Yan Naung (Bo Ta Htaung) သတင်းပဒေသာ

ရန်နောင် (ဗိုလ်တထောင်) – ဈေးနှုန်းသင့်တင့်သော Galaxy A များ စတင်ရောင်းချတော့မည်

ရန်နောင် (ဗိုလ်တထောင်) – ဈေးနှုန်းသင့်တင့်သော Galaxy A များ စတင်ရောင်းချတော့မည်
(မိုးမခ) ဇန်န၀ါရီ ၉၊ ၂၀၁၅

Samsaung က နည်းပညာ အသစ်တွေနဲ့ လူတန်းစား အလွှာအသီးသီးက သုံးစွဲသူအားလုံးကို အလေးအနက်ထားတယ် ဆိုတာကိုပြတဲ့အနေနဲ့ Galaxy A စီးရီးတွေကို ထုတ်လုပ်လိုက်တာပါ။ အရည်အသွေးနဲ့ စွမ်းဆောင်ရည်မြင့်မားပြီး  ဈေးနှုန်း ပိုင်းအရ လည်းရွေးချယ်စရာများပြားတဲ့အတွက် လူတိုင်းအတွက် သင့်လျှော်မယ့် စမတ်ဖုန်းတွေဖြစ်ပါတယ် ” ဟု  Samsung Myanmar Electronics ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ Mr . Nam Sik Ahn  က ပြောပြခဲ့သည်။

Samsung Galaxy A3 နှင့် Galaxy A5 စမတ်ဖုန်း အသစ်မိတ်ဆက်ပွဲကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ရှိ ရန်ကုန်ဂယ်လာရီ တွင် ၂၀၁၅ ခုနှစ် ဇန်နဝါရီလ (၈) ရက်နေ့ နေ့လည် (၃) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

Galaxy A3 နှင့် Galaxy A5 စမတ်ဖုန်းများသည် ထူးခြားလှပသည့် သတ္တုကိုယ်ထည်၊ မယုံကြည်နိုင်ဖွယ်ရာ  ပါးလျမှု၊ ပေါ့ပါး သော အသွင်အပြင်တို့အပြင် စွမ်းအားမြင့် Hardware များနှင့် အဆင့်မြင့်လုပ်ဆောင်ချက်များကို ပေါင်းစပ်ပေးထားခြင်း၊ တပ်ဆင်ထားသည့် Selfie ကင်မရာသည် လှပသည့် Selfie ဓါတ်ပုံများကို လွယ်လွယ်ကူကူနှင့် လျှင်လျှင်မြန်မြန်ရိုက်ကူးနိုင် သည့်အပြင် အခြားထူးခြား၍ အသုံးဝင်လှသည့် စွမ်းဆောင်ချက်များလည်း ပါဝင်သည်ဟု ကိုဇာနည်အောင်မှ ရှင်းလင်း ပြောကြားခဲ့သည်။

Samsung အနေဖြင့် Galaxy A5 အား သပ်ရပ်ကျော့ရှင်းသည့် ဒီဇိုင်းနှင့် အချိုးကျလှပသော တည်ဆောက်ပုံတို့ကို အခြေခံ ၍ စွဲမက်ဖွယ်ဖန်တီးထားပါသည်။ သုံးစွဲသူများ စိတ်ကြိုက်တွေ့စေမည့် သတ္တုကိုယ်ထည်၊ 13 MP အဆင့်မြင့် ကင်မရာစနစ်၊ ဆင်းကဒ် နှစ်ခုကို လွယ်ကူအဆင်ပြေစွာ သုံးစွဲနိုင်သည့် Dual Sim နည်းပညာနှင့် စက္ခုအာရုံကို ပိုမိုပသာဒဖြစ်စေမည့် ၅လက်မ အရွယ် HD Super Amoled မျက်နှာပြင် စသည့် အားသာချက်များပါဝင်သည်။ ၆.၉ မီလီမီတာ ထုသာရှိသည့်အတွက်  Galaxy A5 ၏ ပေါ့ပါးမှု က အသုံးပြုသူကို လက်အတွင်း ဆုပ်ကိုင် ထိန်းချုပ်ရာတွင် အကောင်းဆုံး ဖြစ်စေပါသည်။ Android OS Version 4.4 ပါဝင်သကဲ့သို့ ကြာရှည်ခံသည့် ဘက်ထရီ နှင့် ဂိမ်းကစားခြင်းများ ၊ Web အသုံးပြုမှုများတွင် လျှင်မြန်ပေါ့ ပါးစွာ အသုံးပြုနိုင်သည့်  1.2 GHz Quadcore Processor တို့ကိုလည်း တပ်ဆင်ပေးထားပါသည်။

Galaxy A3 သည် ၄.၅ လက်မ အရွယ်အစားသာရှိပြီး 6.9 mm အထိ ပါးလွှာမှုသည့်အပြင် 110.3 g သာအလေးချိန် ရှိသောကြောင့် ပေါ့ပါးလွတ်လပ်မှုကို  ကျေနပ်နှစ်လိုဖွယ်ခံစားရမည်ဖြစ်ပြီး qHD  Super Amoled မျက်နှာပြင်တပ်ဆင်ထား သောကြောင့် ကြည်လင်လှပသည့် ရုပ်ထွက် အရည်အသွေးကို ခံစားနိင်မည်ဖြစ်ပြီး 5MP Front Facing ကင်မရာကလည်း  Selfie ရိုက်ကူးရာမှာ ကောင်းမွန်လှပသည့် ရုပ်ထွက်များကို ဖန်တီးပေးမည်ဖြစ်သည်။ ထို့အပြင် သတ္တုကိုယ်ထည်၊ Android OS Version 4.4 နှင့် လျှင်မြန်လှသည့် 1.2 GHz Quadcore Processor တို့ကိုလည်း ပါဝင်လာမည်ဖြစ်သည်။

Samsung A5 နှင့် A3  စမတ်ဖုန်းများကို ဇန်နဝါရီလ (၁၂ )ရက်နေ့တွင် Samsung Brand Shop များတွင် စတင်ရောင်းချသွား မည်ဖြစ်ပြီး   Galaxy A3 စမတ်ဖုန်းဝယ်ယူသူများကို  Flip Cover နှင့် Galaxy A5 ဝယ်ယူသူတိုင်းကို View Cover များ လက်ဆောင်ပေးအပ်သွားမည်ဖြစ်သည်။ ထို့အပြင် မည်သည့် Galaxy A စမတ်ဖုန်းကိုမဆိုဝယ်ယူသူတိုင်းကို Beauty Queen Clinic သုံးသောင်းကျပ်တန်လက်ဆောင်ကဒ်တစ်ခု ရရှိမည်ဖြစ်သည်။

“ပြည်တွင်းက မိုဘိုင်းဆက်သွယ်ရေး ဈေးကွက် ဖွံ့ဖြိုးလာတဲ့အတွက်လည်း မိုဘိုင်းဖုန်းလိုအပ်ချက်မြင့်မားလာပါတယ်။ ဒီ့အတွက် တန်ဖိုးသင့်တင့်ပြီး အရည်အသွေးမြင့်မားတဲ့ ဖုန်းတွေကို လူတွေက ပိုမိုလိုအပ်လာပါတယ်။ Galaxy A စမတ်ဖုန်း တွေက စွမ်းဆောင်ရည်ကောင်းပြီး ဈေးနှုန်း သင့်တင့်မျှတတဲ့ အတွက် ပြည်သူတွေအတွက် စိတ်ကြိုက်ရွေးချယ်စရာ တစ် ခုဖြစ်လာလိမ့်မယ်လို့ ယူဆမိပါတယ် ” ဟု Samsung Myanmar မှ  Head of IM ဦးဇာနည်ဝင်းထက်မှ ပြောကြားခဲ့သည်။

Samsung Electronics Co., Ltd သည် နည်းပညာပိုင်းဆိုင်ရာတွင် ကမ္ဘာ့ဦးဆောင်သူဖြစ်ရုံသာမက တစ်ကမ္ဘာလုံးရှိ လူအ များအတွက် သစ်လွင်သော အခွင့်အလမ်းများကို ဖန်တီးပေးသော ကုမဏီတစ်ခုလည်းဖြစ်သည်။ အစဉ်တစိုက် ကြိုးပမ်းမှုများနှင့် ရှာဖွေတွေ့ရှိမှုများမှတဆင့် Samsung သည် တကမ္ဘာလုံးတွင် လူမှုအသုံးအဆောင်လျှပ်စစ်ပစ္စည်းများကို ထုတ်လုပ်ဖန်တီးလျှက်ရှိပြီး လက်ရှိတွင် နိုင်ငံပေါင်း (၈၄) နိုင်ငံတွင် ဝန်ထမ်းပေါင်း သုံးသိန်းကျော်ဖြင့် လှုပ်ရှားဆောင်ရွက် လျက်ရှိကာ နှစ်စဉ် ရောင်းရငွေ အမေရိကန်ဒေါ်လာ ၂၂၅ ဘီလီယံ အထိ ရရှိနေသည့် ကုမဏီဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts