Business Directory Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

၁၅နှစ်ပြည့် Junction Centre များ Charity အလှူ – ပြဇာတ်၊စတိတ်ရှိုးများဖြင့် ရန်ပုံငွေ ရှာမည်

၁၅နှစ်ပြည့် Junction Centre များ Charity အလှူ  –  ပြဇာတ်၊စတိတ်ရှိုးများဖြင့် ရန်ပုံငွေ ရှာမည်
(ရန်နောင်(ဗိုလ်တထောင်)၊ မိုးမခ) ဒီဇင်ဘာ ၁၁၊ ၂၀၁၄

၁၅ နှစ်ပြည့်ခဲ့ပြီဖြစ်သော  Junction Centre များ ၏ အမြင်အာရုံ အကြားအာရုံ ချို့တဲ့သူများ၊ မသန်စွမ်းသူများ၊ ကူးစက်ရောဂါပိုးခံစားနေရသူများ၊ မိဘမဲ့ကလေးသူငယ်များနှင့် ပညာရေးအတွက် အမှန်တကယ် ကူညီထောက်ပံ့ပေးရန် လိုအပ်နေသူများ အား တစ်ဖက်တလမ်းမှ ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက်  ရန်ပုံငွေ ရှာကာ ပွဲပြုလုပ်မည့်အကြောင်းစာနယ်ဇင်းရှင်းလင်းပွဲကို ဒီဇင်ဘာလ (၈ )ရက်နေ့ နေ့လည်(၁) နာရီက ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်း လမ်းမပေါ်ရှိ စင်ထရယ်ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

Junction Centre များသည် ၁၉၉၉ ခုနှစ်မှ စတင်တည်ထောင်ခဲ့သော မြန်မာနိုင်ငံ၏ ပထမဆုံး Shopping Centre အဖြစ် ရပ်တည်လာခဲ့ပြီး အောင်မြင်မှုများ စဉ်ဆက်မပြတ် ရရှိထားရာ၊ ၂၀၁၄ ခုနှစ်တွင် Junction Centre နှင့် Junction Square များ အောင်မြင်စွာ ရပ်တည်နိုင်သည့် (၁၅) နှစ်ပြည့်အခမ်းအနားသို့ ရောက်ရှိခဲ့ပြီဖြစ်ပါသည်။ Junction Square နှင့် Junction Centre များ၏ (၁၅)နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့် ကျင်းပပြုလုပ်မည့် “Junction 15th Anniversary with Charity” အစီအ စဉ်တွင် CSR Actvities များနှင့် Anniversary Event အစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် သွားမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ၂၀၁၄ခုနှစ်၊ ဒီဇင်ဘာလ(၁၄)ရက်နေ့ ညနေအစီအစဉ်တွင် Junction Square ရှိ Fountain Area တွင် မြန်မာနိုင်ငံ၏ နာမည်ကြီးတေးသံရှင်များဖြစ်သော Rဇာနည်၊ ရဲလေး၊ ဖိုးကာ၊ ဝေလ၊ ဖြူဖြူကျော် သိန်း၊ နီနီခင်ဇော်၊ မိစန္ဒီ၊ နန်းသူဇာ၊ နန်းမြတ်ဖြိုးသင်း တို့ရဲ့ သီဆိုဖြော်ဖြေမှုနဲ့အတူ အမြင်အာရုံချို့ တဲ့နေတဲ့ က  လေးငယ်တွေရဲ့ ယှဉ်ပြိုင်သီဆိုဖျော်ဖြေမှုကို ထည့်သွင်းထားပါသည်။

ထိုနောက် ဇာဂနာစုစည်းပြီး မင်းမော်ကွန်း၊ ကျော်ကျော်ဗိုလ်၊ ထွန်းထွန်း၊ မေသဉ္ဇာဦး၊ ခိုင်သင်းကြည်၊ ဝင့်ယမုံလှိုင်၊ထားထက်ထက်၊ဖူးပွင့်သခင်နဲ့မေမြင့်မိုရ် တို့ ပါဝင်သရုပ်ဆောင်မဲ့ “ဇနီးတော်များ Shopping ထွက်ခြင်း” ပြဇာတ်အစီအစဉ်ကို စီစဉ်ထားရှိပါသည်။

၎င်း ဖျော်ဖြေပွဲလက်မှတ်တစ်စောင် အား ဝင်ကြေးငွေကျပ်(၁၅,၀၀၀/-) ဖြင့် Junction Centre နှင့် Junction Square ရှိ Information Counter များ တွင် ဝယ်ယူရရှိနိုင်ပြီး လက်မှတ်ရောင်းရငွေများအားလုံးကို Junction Group ၏ CSR Program များတွင် လှူဒါန်းသွားမည်ဖြစ်ပါသည်။ ထို့အပြင် ဖျော်ဖြေပွဲလက်မှတ်ဝယ်ယူ၍ MORRIS GARAGES (MG3) Brand New Car တစ်စီးအား ကံထူးနိုင်မည့် အခွင့်အရေးရရှိမည် ဖြစ်ပါသည်။ ၄င်းအစီအစဉ်များအား ပြည်သူများတိုက်ရိုက် ကြည့်ရှုခြင်း၊ တိုက်ရိုက်အားပေးလှူဒါန်းခြင်း ပြုလုပ်နိုင်ရန်အတွက် 5 Net Work နှင့် ချိတ်ဆက်ကာ 5 Plus Free To Air Channel တွင် တိုင်ရိုက်ထုက်လွှင့် တင်ဆက်သွားမည် ဖြစ်ပါသည်။

အဆိုပါလုပ်ဆောင်ချက်များ ပြုလုပ်ခြင်းဖြင့် Junction Group ၏ 15th Anniversary & CSR Program အစီအစဉ်များအား အများပြည်သူများ သိရှိပြီး ဝမ်းသာပီတိပွားများနိုင်စေရန်နှင့် Junction Group ၏ Corporate Social Responsibility အစီအစဉ်များအား စဉ်ဆက်မပြတ် ကျင်းပပြုလုပ်နိုင်စေရန် ရည်ရွယ်ပါသည်ဟု ဆိုပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts