မှတ်စုမှတ်တမ်း သတင်းပဒေသာ

မြန်မာ့ဒီမိုကရေစီအရေး အစဉ်တစိုက်အားပေး လှုံဆော်သူ ဒေါက်တာအောင်ခင် (၇၈နှစ်) ကွယ်လွန်

 
မြန်မာ့ဒီမိုကရေစီအရေး အစဉ်တစိုက်အားပေး လှုံဆော်သူ ဒေါက်တာအောင်ခင် (၇၈နှစ်) ကွယ်လွန်
(မိုးမခ) ဇန်န၀ါရီ ၈၊ ၂၀၁၅
အမေရိကန်ပြည်တွင် နှစ်ပေါင်းများစွာ အခြေစိုက်နေထိုင်ပြီး မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုများကို အစဉ်တစိုက် အားပေး လှုံဆော်သူ၊ CRDB ဟု အမည်ရသည့် မြန်မာပြည်ဒီမိုကရေစီပြန်လည်ထွန်းကားရေးအဖွဲ့၏ တက်ကြွဆောင်ရွက်သူတဦးဖြစ်သည့်အပြင် စိတ်ရောဂါကုဆရာဝန်တဦးအဖြစ် အသက်မွေးသော ဒေါက်တာအောင်ခင် (အသက် ၇၈နှစ်) သည် လူကြီးရောဂါဖြင့်  လော့အိန်ဂျလိမြို့တော်တွင် ဇန်န၀ါရီ ၅ ရက် ညနေ ၇ နာရီ ၂၂ မိနစ်က ကွယ်လွန်ခဲ့ပြီ ဖြစ်ကြောင်း ကြားသိရပါသည်။
မြန်မာ့ဒီမိုကရေစီအရေး ဆောင်ရွက်လှုပ်ရှားမှု မှန်သမျှကို လက်လှမ်းမီသမျှ အားပေးဆောင်ရွက်ခြင်း၊ မြန်မာ့နယ်စပ်ဒေသရောက် မြန်မာကျောင်းသားလူငယ်များအရေး တတ်စွမ်းသမျှ ကူညီ ထောက်ပံ့ပေးခြင်းတို့ဖြင့် အမေရိကန်ပြည်တွင်းသာမက နိုင်ငံတကာရှိ မြန်မာ့အရေးလှုပ်ရှားသူ အများအပြား၏ လေးစား ချစ်ခင်မှု ရရှိသူ ဒေါက်တာ (ဦး) အောင်ခင် (၇၈နှစ်) ကွယ်လွန်ခဲ့သည့်အတွက် မိုးမခမှ ၀မ်းနည်းကြောင်း မှတ်တမ်းပြု အပ်ပါသည်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts