ငါးတို့ အပြန်

ကိုသစ် (သီတဂူ) ဆယ်လမွန်ငါးတို့ အပြန်
(မိုးမခ) ဇန်န၀ါရီ ၁၀၊ ၂၀၁၅
အိမ်ပြန်ချင်နေတဲ့ အသိမိတ်ဆွေတစ်ဦးက ဆယ်လမွန်ငါးတို့အပြန်သီချင်းဟာ အလွန် ကောင်းတဲ့အတွက် နားထောင်ကြည့်ပါဦးလို့ ပြောတာနဲ့ အဆိုတော်ခင်ဝမ်းရဲ့ ဆယ်လမွန်ငါးတို့ အပြန်ဆိုတဲ့ သီချင်းကို တခုတ်တရ နားထောင်မိရာကနေ သီချင်းရဲ့ အဓိပ္ပါယ်ကို အားပြုရင်း ဆယ်လမွန်ငါးတွေအကြောင်း၊ အိမ်ပြန်ချင်နေကြသူတွေ အကြောင်းနဲ့ အိမ်မပြန်ချင်ကြသူတွေအကြောင်းကို ဆက်တွေးနေမိတယ်။

အရှင်လတ်လတ် ဆယ်လမွန်ငါးကို အပြင်မှာ တစ်ခါမှ မမြင်ဖူးပါဘူး။ ဆယ်လမွန်ငါးဆိုတာ ဘယ်လို ငါးမျိုးပါလိမ့်။ လိုက်ရှာကြည့်တော့ သူတို့ရဲ့ ထူးခြားတဲ့ လက္ခဏာလေးတွေ ကို တွေ့ရပါတယ်။ တကယ်တော့ ဆယ်လမွန်ငါး ဆိုတာ မြန်မာတွေနဲ့ ရင်းနှီးကျွမ်းဝင်ပြီး သား လည်းဖြစ်တယ်။ ငါးသေတ္တာဗူးတွေထဲမှာပါတဲ့ ငါးတွေဟာ ဆယ်လမွန်ငါးတွေတဲ့လေ။ ငါးသေတ္တာစားဘူးရင် ဆယ်လမွန်ငါးကို သိပြီပေါ့။ ဂျပန်လူမျိုးတွေရဲ့ကမ္ဘာကျော် ဆူရှီထဲအသုံးပြုတဲ့ ငါးတွေဟာလည်း ဆယ်လမွန်ငါးတွေပဲဖြစ်တယ်။ ဆယ်လမွန်ငါးကို ဥရောပတိုက် အနောက်ဘက်၊ ကနေဒါနိုင်ငံအရှေ့ဘက်နဲ့ အမေရိကန် အရှေ့ဘက်ခြမ်းတို့မှာ အများအပြား တွေ့မြင်နိုင်ပါတယ်။

သို့သော် မြောက်အမေရိကတိုက် အနောက်ဘက်ခြမ်းမှာရှိတဲ့ မြစ်ချောင်းတွေကို ဆိုင်းမြစ်လို့ ခေါ်သတဲ့။ အဲဒီဆိုင်းမြစ်ဟာ သူတို့ရဲ့ တစ်ခုတည်းသော အမိမြေလို့ ဆိုပါတယ်။ ဆယ်လမွန်ငါးတွေဟာ အုပ်စုဖွဲ့ပြီး သူတို့ရဲ့ အမိမြေဆိုင်းမြစ်ကနေ အလာစကာကိုပတ်ပြီး ဂျပန်ရောက်တဲ့အထိ ကူးခတ်ကြတယ်။ ဆိုင်းမြစ်ကနေ ဂျပန်ရောက်ဖို့ တစ်နှစ်ကနေ လေးနှစ်အထိ ကြာတယ်လို့ ဆိုပါတယ်။ ဂျပန်ကနေ တစ်ခါပြန်ပြီး သူ့မိခင်တိုင်းပြည်ကို အုပ်စုလိုက်ပြန်ကြပြန်တယ်။ ဆယ်မွန်ငါးတွေဟာ ဘာကြောင့် ဒီလောက်မို င်ပေါင်းထောင် ချီဝေးတဲ့ခရီးကို ကူးခတ်ပျံသန်းနေကြပါလိမ့်၊ ဘာဖြစ်လို့ ဂျပန်ပြည်ကိုမှ ရွေးပြီး ကူးခတ်ကြတာပါလိမ့်၊

ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ဆယ်မွန်ငါးတို့အပြန် သီချင်းကို ဆိုခဲ့တယ်ဆိုတာကိုတော့ ကိုခင်ဝမ်းပဲ သိမှာပါ။ သူ့အဖေက ဂျပန်မဟုတ်လား။ သူကလည်း ဂျပန်တ၀က်ဆိုတော့ ထူးခြားတဲ့ အမြင်ေ တာ့ သူ့မှာ ရှိမှာသေချာတယ်။ ဆယ်မွန်းငါးတွေကတော့ ငါးသဘာဝအရ သွားလာ လှုပ်ရှားနေခြင်းဖြစ်တယ်လို့ ဆိုသည့်တိုင် ဘာကြောင့် ဂျပန်ပြည် ကိုမှ ရွေးပြီး သွားကြ တာပါလိမ့်။ ဂျပန်ရောက်ပြီးရင် ကိုယ့်အိမ်ကိုယ့်ရာကို မရောက်ရောက်ေ အာင် ပြန်လာ တတ် တဲ့ သူတို့ရဲ့ သဘာဝကတော့ အခြားငါးတွေထက် တမူထူးခြားတဲ့ သဘာဝတစ်ခု လို့ပဲ ဆိုရမှာပါ။ ကိုယ်တို့တတွေလည်း မိုင်ပေါင်းထောင်ချီ ပျံသန်းခဲ့ကြပြီးပြီ။ ဘယ်နေရာရောက်ရောက် အချိန်တန်ရင် ဆယ်လမွန်ငါးတွေလို ကိုယ့်အိမ်ကို ပြန်ချင် သူတွေလည်းရှိမယ်။ ကိုယ့်အိမ်ကို မပြန်ကြချင်သူတွေလည်း ရှိမယ်ပေါ့။ ကိုယ့် အကြောင်းနဲ့ ကိုယ်။ ကိုယ့်ဘ၀နဲ့ကိုယ်။ ကိုယ့်အနာ ကိုယ်ပဲသိတော့မှာပေါ့။

တစ်ချို့ငါးတွေက ရေချိုမှာပဲ ရှင်သန်နိုင်ပြီး ရေငံမှာ အသက်မရှင်နိုင်ကြပါဘူး။ ဆယ်လမွန်ငါးတွေရဲ့ ထူးခြားချက်တွေထဲမှာ ဆယ်လမွန်ငါးတွေဟာ ရေချို ရေငံ မရွေးခြင်းလည်းပါပါတယ်။ ဒါကြောင့် ရေချိုဖြစ်တဲ့ ဆိုင်းမြစ်ကနေ ရေငံဖြစ်တဲ့ ပစိဖိတ်သမုဒ္ဒရာထဲမှာ ရှင်သန်နိုင်ခြင်းပဲဖြစ်ပါတယ်။ ဘာကြောင့် ရေငံထဲမှာ နေထိုင်နိုင် သလဲဆိုရင် ဆယ်လမွန်ငါးတွေဟာ ရေငံထိတာနဲ့ တပြိုင်နက် သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဓာတ်သဘာဝတွေက ချက်ခြင်းပြောင်းလဲသွားတယ်။ ဒါကို ဇိဝဗေဒအလိုအရ Locomotion and Homeostatic လို့ ခေါ်ပါတယ်။ ပတ်ဝန်းကျင် ကို အခြေခံပြီး ဆယ်လမွန်ငါးတွေရဲ့ ဇီဝဖြစ်စဉ်တွေ ပြောင်းလဲတတ် တဲ့သဘော။ ဒါကြောင့် လည်း ရေချိုမှာရော ရေငံမှာပါ ရှင်သန်နိုင်ခြင်းဖြစ်ပါတယ်။ ဆယ်လမွန်ငါးတွေဟာ ရေချိုအရပ်မှာမွေးပေမယ့် တနှစ်လုံးရေချိုထဲမှာ နေလေ့မရှိဘူးတဲ့။ အသက် နှစ်နှစ်ေ လာက် ရှိတဲ့အခါ ပင်လယ်ပြင်ထဲမှာ ကျက်စားရတာကို ပျော်တယ်။ နွေရာသီမှာ မြစ်ချောင်းငယ်တွေထဲမှာနေပြီ ဆောင်းဝင်လာရင်တော့ ပင်လယ်ထဲမှာ နေလေ့ရှိ တယ်။ ဆောင်းဝင်လာတာနဲ့ သူတို့ရဲ့ အသွေးအရောက်က လည်း ပြောင်း လဲ သွား တယ်။ ငွေရောင်ကနေ မွဲခြောက်ခြောက်ဖြစ်သွားတယ်။ ကျောကုန်းဟာ မို့မောက် လာပြီး နှာသီးလည်း ရှည်ထွက်လာတယ်၊ အောက်မေး ရိုးက အထက်ကို ကော့ တက်သွားပြီး လှပတဲ့ ခန္ဓာကိုယ်လေးကလည်း အကျည်းတန်အရုပ်ဆိုးသွားသတဲ့။
ဒီလိုရာသီ ပြောင်းချိန်မှာဆိုရင် ဆယ်လမွန်ငါးဟာ အရင်လို စားလို့ သိပ်မကောင်းတော့ ဘူးလို့ဆိုပါတယ်။ ဆောင်းဦး ပေါက်ရင် ငါးမတွေဟာ ရေပြင်အောက်ခြေက မြေ သဲတွေကို ခန္ဓာကိုယ်နဲ့ လူလှိမ့်လိုက်ပြီး မြောင်းကလေးတွေ လုပ်တယ်။ ပြီးရင် မျိုးဥတွေ အုပြီး သဲနဲ့ပြန်ဖုံးထားလေ့ရှိပါတယ်။ နိုဝင်ဘာ၊ ဒီဇင်ဘာလတွေမှာ ဥအုလေ့ရှိပြီး ဆယ်လမွန်ငါးမတွေ မျိုးဥအုတဲ့အချိန်ဆိုရင် ငါးထီးတွေက စောက်ရှောက် ပေးလေ့ရှိတာကလည်း တာဝန်ယူလိုစိတ်ရှိကြောင်းကို ပြသရာလည်း ရောက်နေပြန် ပါတော့တယ်။ မျိုးဥအုပြီးချိန်မှာ အားအင်ကုန်ခမ်းတာမျိုးတွေဖြစ်လေ့ရှိပါတယ်။

ဆယ်လမွန်ငါး ဥတွေဟာ အစပထမမှာ အနီရင့်ရောင်ပုတီးစေ့လေးတွေလိုပဲ။ အရွယ်အစားက ပဲစေ့တစေ့စာလောက်ရှိပါတယ်။ ဆောင်ရာသီတစ်ခုလုံး သဲအောက်မှာ ဖုံးထားတဲ့ ငါးဥလေးတွေက နွေဦးရာသီမှာ သဲနုများကိုထိုးဖောက်ပြီး အကောင် ပေါက်လေ့ရှိပါတယ်။ အကောင်ဖြစ်ဖို့ ရက်ပေါင်း ၆၀-လောက် အချိန်ယူရပါ တယ်။ ကိုယ်ပေါ်မှာ အစာအိတ်တအိတ်အပိုတယ်။ အဲဒီအိတ်ကို အနှစ်အိတ်လို့ ခေါ်ပါသတဲ့။ ဥအထဲက အနှစ်အိတ်ကို မှီဝဲခြင်းဖြင့် မွေးခါစငါးကလေးဟာ ရက်ပေါင်း အတော်ကြာ တဲ့အထိ အစာမစားပဲ အသက်ရှင်နေထိုင်နိုင်ပါတယ်။ ဆယ်လမွန်းငါးေ ပါက်စလေးဟာ ဖားလောင်းပုံသဏ္ဌာန်ရှိပြီး အရွယ်က တစ်လက်မေ လာက်ပဲ ရှိတယ်။ အကြီးမြန်လို့ မကြာခင်မှာပဲ ၄ လက္မ ၅လက္မအထိရှည်တဲ့ ငါးကြီးဘ၀ကို ရောက်သွား ပါတော့တယ်။ ရ-လက္မလောက်ရှိမှ ပင်လယ်ပြင်ကို ဆင်းလေ့ရှိတယ်။ ငါးကြီးဘ၀ကိုရောက်ဖို့ အချိန်လေးနှစ်လောက်ယူရတယ်လို့ ဆိုပါတယ်။

အတ္တလန္တိတ်ဆယ်လမွန်းငါး၊ ပစိဖိတ်ဆယ်လမွန်ငါး၊ ချင်းနွတ်ဆယ်လမွန်ငါးစသဖြင့် ဆယ်လမွန်ငါးမျိုးပေါင်း အများကြီးရှိပါတယ်။ ရေချိုမှာဆယ်လမွန်ငါးကိုတော့ ကုန်းဆယ်လမွန်းငါးလို့ ခေါ်ပါသတဲ့။ ကမ္ဘာ့နိုင်ငံတိုင်းမှာလိုလို ငါးသေတ္တာဗူးကို ရနိုင်တာကြောင့် ဆယ်လမွန်ငါးစည်သွတ်လုပ်ငန်းဟာ ကနေဒါနဲ့ အမေရိကအတွက် ၀င်ငွေကောင်းတဲ့ လုပ်ငန်းတစ်ခုလည်းဖြစ်ပါတယ်။ ငါးသေတ္တာဗူးလုပ်ဖို့အတွက် အကောင်းဆုံး ဆယ်လမွန်ငါးမျိုးဟာ ကွင်းနက်ဆယ်လမွန်ငါးပဲဖြစ်ပါသတဲ့။ ကနေဒါနဲ့ အမေရိကအပြင် နယူးဇီလန်ကျွန်းမှာ စမ်းသပ်မွေးမြူတာ အတော်အောင်မြင်တယ်လို့ သိရပါတယ်။

နောက်ထူးခြားချက် တစ်ခုကတောာ့ ဆယ်လမွန်ငါးတွေ အိမ်ပြန်တဲ့ အခါ ရေဆန်ကို ဆန်ပြီးတက်ခြင်းပဲ။ အိမ်ပြန်လမ်းမှာ အစာမစားဘူးလို့ သိရပါတယ်။ သူတို့ကိုယ်ထဲမှာ သိုလှောင်ထားတဲ့ စွမ်းအင်ကို ပြန်ပြီးအသုံးပြုသတဲ့။ သဲကန္တာရမှာ သစ်ကုလားအုတ်တွေ ရေမသောက်ပဲ အကြာကြီး နေနိုင်သလိုမျိုး ဖြစ်မယ်ထင်ပါ တယ်။ ဆယ်လမွန်ငါးတွေရဲ့ အိမ်အပြန်ခရီးဟာ ရေဆန်ကို ဆန်တက်ပြီး ပြန်ရတာမို့ အဆင်ပြေ ချောမွေ့လှတယ်လို့ ပြောလို့မရပါဘူး။ ပင်ပင်ပန်းပန်း ကူးခတ်ပြီး ပြန်ကြ ရတာ။ လူတွေဖမ်းမိလို့ သေဆုံးရတာမျိုးရှိသလို အစာစားလေ့မရှိတဲ့အတွက် တစ်ချို့ လည်း အိမ်ပြန်မရောက်ကြပဲ အရမ်းပင်ပန်းပြီး လမ်းခုလတ်မှာတင် သေဆုံး သွားကြပါတယ်။ သက်လုံမကောင်းရင် လိုရင်း မရောက်ဘူးလေ။ လမ်းခရီးမှာပဲ နေခဲ့ေ တာ့။ အိမ်ပြန်ချင်ဇောနဲ့ ကျန်တဲ့သူတွေ ရှေ့ခရီးကို အားစိုက်လို့ ပြန်ကြတယ်။

ပင်လယ်က လွတ်တဲ့အခါ တစ်ခါတလေမှာ ရေတံခွန်တွေကို ဖြတ်ကျော်ရတာမျိုးလည်း ရှိပါတယ်။ ဆယ်လမွန်ငါးတွေဟာ တစ်ခါခုန်ရင် ၆-ပေ ရ-ပေလောက်မြင့်တဲ့အထိ ခုန်နိုင်တယ်တယ်။ ဒီတော့ ရေတံခွန်သေးသေးလေးတွေတွေ့ရင် ခုန်တက်လိုက်တာပဲ။ ဒီလိုမျိုး အခက်အခဲတွေကို တစ်ခုပြီးတစ်ခု ကျော်တက်ပြီး အိမ်ပြန်ကြတာ။

နောက်တစ်ခု သူများနဲ့မတူတဲ့ ထူးခြားချက်က ဆယ်လမွန်ငါးတွေ ဟာ မြောက်အမေရိက တိုက် ကနေ ဂျပန်ကမ်းခြေအထိသွားတယ်။ ဂျပန်ကနေ မြောက်အမေရိကတိုက်က သူတို့အိမ်ကို ပြန်တယ်။ ပင်လယ်ပြင်မှာ လမ်းမှားသွားတယ်ဆိုတာမျိုး မရှိဘူး တဲ့။ မြေပုံမလိုပဲ လိုရာခရီးကို ရောက်အောင်သွားနိုင်ကြတယ်။ သူတို့မှာ အနံ့ခံစနစ်က အရမ်းကောင်းတယ်၊ Natural Compass လို့ခေါ်တဲ့ သဘာဝက အလိုလိုပေးလိုက်တဲ့ သံလိုက်အိမ်မြောင်ကို အသုံးပြုပြီး မြစ်ထဲမှာရှိတဲ့ သံလိုက်ရှိတဲ့နေရာ (Magnetic Field) တွေကို အာရုံခံစားနိုင်တယ်။ ကမ္ဘာပေါ်က မြစ်တွေတိုင်းမှာ ဓာတုပစ္စည်းပါဝင် (Chemical Composition)ရှိတယ်။ ဆိုမွန်ငါးတွေရဲ့ အမိမြေ ဆိုင်းမြစ်ဟာ တခြားမြစ်နဲ့မတူတဲ့ ဓာတုပါဝင်မှု့လို့ ဆိုမွန်ငါးတွေအတွက် အိမ်အပြန်လမ်းကို အနံ့ခံပြီး ပြန်ကြတယ်လို့ ဆိုပါတယ်။ ဆယ်လမွန်ငါးဆိုတာ ဂျပန်တွေ အတုခိုးတဲ့ ငါးတဲ့လေ။ ဟုတ်မှာပါ။ ကမ္ဘာတစ်လွှား ဘယ်နေရာကိုသွားသွား ဘ၀ကို အထိုင်ဖုံးတစ်လုံးလို ကျောက်ချထားတဲ့ ဂျပန်လူမျိုးတွေကို တွေ့ရခဲပါတယ်။

ဆယ်လမွန်ငါးတွေကတော့ မိုးဦးကျပြီဆိုတာ အသေချာသိမှ အိမ်ကို ပြန်ကြသတဲ့။ မိုးဦးမကျသေးလို့ အိမ်မပြန်ချင်သေးတာလား ဆောင်း..။ ဆယ်လမွန်ငါးတွေကတော့ ရေဆန်ကိုလှန်ပြီး အိမ်ပြန်တတ်ကြတယ်။ မိုင်ပေါင်ထောင်ချီပြီး လွင့်စင်သွားခဲ့ရတဲ့ ကျနော်တို့ရဲ့ ဆွေးမျိုးသားချင်းတွေ။ အိမ်ကိုပြန်ဖို့ တာစူနေကြသူတွေရှိသလို ရောက်ရာအရပ်မှာပဲ ဘ၀ကို အတည်တကျ ချည်နှောင်ထားပြီး အိမ်မပြန်လိုကြ သူတွေလည်း အများကြီးရှိပါတယ်။ ဘာပဲဖြစ်ဖြစ် အရာရာအားလုံးကို လက်ခံ လိုက်ပါတယ်။

မိုးဦးရေဆန် …. ဆယ်လမွန်ငါးတွေကတော့ အိမ်ပြန်နေကြပြီ ဆောင်းရေ..။

ကိုသစ် (သီတဂူ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts