လောကဓာတ်ခန်း

မောင်သာမာန် – GPS and DP System ကမ်းလွန်ရေနံသင်္ဘောမောင်နှင်ခြင်း

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

မောင်သာမာန် – GPS and DP System ကမ်းလွန်ရေနံသင်္ဘောမောင်နှင်ခြင်း

(မိုးမခ) ဇန်န၀ါရီ ၁၀၊ ၂၀၁၅

 
ဂျီပီအက်စ် ဆိုတဲ့စကားလုံးနဲ့ပစ္စည်းပါ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးနဲ့အတူ ရောက်ရှိလာပါတယ်။ ကိုယ်ဘယ်နေရာမှာ ရှိသလဲ ဆိုတာသိဖို့ တယ်လီဖုန်းထဲကနေ ဂျီပီအက်စ် အွန်ပြီး၊ ကြည့်လိုက်တယ်လို့ ပြောကြတယ်။ ဂျီပီအက်လမ်းညွှန်နဲ့ ရန်ကုန်၊ မန္တလေး၊ ပုဂံ တွေမှာ ကားမောင်းသွားလာပြီး၊ မကြာခင် မြန်မာတနိုင်ငံလုံး မြေပုံတွေပြီးစီးသွားပါတော့မယ်။ ဂျီပီအက်စ်မှာ မြန်မာလို စာလုံးတွေ၊ မြို့၊ရွာ၊လမ်း အားလုံး  မြင်ရပြီး၊ အလကားရတဲ့ ဂျီပီအက်တစ်ခုကို ကျပ်၅သောင်းပေးပြီးသုံးရတော့မယ်။ တယ်လီဖုန်းထဲမှာ ဖန်ရှင်တွေ တပုံကြီးထဲက ဂျီပီအက်စ် တခုကို သိအောင်၊သုံးနိုင်လာပါတော့မယ်။ လူငယ်တွေကတော့ သင်လွယ်၊တတ်လွယ်၊ အစွဲမကြီးတော့ သင်ကြားဖို့လွယ်ကြပါတယ်။
.
တကယ်တော့ ဂျီပီအက်စ် GPS ဆိုတာ အမေရိကန်နိုင်ငံ၊ စစ်တပ်သုံးဖို့အတွက် တီထွင်ထားတဲ့ ဂလိုဘယ်ပိုရှိရှင်းစစ္စတမ် GPS Global Position System ဖြစ်ပါတယ်။ ဂြိုလ်တု ၂၄လုံး လွှင့်တင်ထားရင် တကမ္ဘာလုံးကို ဆက်သွယ်လို့ရတဲ့ နည်းလမ်းပါ။ ဒီနည်းပညာကို ၁၉၄၀လောက်ကတည်းက အသုံးပြုဖို့ကြိုးစားရင်း ဂျီပီအက်စ်စနစ်အတွက် ဂြိုလ်တုတစ်လုံးပြီး၊ တလုံး ကမ္ဘာပတ်လမ်းကြောင်းပေါ် လွှတ်တင်ခဲ့ပါတော့တယ်။ ကမ္ဘာလည်ပတ်နှုံးအတိုင်း လည်ပတ်တဲ့ဂြိုလ်တု ဆိုတော့၊ ကောင်းကင်မှာ တနေရာတည်း ရပ်နေတဲ့ ဂြိုလ်တုတွေ ဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ်မှာ အမေရိကန်က နောက်ဆုံးနံပါတ်၂၄ ဂြိုလ်တုကို လွှတ်တင်ပြီး၊ ကမ္ဘာတခုလုံး နေရာတကာသိနိုင်ခြင်းကိုထိန်းချုပ်ဖို့ လမ်းစတင်ခဲ့ပါတယ်။ ဂျီပီအက်စ် အခမဲ့ပေးပါတယ်။ ကျန်တဲ့နိုင်ငံတွေကလည်း အမေရိကန်အထိန်းချုပ် မခံချင်ကြပါဘူး။ ရုရှားနိုင်ငံက GLONASS စနစ်ဆိုပြီး အပြိုင်လွှင့်တငခဲ့သလို့ ဥရောပဘုံဈေးနိုင်ငံများကလည်း စုပေါင်းပြီး၊ ဂယ်လီလီယို Galileo စနစ်လွှင့်တင်ပါတယ်။ ဂျီပီအက်စနစ် မူသစ်အသွင်ကွဲ ဖြစ်ပါတယ်။ အန္နိယနဲ့တရုပ်ကလည်း ငွေတွေအကြီးကျယ် အသုံးချပြီး သူတို့လူမျိုး၊နိုင်ငံအတွက် ကမ္ဘာ့အဆင့်မှီဖို့ ဂြိုလ်တုအပြိုင်လွှင့်တင်လိုက်ခဲ့ပါပြီ။ အဓိကတော့ သူတို့ပိုင်နယ်မြေမှာ သူတို့ဂြိုလ်တုကိုပဲ သုံးမယ်ပေါ့။ ကိုယ့်နိုင်ငံတွင်း လှို့ဝှက်ချက်တွေကို အင်အားကြီးတဲ့နိုင်ငံများက သူတို့ဖာသာပဲ လုပ်မယ်။ အမေရိကန်က အခမဲ့ပေးပေမဲ့လဲ ယူလို့မဖြစ်ဘူး။ ကိုယ့်လှို့ဝှက်ချက်တွေ အမေရိကန်မသိစေချင်ပါဘူး။ အထူးသဖြင့် စစ်ရေး၊ နည်းပညာပိုင်း လှို့ဝှက်ချက်များကို တခြားသူများမသိအောင် ကိုယ်ပိုင်ဂြိုလ်တုလွှင့်ရပါတယ်။ 

အမေရိကန်လောက် မစွမ်းဆောင်နိုင်ပေမဲ့ ကိုယ့်နိုင်ငံ  သြဇာရှိစေမဲ့ အရေးအတွက် ကိုယ်ပိုင်နက်ထဲမှာ ဂြိုလ်တု တစ်ခုကနေ၊ လေးငါးခု လွှင့်တင်ထားခြင်းက စတင်ခြင်းဖြစ်ပါတယ်။ ဂြိုလ်တုလွှင့်ဖို့ ကုန်ကျစရိတ်ကြီးလှပါတယ်။ ဂြိုလ်တုတစ်လုံး ဒေါ်လာသန်းရာချီတန်ပါတယ်။ ကိုယ်ပိုင်ဂြိုလ်တုတွေရှိရင် ကိုယ့်နိုင်ငံတွင်း ဂြိုလ်တုဆက်သွယ်ရေးကို ဈေးနှုန်းသက်သာစွာ၊ လုံခြုံစွာ လုပ်နိုင်ပါတယ်။

အခုတော့ ဂြိုလ်တု ဂျီပီအက်စ် စနစ်နဲ့ လူတွေ၊ တိရိစ္ဆာန်နဲ့ လေယဉ်၊ သင်္ဘော၊ ကား၊ ခရီးသွားလာရေးပစ္စည်းတွေကို ထိန်းချုပ်ဖို့ လုပ်နေကြပါပြီ။ ဘယ်နေရာမှာ ရှိတယ်၊ ဘာလုပ်နေတယ် ဆိုတာ သိဖို့ အရေးအလွန်ကြီးပါတယ်။ အနည်းဆုံး ကိုယ့်အိမ်ဘယ်မှာရှိသလဲ လှမ်းကြည့်လိုပါတယ်။ လေယဉ်၊ သင်္ဘော၊ ကား၊ မော်တော်ဆိုင်ကယ်၊ လူကိုယ်တိုင် ဘယ်နေရာရောက်နေသလဲ သိချင်ရာကနေ  သူများတွေ ဥပမာ ကိုယ့်ချစ်သူ၊ အိမ်ထောင်မိသားစုဝင်တွေ ဘယ်ရောက်နေသလဲ သိချင်လာပါတော့တယ်။ ဒီတော့ ဂျီပီအက်စ် စနစ်ကိုအသုံးပြုပြီး ထိန်းချုပ်မှုလုပ်တဲ့ စက်ကရိယာများစွာ ပေါ်ပေါက်လာပါတော့တယ်။
.
ကိုယ့်နေရာကို သိဖို့နဲ့သူများနေရာကို သိဖို့၊ အလွန်အရေးကြီးဆုံး အသုံးချနယ်မြေကတော့ စစ်ဖက်ဆိုင်ရာဖြစ်ပါတယ်။ အထူးသဖြင့် ရေတပ်၊ လေတပ် စစ်သင်္ဘောများ၊ ဂျတ်တိုက်လေယာဉ်များ၊ ထိန်းချုပ်မှုစနစ်များမှာ ရန်သူကိုအနိုင်ယူဖို့ ပစ်မှတ်အတိကျ သိဖို့ အထူးလိုအပ်ပါတယ်။ ဒါကြောင့် စစ်ရေးအတွက် ဂျီပီအက်ကို အထူးတီထွင်အသုံးပြုကြပါတယ်။ အခုနောက်ပိုင်းတော့ ဂျီပီအက်စ် စနစ်ဟာ စစ်မြေပြင်ကနေ အခု စီးပွားရေးနယ်ပယ်မှာ ပိုပြီး တွင်ကျယ်စွာ အသုံးကျလျှက်ရှိပါတယ်။
.
ထိန်းချုပ်လိုသည့်အရာများကတော့…
၁။ လူများ ဘယ်နေရာရောက်နေလဲ
၂။ မော်တော်ယာဉ်များ
၃။ ရေကြောင်းသင်္ဘောနှင့်ကမ်းလွန်ရေနံ၊ဓါတ်ငွေလုပ်ငန်းများ
၎။လေယာဉ်နှင့်လေကြောင်းသွားလာလုပ်ငန်း ..စတဲ့ ပစ္စည်းတွေဖြစ်ပါတယ်။

အမှတ်(၁) 

လူများ ဘယ်နေရာရောက်နေသလဲ ဆိုတာ သူတို့ကိုင်တဲ့ မိုဘိုင်းဖုန်း၊ သူတို့အသုံးဆောင်ပစ္စည်းများမှာ ချစ်ပ် ဆိုတဲ့အရာအားဖြင့် သိနိုင်ပါတယ်။ ခရစ်ယာန်ကျမ်းစာမှာတော့ နောင်တချိန်မှာ စာတန်မာနတ်ရဲ့ လူများက လူသားတွေ နဖူး (သိုမဟုတ်) လက်ဖမိုးမှာ ချစ်ပ်ထည့်ပြီး ထိန်းချုပ်မဲ့ကာလ ရောက်လာမယ်လို့ ရေးသားထားပါတယ်။

 နံပါတ်(၂) 

ကုန်းပေါ်မှာရှိတဲ့ မော်တော်ယာဉ်များ၊ စက်ပစ္စည်းများကို ဘယ်နေရာမှာလဲ သိနိုင်ဖို့ပါ။ ဘာမှမခတ်တော့ပါဘူး။ ရိုးရိုးဂျီပီအက်စ် ပစ္စည်းများကို ဒေါ်လာတစ်ရာလောက်နဲ့ ဝယ်ပြီး၊ အသုံးချနိုင်ပါတယ်။ ဈေးချိုပါတယ်။ အထူးသဖြင့် လမ်းပေါ်မှာ ကားမောင်းသွားရင်း လမ်းညွှန်၊ ရှေ့ဆက်သွား၊ ဘယ်ကွေ့၊ ညာကွေ့၊ နောက်ပြန်ကွေ့ စသဖြင့် အသံ၊ အရုပ်နဲ့ ပြသပါတယ်။ နောက်တစ်ခု စားသောက်ဆိုင်၊ ကုန်စုံဆိုင်၊ ဓါတ်ဆီဆိုင်၊ အဓိကအဆောက်ဦများ၊ ကာစီနို၊ ကလပ်၊ ပွဲလမ်းသဘင်များအထိ ဘယ်နေရာမှာရှိတယ်ဆိုတာ ဂျီပီအက်စ်က ဖေါ်ပြနိုင်လာပါတယ်။ တနည်းအားဖြင့် ဂျီပီအက်စ် ဟာ နောက်ဆုံးပေါ်သတင်းများအထိ ကြေငြာတဲ့အဆင့်ကို ရောက်လာပါတယ်။ အချို့က အခမဲ့ ရမှာမဟုတ်ပါဘူး။ ပိုက်ဆံပေးပြီး အသင်းဝင်ထားမှ နောက်ဆုံးပေါ်သတင်း၊ လမ်းညွှန်ချက်များကို ပြသ၊ ပြောပြမှာဖြစ်ပါတယ်။

ေ ရေကြောင်းသွားလာမှု ဂျီပီအက်စနစ်ကတော့ ပိုပြီးအဆင့်မြင့်ပါတယ်။ ကမ္ဘာမြေရဲ့ သုံးပုံ၂ပုံ ရေထုဖြစ်နေလို့ ပင်လယ်သမုဒ္ဒရာ၊ တကမ္ဘာလုံး ဘယ်နေရာရောက်နေပါစေ၊ အင်တာနက်၊ တယ်လီဖုန်း အလွယ်တကူ ရရှိနေပြီး ဖြစ်ပါတယ်။ လူသုံး တယ်လီဖုန်းနဲ့အင်တာနက်က တစ်လကို ဒေါ်လာ၂၀ လောက်နဲ့ရနိုင်ပေမဲ့ သင်္ဘောသုံးအင်တာနက်စနစ်ကိုတော့ တစ်လကို ဒေါ်လာ ၂၀၀၀ အထက်ပေးရပါတယ်။ လူသုံးတယ်လီဖုန်းလိုင်းလောက် မြန်တဲ့အင်တာနက်ဆို တစ်လကို ဒေါ်လာ ၅၀၀၀လောက် ပေးရပါတယ်။ ကုမ္ပဏီများက စစ်ဖက်နဲ့မဆိုင်တဲ့ ဂြိုလ်တုတွေနဲ့ လေလှိုင်းကနေ သင်္ဘောများ သွားလာတဲ့နေရာတွေအတွက် လွှင့်ပေးခြင်းဖြစ်ပါတယ်။ အရင်ကတော့ ရေဒီယိုတယ်လီဖုန်း၊ တယ်လီဂရပ်သုံးပြီး ရေဒီယိုအရာရှိများ ခန့်ထားခြင်းကို ၁၉၉၀နောက်ပိုင်း ဖျက်သိမ်းလိုက်ပါတယ်။ သာမန်သင်္ဘောသားတဦး တောင်မှ အလွယ်တကူ တယ်လီဖုန်းပြောနိုင်ပါတယ်။ ရေကြောင်းသတင်း အချက်လက်တွေ ရနေပြီဖြစ်ပါတယ်။

ရေကြောင်းသုံး ဂျီပီအက်စ် သုံးပြီး၊ သင်္ဘောကို ကျောက်ချသလို ငြိမ်နေအောင် ထိန်းချုပ်နည်းတခုကတော့ ဒီပီ လို့ခေါ်တဲ့ DP Dynamic Positioning ဒိုင်းနမစ်ပိုရှိရှင်းစနစ် ဖြစ်ပါတယ်။ အလွန်တန်ဖိုးကြီးမားလှတဲ့ ကမ်းလွန်ရေနံတူးစဉ်ကြီးများ တစ်ခုကို ဒေးလာ ဘီလျှံနဲ့ချီပြီး တန်ဖိုးရှိပါတယ်။ ကုန်တင်ကုန်ချ လာလုပ်တဲ့သင်္ဘောငယ်များနဲ့ တိုက်မိ၊ ခိုက်မိပြီး၊ မီလောင်ဆုံးရှုံးမှာကို အထူးစိုးရိမ်ကြပါတယ်။ ဒါကြောင့် အဲဒီ ကမ်းလွန်ရေနံ့တူစင်အနားကို ကပ်လာတဲ့ ကုန်၊လူ၊ ရေနံဓါတ်ငွေ့ သယ်ယူပို့ဆောင်တဲ့ သင်္ဘောတွေအားလုံး ဒီပီ စနစ်ကို မတပ်မနေရ၊ တပ်ဆင်ထားရပါတယ်။ ရေနံတွင်းစင်နဲ့ မီတာ၅၀၀ အတွင်းဝင်လာရင် လူထိန်းချုပ်တဲ့စနစ်နဲ့ သင်္ဘောမောင်းနှင်မှုကို လက်မခံတော့ပါဘူး။ ဒီပီ စနစ်နဲ့ အော်တိုမက်တစ် သင်္ဘာကို ၅မီတာထက် နေရာပိုမရွှေ့အောင် ထိန်းချုပ်တဲ့ စနစ်ဖြစ်ပါတယ်။ ဒါကြောင့် သင်္ဘောကို ရှေ့ပဲသွားတဲ့ ရေအောက်ပန်ကာတစ်လုံးထဲ မဟုတ်တော့ပဲ၊ ဘေး၊ ဘယ်ညာ၊ ရှေ့နောက် သွားနိုင်တဲ့ ရေအောက်ပန်ကာများစွာကို ဂျီပီအက်စ် လမ်းညွန်တဲ့ တနေရာမှာ သင်္ဘောမြဲနေအောင် ထိန်းချုပ်ပေးပါတယ်။ အဲဒီလို ထိန်းချုပ်ဖို့ ရိုးရိုး ဂျီပီအက်ထက် သာတဲ့ ဒီဂျီပီအက် DGPS ကိုသုံးရပါတယ်။ 

ပိုပြီးများတဲ့ ဂြိုလ်တုတစ်ခုနဲ့ ပိုပြီးတိကျတဲ့ နေရာကိုလမ်းညွှန်ခြင်းကို ဒီဂျီပီအက်စ် စနစ်လို့ ခေါ်ပါတယ်။ ကုန်းပေါ်မှာတော့ အိတ်စ်၊ ဝိုင် ၂ခုပဲဖေါ်ပြတဲ့ လောင်ဂျီတွဒ်၊ လဒ်တီတွဒ် စနစ်နဲ့ပဲ ဖေါ်ပြပါတယ်။ ရေအောက် ရေငုတ်သင်္ဘော၊ ရေအောက်သွားယဉ်များအတွက် ပိုပြီးကောင်းမွန်တဲ့ ဂျီပီအက်စ် စနစ်များကို သုံးရပါတယ်။ ဒါမျိုးကျတော့ အလကားမရတော့ပါဘူး။ ငွေပိုသုံးရပါတယ်။

လေယာဉ်များကို ဘယ်မှာရှိသလဲ ဆိုတာ၊ ကွန်ထရိုးမျှော်စင်များက သိဖို့ နည်းလမ်းများစွာကို သုံးရပါတယ်။ အရင်ကတော့ ရေဒါတစ်ခုနဲ့ပဲ လေယဉ်နေရာကို ခန့်မှန်းပေမဲ့ အခုတော့ ဂျီပီအက် လမ်းညွှန်ကို သုံးတဲ့အတွက် ပိုပြီးတိကျပါတယ်။ လေယဉ် ဂျီပီအက်စ် ကတော့ အိတ်စ်၊ဝိုင် လောင်ဂျီတွဒ်၊ လဒ်တီတွဒ် ၂ခုနဲ့မရတော့ပဲ ဇက် ဆိုတဲ့ အမြင့်ဘယ်လောက်မှာရှိသလဲ ဆိုတာပါ သိဖို့လိုအပ်လာပါတယ်။ လေကြောင်းဆိုင်ရာ ဂျီပီအက်စ် စနစ်ကတော့ အတိကျဆုံး၊ အမြန်ဆုံး ဖြစ်ရပါမယ်။ ဒါကြောင့် အင်မတန်ဈေးကြီးပါတယ်။ အာကာသနဲ့ဂြိုလ်တု၊ ဒုံးပျံ ဂျီပီအက်စ် စနစ်ကတော့ လူသုံးမဟုတ်ပါဘူး၊  အာကာသပညာရှင်များအတွက်ပဲဖြစ်ပါတယ်။

လူ၊ ကား၊ သင်္ဘော၊ လေယာဉ်တွေရဲ့ သွားလာတဲ့အမြန်နှုံးကို ဂျီပီအက်စ် သုံးပြီး၊ အလွယ်တကူသိနိုင်ပြီ ဖြစ်ပါတယ်။ သူတို့ရဲ့နေရာကို စက္ကန့်တိုင်းမှာ GPS အားဖြင့်သိနိုင်တော့ လေယာဉ်ရဲ့ အမြန်နှုံးကိုလဲ အလွယ်တကူ တွက်ချက် သိနိုင်ပါတယ်။

DP System

သင်္ဘောတွေမှာ ဂျီပီအက်စ် အသုံးပြုပြီး၊ မောင်းနှင်ထိမ်းကျောင်းတဲ့ စနစ် ဒီပီ DP Dynamic Positioning System ကို အနည်းကျဉ်းရေးလိုပါမယ်။

Sensors များကတော့ သင်္ဘောနေရာတိုင်းတဲ့ ဒီဂျီပီအက် DGPS,  လေတိုက်နှုန်းတိုင်းတဲ့ အင်နိုမီတာ Anemometer, ဦးတည်ချက် ဒီဂရီတိုင်းတဲ့ ဂျိုင်ရို Gyrocompass, သင်္ဘောအတိမ်းစောင်း မိုးရှင်း တိုင်းတာတဲ့ Motion Reference Units တို့ဖြစ်ပါတယ်။ အဲဒီအချက်တွေကို ရပြီးရင်၊ သင်္ဘောရပ်ချင်တဲ့နေရာ လောင်ဂျီတွဒ်၊ လဒ်တီတွဒ် အတိုင်းရအောင် သင်္ဘောမောင်းတဲ့ ရေအောက်ပန်ကာကြီးများကို လျှပ်စစ်မိုတာများနဲ့ အနှေး၊ အမြန်၊ အလိုလျှောက်ထိန်းစက်တွေနဲ့ မောင်းနှင်ပေးရပါတယ်။ သင်္ဘောမောင်းတဲ့ ရေပန်ကာအမျိုးအစားတွေကတော့ သင်္ဘာရှေ့နောက် သွားစေတဲ့ ပရိုပယ်လာ Propeller ဆိုတဲ့ပန်ကာ  ဘေးတိုက်မောင်းတဲ့ ဘောင်းထရပ်စတာ၊ စတမ်းထရပ်စတာ .Bow Thruster, Stern Thruster .ရေအောက်ပန်ကာများ ဖြစ်ပါတယ်။ DP ဒီပီ ထိန်းချုပ်မှုစနစ် ဈေးကွက်မှာ နာမည်ကြီးတဲ့ ထုတ်လုပ်သူများကတော့ Kongsberg,  GE Converteam,  Rolls Royse စသည်တို့ဖြစ်ပါတယ်။

ကမ်းလွန်ရေနံနဲ့ဓါတ်ငွေ လုပ်ငန်းဟာ တန်ဘိုး ဘီလျှံဒေါ်လာများစွာနဲ့ အလွန်ကြီးမားလှတဲ့ လုပ်ငန်းကြီးဖြစ်သလို၊ အဲဒီလုပ်ငန်းကမှာ အလုပ်သွားလုပ်မဲ့ ရေနံတူးစင်လုပ်သားများ၊ ဝန်ထမ်းများနဲ့ ပညာရှင်များစွာအတွက် သယ်ယူပို့ဆောင်ပေးနေတဲ့၊ သင်္ဘောပေါင်း မြောက်များစွာ ရှိနေပါတယ်။ ရိုးရိုးသင်္ဘောသားများထက် လစာ ၂ဆလောက် ရတဲ့ ကမ်းလွန်ရေနံလုပ်ငန်းနဲ့ ဆိုင်တဲ့ သင်္ဘောသားများ၊ ရေကြောင်းအရာရှိများအတွက် DP System ဆိုတာ မရှိမဖြစ် လိုအပ်တဲ့ ပညာရပ်ဖြစ်ပါတယ်။ စင်ကာပူမှာ ၃နှစ် ရေကြောင်းဒီပလိုမာ သင်တန်းမှာလဲ အသုံးချနည်းသင်ပေးပါရှိပါတယ်။ မြန်မာလူငယ်ပေါင်းများစွာ စင်ကာပူမှာ တက်ရောက်သင်ကြားနေပါတယ်။ 

အဲဒီသင်တန်း ရေကြောင်းပညာဒီပလိုမာ ပထမနှစ်ကတည်းက ဒေါ်လာ တစ်ထောင်ကျော် လစာပေးနေပါတယ်။ တတိယနှစ်ရောက်ရင် လစာ တစ်ထောင်ရှစ်ရာလောက် ပေးပြီး၊ ဒီပလိုမာရပြီးတာနဲ့ ချက်ခြင်း သင်္ဘောအရာရှိ လစာ ဒေါ်လာနှစ်ထောင်ကျော်၊ အပိုကြေးနဲ့ဆိုရင် ဒေါ်လာ၃ထောင်ကျော် ရရှိပါတယ်။ ၈နှစ်လောက် သင်္ဘောအရာရှိလုပ်ပြီး အသက်၃၀မပြည့်ခင် တော်တဲ့လူငယ်များ အင်ဂျင်နီယာချုပ် (ကုန်းချုပ်) လစာ၆ထောင်၊  ကပ္ပတိန် (ကုန်ချုပ်) လစာ ဒေါ်လာ၇ထောင် ကနေ ဒေါ်လာတစ်သောင်းအထိ ရရှိလာကြပါတယ်။ 
စင်ကာပူပိုလီ Singapore Polytechnic SP  ရေကြောင်းသင်တန်း၃နှစ်သင်ချိန်မှာ သင်္ဘောမောင်းတဲ့ ကုန်းချုပ်၊ သူကြီးလို့ခေါ်တဲ့ကပ္ပတိန် (Chief Engineer, Captain) လုပ်မဲ့လူများနဲ့၊ အင်ဂျင်နီယားများအားလုံး DP System, Operation & Maintenance ကိုသင်ကြားရပါတယ်။ မြန်မာနိုင်ငံမှာလည်း ရေကြောင်းသိပ္ပံဆိုတာ ရှိပါတယ်။ ၁၀တန်းအမှတ်အများဆုံးရသူ၊ ယောင်္ကျားလေးများ ကျောင်းဆင်းရင်၊ လစာငွေ အများကြီးရတဲ့ ရေကြောင်းသိပ္ပံကို တက်ချင်ကြပါတယ်။ 
ဒါပေမဲ့ စစ်သားနဲ့သင်္ဘောသား အလုပ်ဟာ ယောင်္ကျားသားများအတွက် ပင်ပမ်းလှပါတယ်။ မိသားစုနဲ့ ဝေးလံစွာနေရတော့.. နိုင်ငံခြားတွေမှာတော့ စစ်သားနဲ့ သင်္ဘောသား မလုပ်ချင်ကြပါဘူး။ မြန်မာရေကြောင်းသိပ္ပံနဲ့စင်ကာပူရေကြောင်းသိပ္ပံကျောင်းကို လေ့လာလိုသူများအတွက် လင့်ပေးလိုက်ပါတယ်။ 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts