ရသဆောင်းပါးစုံ

မောင်ဖေသက်နီ – ဉာဏ်ကြီးရှင်တွေကတဆင့် ကျနော်တို့ လေ့လာခဲ့ကြရတဲ့ သင်ခန်းစာခြောက်ခု

မောင်ဖေသက်နီ – ဉာဏ်ကြီးရှင်တွေကတဆင့် ကျနော်တို့ လေ့လာခဲ့ကြရတဲ့ သင်ခန်းစာခြောက်ခု
(မိုးမခ) ဇန်န၀ါရီ ၅၊ ၂၀၁၅

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်မှာရှိတဲ့ ကော်နဲလ်တက္ကသိုလ်က အာကာသသိပ္ပံဆိုင်ရာပါမောက္ခ ရှေလာ နီရဲန်ဘာဂ် Sheila Nirenberg က ဘီဘီစီဝက်ဆိုဒ်ရဲ့ Future ကဏ္ဍမှာ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ (၂) ရက်နေ့မှာရေးသားခဲ့တဲ့ Six lessons we can learn from geniuses ကို မောင်ဖေသက်နီ ဘာသာပြန်ပါတယ်။

● (အတွေးအမြင် အစ တစ)
အသံထက်မြန်တဲ့ မော်တော်ယာဉ်တွေ ထုတ်လုပ်သုံးစွဲလာနေတဲ့ ဒီနေ့ခေတ်ကြီးထဲမှာ တချိန်တုန်းက သက်ရှိလူသားတွေရဲ့မဖြစ်နိုင်ဘူးလို့ ယူဆထားချက်တွေဖြစ်လာနိုင်တာနဲ့ သိပ်ကိုကြီးကျယ်လှတဲ့ စကြာဝဠာကြီးကို မျက်မမြင်ပုဂ္ဂိုလ်တွေကတောင် ခံစားသိရှိနိုင်ဖို့ ဖြစ်လာ နိုင်တယ်ဆိုတာကို ကျနော်တို့ မြင်တွေ့ရပါပြီလော။

ကျနော်တို့ဖော်ပြနေတဲ့ ဉာဏ်ကြီးရှင်တွေရဲ့နောက်ကွယ်က (The Genius Behind) ဆိုတဲ့ကဏ္ဍမှာ လူသားတွေရဲ့ အရင်တုန်းက မဖြစ် နိုင်ဘူးဆိုတာတွေ အခုတော့ တကယ်ဖြစ်လာနေတာတွေကို မီးမောင်းထိုးရေးသား တင်ပြပေးနေပါတယ်။ ကမ္ဘာမြေပေါ်မှာ အလျင်မြန်ဆုံး ယာဉ်တွေဟာ ထွက်ပေါ်လာနေပါပြီ။ နောက်ပြီး မျက်မမြင်တွေကို မျက်စေ့နှစ်ကွင်း အလင်းဆောင်ပေးနေနိုင်ပါပြီ။ အဲဒီလို ဖြစ်ထွန်းအောင် မြင်မှုတွေကြောင့်လူသားတွေရဲ့ဗဟုသုတရေချိန်ဟာလည်း တဟုန်ထိုးမြင့်တက်လာခဲ့ပါတော့တယ်။ ဒါဆို အဲဒီ ဂုရုကြီးတွေ၊ တနည်း ဉာဏ်ကြီးရှင်ကြီးတွေရဲ့ ဦးနှောက်အတွေးတွေထဲက ဘာတွေကိုများ ကျနော်တို့ လေ့လာသင်ယူပြီးပါပြီလဲ။ သက်ရှိလူသားတွေနဲ့ သူတို့ နေ့တဓူဝ ရင်ဆိုင်ဖြတ်သန်းနေရတဲ့အဖြစ်အပျက်တွေမှာ သင်ခန်းစာခြောက်ခုကိုဘဲ ကျနော်တို့ လေ့လာသင်ယူနိုင်ခဲ့ပါတယ်။

● အမှတ်တစ် သင်ခန်းစာ။    ။ နည်းလမ်းသစ်တခုလုပ်ကိုင်ရန်အတွက် အတွေးအခေါ်တွေကို ပြောင်းလဲမှု။
ကားတစီးရဲ့အစိတ်အပိုင်း၊ ဂျက်လေယာဉ်ရဲ့အစိတ်အပိုင်းတွေနဲ့ ကားကုမ္မဏီ Bloodhound SSC ဟာ ယာဉ်တစီးထုတ်လုပ်မယ်ဆိုတာနဲ့ တနာရီကို မိုင် ၁၀၀၀ အနိမ့်ဆုံး မောင်းနှင်နိုင်ဖို့ကို အရင်ဆုံးစဉ်းစားတယ်။ အဲဒီလို မောင်းနှင်နိုင်ဖို့အတွက် ကားဘီးတွေရဲ့ဒီဇိုင်းပြောင်းလဲဖို့ကို အဓိကလုပ်ရမယ်လို့ စဉ်းစားတယ်။ သမိုင်းကြောင်းမှာ ဘယ်လိုဘီးမျိုးက အမြန်ဆုံးလဲသိအောင်လုပ်ပြီး ဘာလို့ အဲဒီလိုမြန်မြန် မောင်းနိုင်သလဲဆိုတာ အရင်ဆုံးသိအောင်လုပ်ပြီးမှ တခြားအကြောင်းတွေကို ဆက်ပြီးစဉ်းစားခဲ့တာပါ။

စက်မှုအတတ်ပညာနယ်ပယ်မှာဆိုရင် ကနဦးမှာ စိတ်ကူးစိတ်သန်းတွေများများရှိဖို့လိုအပ်တယ်လို့ ပြဿနာတွေကို ဖြေရှင်းဖို့ကြိုးစားတဲ့ အခါတိုင်း Bloodhound SSC ရဲ့အင်ဂျင်နီယာချုပ် မာ့က် ချက်ပ်မဲန်း (Mark Chapman) က သူ့ဝန်ထမ်းတွေကို မကြာခဏ ပြောကြား ခဲ့တာရှိပါတယ်။ သူပြောခဲ့တာက “ကျနော်တို့ လုပ်ငန်းသစ်တခုကို စလုပ်တော့မယ်လို့ စဉ်းစားလိုက်တာနဲ့တပြိုင်နက်တည်း စက်မှုနည်း ပညာတွေနဲ့  ဘယ်အတိုင်းအတာအထိ အံဝင်အောင်လုပ်ကိုင်နိုင်မလဲ” ဆိုတာပါပဲ။

သူတို့ အသုံးပြုခဲ့တာတွေထဲမှာ အရင်ကရင်ဆိုင်ခဲ့ဖူးတဲ့ အတွေ့အကြုံတွေ၊ ပြဿနာဖြေရှင်းနိုင်ခဲ့တာတွေ အများကြီးရှိခဲ့ပါတယ်။ အတိ အကျနဲ့ပြောရမယ်ဆိုရင် အတူတကွ လက်ချင်းချိတ်ပြီး ပြဿနာတွေကို ဖြေရှင်းခဲ့တာတွေမျိုးပါ။ “အရေးအကြီးဆုံးအချက်က ဘီးတဘီး ရဲ့ဒီဇိုင်းရဖို့အတွက် ကျနော်တို့ ဦးခေါင်းတွေနဲ့ နှစ်လ၊ သုံးလ၊ လေးလ လောက်တိုင်တိုင် နံရံတွေကို ခေါင်းနဲ့တိုက်သလိုမျိုးလောက်အထိ စဉ်းစားခဲ့ရရှိလာခဲ့တာပါ” လို့ Bloodhound SSC ရဲ့အင်ဂျင်နီယာချုပ် မာ့က် ချက်ပ်မဲန်း (Mark Chapman) က ပြောဆိုခဲ့ပါတယ်။

● အမှတ်နှစ် သင်ခန်းစာ ။    ။ ကိုယ့်အတွေးအမြင်ကို ပိုမိုအဆင့်မြင့်အောင် ပြုလုပ်မှု။
သူ့အတွေ့အကြုံတွေပေါ်မူတည်ပြီး အမေရိကန်နိုင်ငံက အနောက်မြောက်ပိုင်းတက္ကသိုလ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဘူမိရူပဗေဒပညာ ရှင် စတီဗင် ဂျက်ကော့ဗ်ဆဲင် (Steven Jacobsen) က ကမ္ဘာမြေကြီးပေါ်မှာ တည်ရှိနေတဲ့ ကြယ်တံခွန်တွေ ဘယ်ကနေ၊ ဘယ်လိုနဲ့ ဘယ် အချိန်တုန်းက စတင်ပေါ်ပေါက်လာခဲ့လဲဆိုတာ လေ့လာခဲ့သလိုမျိုးပါ။ ကျောက်တုံးကျောက်ခဲတွေကို အရင်ဆုံးလေ့လာတယ်။ သိပ္ပံပညာ ရှင်တွေက အတိတ်သမိုင်းကို ပြန်လည်တူးဆွကြဖို့ လုပ်ခဲ့ကြသလို သူကလည်း တူးဖော်လို့ရှိခဲ့တဲ့ ရင်းဝုဒ်ဓိုက် ringwoodite လို့ခေါ်တဲ့ (ရင်းဝုဒ်ဓိုက်ဆိုတာ ပိုလီမော့ဖ် (polymorph) နဲ့  အိုလစ်ဗိုင်း (olivine) ဓာတ်တွေ ဓာတ်ပြုဖြစ်ပေါ်နေကြတဲ့ ကျောက်စိုင်ခဲတမျိုးဖြစ်ပါတယ်။ ရင်းဝုဒ်ဓိုက်ဟာ အောက်စီဂျင်နဲ့ ဟိုက်ဒြိုဂျင်ဒြပ်ပေါင်းတွေပါဝင်တဲ့ အက်တမ်အမျိုးအစားဖြစ်ပါတယ်။ သူ့ကို ကမ္ဘာမြေကြီးရဲ့မျက်နှာပြင်အပေါ်လွှာရဲ့အောက်နားမှာ တွေ့ရတတ်ပါတယ်။ သမုဒ္ဒရာထဲမှာဆိုရင် ရေအနက် ကီလိုမီတာ ၄၁၀ ကနေ ၆၆၀ လောက်မှာတွေ့ရတတ်ပါ တယ်။ ဘာသာပြန်သူ့မှတ်ချက်) သူတို့ဟာ လွန်ခဲ့တဲ့ ရာစုနှစ်များစွာကတည်းက ကမ္ဘာမြေကြီးရဲ့သဏ္ဍာန်အပြောင်းအလဲတွေကြောင့် ဒီနေ့ အချိန်မှာ သမုဒ္ဒရာတွေအောက်ကို ရောက်နေကြတာဖြစ်ပါတယ်။

“အဲဒီလိုဖြစ်လာခဲ့တဲ့အတွက် အချိန်ကာလအတိအကျကို ပြောဆိုဖို့အတွက် သိပ်ခက်ခဲပါတယ်။ အဲဒီလိုအပြောင်းအလဲဟာ အချိန်ကာလ အတော်ကြာမှ ဘာကြောင့်ဖြစ်လာနိုင်သလဲဆိုတာကို အရင်ဆုံး ရှာဖွေတွေ့ ရှိခဲ့သူပဲ သိရှိနိုင်မှာပါ။ နောက်တခါ ဘယ်ခေတ်ကာလကျမှ ပြန်လည်တွေ့မြင်နိုင်မလဲဆိုတာ ရင်ဖိုဖိုနဲ့ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်” လို့သူက ဆက်ပြောခဲ့ပါတယ်။ ဒီနှစ်အတွင်းမှာ သူထောက်ပြ ခဲ့တဲ့အချက်တွေဟာ မှန်ကန်တယ်လို့ ကူညီပံ့ပိုးပေးနိုင်မယ့် အရေးကြီးတဲ့အချက်အလက်သစ်နှစ်ခုကို လေ့လာတွေ့ ရှိခဲ့ရလို့ပါ။ အဲဒီတွေ့ ရှိချက်တွေသာ အမှန်တွေဖြစ်နေမယ်ဆိုရင် သီဝရီအသစ်တွေ ထပ်မံပေါ်ထွက်လာဦးမှာလားဆိုတာ ဆက်လက်စောင့်ကြည့်ရလိမ့်မယ်လို့ဆိုလိုရာရောက်နေနိုင်ပါလိမ့်မယ်။

● အမှတ်သုံး သင်ခန်းစာ ။    ။ ၉၉ ရာခိုင်နှုန်းဟာ ကမ္ဘာမြေကြီး အမှန်တကယ် ပူနွေးလာမှုကြောင့်ပေလော။
အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် အီသာကာမြို့မှာရှိတဲ့ ကော်နဲလ်တက္ကသိုလ်မှာ သုတေသနလုပ်နေတဲ့ ရှေလာ နီရဲန်ဘာဂ်  (Sheila Nirenberg) မျက်မမြင်တွေအတွက်လိုအပ်တဲ့ ကိရိယာအသစ်တမျိုးကို စမ်းသပ်တီထွင်နေခိုက်ဖြစ်ပါတယ်။ အဲဒီကိရိယာဟာ ရင်းဝုဒ် ဓိုက် (ringwoodite) လို့ခေါ်တဲ့ အသွင်ပြောင်းကျောက်တမျိုး မရှိမဖြစ် လိုအပ်ပါတယ်။ “အဲဒါကို သိပြီးတာနဲ့ စားလည်း ဒီစိတ်၊ သွားလည်း ဒီစိတ်နဲ့။ အစားလည်းမစားနိုင်၊ အိပ်လည်း မအိပ်နိုင်ဖြစ်ခဲ့ရတယ်။ ကျမစိတ်က အမြန်ဆုံးနည်းနဲ့ အဲဒါကိုရှာတွေ့ဖို့ပါပဲ” လို့ ရှေလာ နီရဲန် ဘာဂ်က ပြောပြခဲ့ပါတယ်။

“တခါတရံဆိုရင် ကျမပင်ပန်းလွန်းလို့ ကိုယ့်ကိုယ်ကို သတ်သေချင်မိပါတယ်။ ဒါပေမယ့် အခုခေတ်မှာလို AMD လို့လည်းခေါ်တဲ့ သက်ကြီး ရွယ်အိုတွေ၊ ARMD လို့ခေါ်တဲ့ သက်ကြီးရွယ်အိုတွေရဲ့အမြင်အာရုံချို့ယွင်းမှုလို့လည်းခေါ်တဲ့ (Macular degeneration) ရောဂါခံစားနေရတဲ့ သက်ကြီးရွယ်အိုတွေဟာ သူတွေဟာ သူတို့ရဲ့သားသမီးတွေကိုတောင် သဲသဲကွဲကွဲ မမြင်နိုင်ကြတော့ပါဘူး။ (ဘာသာပြန်သူ့ မှတ်ချက်။     ။ Macular degeneration ဟာ တခါတရံ အသက်အရွယ်အလိုက် AMD လို့လည်းခေါ် ARMD လို့လည်းခေါ်ကြတဲ့ ရောဂါဟာ အများအားဖြင့် အသက်အရွယ် အိုမင်းရင့်ရော်သူတွေမှာ ဖြစ်လေ့ဖြစ်ထရှိပြီး  မျက်စိနဲ့တပ်အပ်မမြင်မတွေ့ နိုင်တဲ့ macula လို့ခေါ်တဲ့ အာရုံကြောအစိတ် အပိုင်းပျက်စီးမှုကြောင့် ဖြစ်ပေါ်ခံစားရတာပါ။ သူ့မှာ “အစို” မျိုးနဲ့  “အခြောက်” မျိုးဆိုပြီး နှစ်မျိုးရှိပါတယ်။ အဲဒီလို အာရုံခံအစိတ်အပိုင်း ပျက်စီးမှုကြောင့် မျက်စေ့ကွယ်သွားတာ၊ အမြင်အာရုံချို့ယွင်းတာမျိုးတွေ ဖြစ်ပေါ်စေပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် အသက် ၅၀ ကျော် အရွယ်တွေမှာ ဖြစ်ပေါ်တတ်ပါတယ်။ အဲဒါကြောင့် Macular degeneration ခံစားနေရသူတွေဟာ စာကို သဲသဲကွဲကွဲ ဖတ်လို့မရတာ၊ လူမျက်နှာတွေကို မသဲကွဲတော့တာတွေ  ခံစားရနိုင်ပါတယ်။) “တခါတရံမှာ မိတ်ဆွေတယောက်ယောက်ဆီက  အီးမေးလ် တစောင်ရေး လိုက်တာ ဒါပေမယ့် ကျမ ဖတ်လို့မရဘူး။ အဲဒါက အသက်ကြီးလာလို့ မျက်စေ့မွဲလာတာပါ။ တခါတရံ ကျမရဲ့မြေးတွေရဲ့မျက်နှာတွေကို ရှင်းရှင်းလင်းလင်း မမြင်ရတော့ဘူး။ အဲလိုဟာမျိုးတွေပါ။ ကျမ ဘယ်လိုရှင်းပြရမလဲတောင် မသိတော့ဘူး။ ကျမကတော့ ကျမဆီကို အရင်တုန်းကလို ခွန်အားတွေ ပြန်ရောက်လာစေချင်တာပါ”

● အမှတ်လေး သင်ခန်းစာ။    ။ အဖြေကတော့ အရာအားလုံးဟာ ကိုယ်မျှော်လင့်တဲ့အတိုင်း ဖြစ်မလာနိုင်ဘူး။
ဆီလ်ဗီယာ အာလေ (Sylvia Earle )ဟာ သမုဒ္ဒရာတွေကို အမြင်သုံးသပ်ပုံအသစ်တွေနဲ့ ရာစုနှစ်တွေနဲ့ ချီပြီး လေ့လာသုတေသနပြုခဲ့ပါတယ်။ သူမစိတ်ကို အဓိကဖမ်းချုပ်ခဲ့တာက ရေငုတ်သင်္ဘောတွေဖြစ်ပြီး သူမဟာ သမုဒ္ဒရာကြမ်းပြင်တွေမှာတွေမှာ ကာလအတော်ကြာကြာတိုင် လေ့လာ သုတေသနပြုခဲ့တာပါ။ ရေငုတ်သင်္ဘောတွေဟာ ဘာပစ္စည်းတွေသုံးရင် ရေဖိအားဒဏ်တွေကိုခံနိုင်ပြီး ခရီးမိုင်အတော်များများကို မောင်းနှင်နိုင်ခဲ့တာ လဲ ဆိုတဲ့မေးခွန်းကို အဖြေရှာနိုင်ဖို့သူမ လေ့လာခဲ့တာဖြစ်ပါတယ်။ “တိုက်တယ်နီယံ (titanium) လို သတ္တုတမျိုး၊ ဒါမှမဟုတ် ကြွေထည်ပစ္စည်း တမျိုးမျိုး၊ ဒါမှမဟုတ် အလူမီနီယံ (aluminium) လို သတ္တုတမျိုးမျိုးနဲ့ အသုံးပြုထားခဲ့ပုံပဲ။ ဖန်ထည်ပစ္စည်း တမျိုးမျိုးလည်း ဖြစ်နိုင်ပါတယ်” လို့ ဆီလ်ဗီယာ အာလေက ပြောပြခဲ့ပါတယ်။ သူမကတော့ အသုံးပြုခဲ့တဲ့ ဖန်ထည်ဟာ ၄ လက်မကနေ ၆ လက်မအကြား (၁၀ စင်တီမီတာကနေ ၁၅ စင်တီမီတာအကြား) ထုရှိနိုင်ပါတယ်။ အဲလောက်အထူရှိမှသာ သမုဒ္ဒရာကြမ်းပြင်မှာ ဘေး အန္တရာယ်ကင်းကင်းနဲ့ သူလုပ်ချင်တဲ့ လေ့လာမှုတွေကို ပြုလုပ်နိုင်မှာဖြစ်လို့ပါပဲ။

ဖန်ထည်ပစ္စည်းတွေကို လူသားတွေအသုံးပြုခဲ့တာ ဟိုးပဝေသဏီကာလကတည်းကပါပဲလို့ ဆီလ်ဗီယာ အာလေရဲ့ သုတေသနလုပ်ငန်း တွေကို အဓိကကူညီပံ့ပိုးပေးနေခဲ့တဲ့ သမုဒ္ဒရာရေနက်ပိုင်း သုတေသနလုပ်နေတဲ့ ရေငုတ်သင်္ဘောအင်ဂျင်နီယာဌာန (Deep Ocean and Exploration Research Marine)  ညွှန်ကြားရေးမှူး တိုနီ လော်ဆင် (Tony Lawson )က ပြောဆိုခဲ့ပါတယ်။ “အခုလို သုတေသနလုပ်ဖို့အတွက် အရည်ဒြပ်ပေါင်းပစ္စည်းတမျိုးလောက်အထိ အလွန်အင်မတန်သေးငယ်လှတဲ့ ဖန်သားမျှင်တွေ၊ ဖန်သားလွှာတွေကို တခြားဒြပ်ပေါင်း လွှာတွေနဲ့  အတူပူးပေါင်း ပြီး လေ့လာခဲ့ရတာပါ” လို့ပြောပြခဲ့ပါတယ်။ နောက်ဆုံးမှာ ရရှိလာတဲ့ရလဒ်ကတော့ သမုဒ္ဒရာကြမ်းပြင်အောက်မှာ တည်ရှိနေခဲ့တဲ့ မော်လီကျူးထက် အဆပေါင်းများစွာသေးငယ်တဲ့၊ ပိုမို ကျစ်လစ်သိပ်သည်းတဲ့ဒြပ်စဉ်တခုကို တွေ့ရှိလာခဲ့တာပါပဲ။

● အမှတ် ငါး သင်ခန်းစာ။     ။ ခရီးရှည်တခုကို သွားခွင့်ရတဲ့ အနည်းငယ်ကံကောင်းမှုတခု။
အနှစ် ၂၀ ကြာလုပ်ခဲ့တဲ့ အခုသုတေသနရဲ့အောင်မြင်မှုကတော့ ဖီလေ လန်ဓါ (Philae lander) ဆိုတဲ့  အာကာသသုတေသနယာဉ်ဟာ စကြာဝဠာကြီးရဲ့ဂြိုဟ်ပတ်လမ်းထဲကို သွားရောက်နိုင်ခဲ့ပြီး ကမ္ဘာမြေကနေ ခရီးမိုင် ၃၀၀ မီလီယံ (ကီလိုမီတာ သန်း ၄၈၀ မီလီယံ) အကွာမှာရှိတဲ့ အမှတ် ၆၇ ပီ ကြယ်စုဆီကို သွားရောက်နိုင်ခဲ့ပါတယ်။

အခုလို သွားရောက်နိုင်ခဲ့တာဟာ ဖီလေ လန်ဓါ (Philae lander) ဆိုတဲ့  အာကာသ သုတေသနယာဉ်သုတေသန လုပ်ငန်းအစီအစဉ်ရဲ့ မန်နေဂျာ စတီဖဲန် ဥူလာမက် (Stephan Ulamec) က အကြီးအကျယ် အောင်မြင်မှုတခုလို့ပြောဆိုခဲ့သလို အခုလို ဆင်းသက်နိုင်ခဲ့တဲ့ အာကာသယာဉ်ကို တီထွင်ပေးခဲ့သူကို အခုလို ကျေးဇူးတင်တဲ့အကြောင်းထည့်ပြောသွားပါတယ်။ “အခုလောက်အထိ အောင်မြင်လာလိမ့် မယ်လို့ဘယ်သူမှ မျှော်လင့် မထားကြဘူး။ အခုလိုမျိုး အချိန်တိုတိုလေးအတွင်းမှာ၊ ကမ္ဘာမြေဆွဲအားရှိနေတဲ့ကြားထဲကနေ အခုလိုမျိုး ယာဉ်ဒီဇိုင်းကို ဖန်တီးတီထွင်နိုင်ခဲ့တဲ့ပုဂ္ဂိုလ်ကို ဘယ်လိုချီးမြှောက်ရမလဲဆိုတာ စဉ်းစားလို့ကိုမရဘူး” လို့သူက ထည့်သွင်း ပြောဆိုသွားခဲ့ပါ တယ်။

တည်ဆောက်သူတွေဟာ အဆိုပါယာဉ်ရဲ့ထုထည်နဲ့ ဘယ်လောက်အတိုင်းအတာအထိ အောင်မြင်အောင် တည်ဆောက်နိုင်မလဲ ဆိုတာ တွေအပေါ်မူတည်ပြီးမှသာ ယာဉ်ဆင်းသက်ရမယ့်ဂြိုဟ်ကို တိုင်းထွာသုတေသနလုပ်တာတွေ အောင်မြင်မှာဖြစ်ပါတယ်။ ဒါပေမယ့် ဆင်း သက်ရမယ့်ဂြိုဟ်ရဲ့အနားစွန်းဘက်တွေကို အကြမ်းဖျဉ်းအားဖြင့် အာလူးတလုံးရဲ့မျက်နှာပြင်လို မညီမညာရှိနေတယ်လို့မှတ်ယူပြီး ဆင်း သက်ရမှာ ဖြစ်ပါတယ်။ အဲဒီလို အသေးစိတ် ကြိုတင်ပြင်ဆင်ပြီးမှ ဆယ်စုနှစ်နှစ်စုလောက် စီစဉ်ပြီးမှ သွားရောက်ခဲ့တာပါ။ တချက်လေး ခြေချော်လက်ချော် ဖြစ်သွားတာနဲ့ ပြင်ဆင်ထားသမျှတွေ အားလုံးဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် “ဖီလေ လန်ဓါ” အာကာသ သုတေသနယာဉ်ဟာ ဂြိုဟ်ပေါ်ဆင်းသက်စဉ်မှာ မီးလောင်မှု မဖြစ်ပွားရလေအောင် အစစအရာရာ သတိဝိရိယ ရှိနေရမှာပါ။ ဒါ့အပြင် စကြာဝဠာထဲမှာ ကြွေကျလာမယ့် ကြယ်တံခွန်တွေရဲ့ထိခိုက်မှုမရှိအောင်လည်း သတိကြီးကြီးထားကြရမှာဖြစ်ပါတယ်။ ယာဉ်ဆင်း သက် ရမယ့်နေရာမျက်နှာပြင်မှာ ရေခဲပြင်မျိုးလည်း ဖြစ်နေနိုင်တဲ့အတွက် အထူးဂရုစိုက်ပြီး သုတေသနတွေလုပ်နိုင်ပါမှ ရည်ရွယ်ချက်တွေ အ ကောင်အထည်ဖေါ်အောင်မြင်နိုင်မှာဖြစ်သလို သုတေသနပြုလုပ်သူတွေလည်း စိတ်ကြည်နူးမှုတွေ ရကြမှာပါ။

● အမှတ်ခြောက် သင်ခန်းစာ။  ။ တိုင်းထွာလို့မရတဲ့ ဉာဏ်ကြီးရှင်တွေရဲ့သြဇာတိက္တမ။
‘ဉာဏ်ကြီးရှင်’ ဆိုတဲ့ စကားလုံးဟာ လူတွေရဲ့စိတ်နှလုံးကို သဘောကျနှစ်ခြိုက်စေတဲ့ အသုံးအနှုန်းပါ။ အဲဒီစကားလုံးကို မျက်နှာလွှဲခဲပစ်လုပ် ခဲ့ရတာ ကျမ တသက်လုံးပါပဲ။ အဲဒီလိုမျိုးသာ ရှင်တို့ကို လူတွေက ကင်ပွန်းတပ်နေမယ်ဆိုရင် ကိုယ်လုပ်ချင်တာကို လွတ်လွတ်လပ်လပ် ဘာမှလုပ်လို့ရမှာ မဟုတ်တော့ဘူး။ အဲဒါကို လူတွေနားလည်အောင် ဘယ်လိုရှင်းပြရမလဲဆိုတာ ကျမ တကယ့်ကိုမသိပါဘူးရှင်” လို့ ရှေလာ နီရဲန်ဘာဂ်  (Sheila Nirenberg) က ပြန်လည်ရှင်းပြခဲ့ပါတယ်။

(အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်မှာရှိတဲ့ ကော်နဲလ် တက္ကသိုလ် က အာကာသသိပ္ပံဆိုင်ရာ ပါမောက္ခ ရှေလာ နီရဲန်ဘာဂ်  Sheila Nirenberg က ဘီဘီစီဝက်ဆိုဒ်ရဲ့ Future ကဏ္ဍမှာ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ (၂) ရက်နေ့မှာရေးသားပြီး မောင်ဖေသက်နီ ဘာသာပြန်ပါ တယ်။)

ဆောင်းပါးရေးသားသူ ပါမောက္ခ ရှေလာ နီရဲန်ဘာဂ်  Sheila Nirenberg ဟာ အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်မှာရှိတဲ့ ကော်နဲလ် တက္ကသိုလ်ရဲ့အာကာသသိပ္ပံဆိုင်ရာ ပါမောက္ခတဦးဖြစ်ပါတယ်။ သူဟာ နယူးယောက်တက္ကသိုလ်နဲ့ ဟားဗာ့ဒ်တက္ကသိုလ်တွေမှာ ပညာ သင်ကြားခဲ့ပါတယ်။ အခုဆောင်းပါးကို ဘီဘီစီဝက်ဆိုဒ်ရဲ့ Future ကဏ္ဍမှာ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ (၂) ရက်နေ့မှာ ရေးသားခဲ့တာဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts