Yan Naung (Bo Ta Htaung) သတင်းပဒေသာ

ရန်နောင် (ဗိုလ်တထောင်) – အငြင်းပွားဖွယ်ကြော်ငြာကြောင့် ရန်ကုန်မှ စားသောက်ဆိုင်တာဝန်ရှိသူ ၃ ဦးကို ထိန်းသိမ်း

ရန်နောင် (ဗိုလ်တထောင်)  – အငြင်းပွားဖွယ်ကြော်ငြာကြောင့် ရန်ကုန်မှ စားသောက်ဆိုင်တာဝန်ရှိသူ ၃ ဦးကို ထိန်းသိမ်း
ဒီဇင်ဘာ ၁၀၊ ၂၀၁၄

ဗုဒ္ဓဘာသာကို အကြည်ညိုပျက်စေသည့် ရုပ်ပုံဖြင့် အင်တာနက်တွင် ကြော်ငြာသည်ဟုဆိုသော  ရန်ကုန်၊ ဗဟန်းမြို့နယ် ရွှေတောင်ကြားရပ်ရှိ   V Gastro Bar စားသောက်ဆိုင်မှ တာဝန်ရှိသူတချို့ကို ထိန်းသိမ်းထားကြောင်း ဗဟန်းရဲစခန်းက ဗုဒ္ဓဟူးနေ့ ညနေပိုင်းတွင် ပြောသည်။

ကြာသပတေးနေ့တွင် တရားစွဲမည်ဟု စခန်းမှူးက ပြောသည်။

ဒီဇင်ဘာ ၁၄ ညပိုင်းတွင် ပြုလုပ်မည့် ဆိုင်၏ အစီအစဉ်တခုအတွက် ပြုလုပ်ထားသော ကြော်ငြာတွင် ဗုဒ္ဓရုပ်ပုံတော်ကို သီချင်းနားထောင်သည့် နားကြပ်တပ်ဆင်ထားသောပုံဖြင့် သရုပ်ဖော်ထားသည်။
အငြင်းပွားဖွယ်ဖြစ်နေသော ထိုပုံကို အင်တာနက်တွင် ဝေဖန်ကြရာမှ    မြို့နယ်သာသနာရေးဦးစီးမှူးက   တိုင်တန်းသဖြင့် ရဲတပ်ဖွဲ့က အရေးယူထားခြင်းဖြစ်သည်ဟု ဆိုသည်။

ဗဟန်းရဲစခန်းက ဆိုင်ပိုင်ရှင် ဦးထွန်းသူရိန်၊ ဆိုင်မန်နေဂျာ ဦးထွဋ်ကိုကိုတင်၊ နယူးဇီလန်နိုင်ငံသား Mr. Philip တို့ကို ပုဒ်မ ၂၉၅၊ ၂၉၅ (က)တို့ဖြင့်   အမှုဖွင့်ထားကြောင်း၊ ပြစ်မှုထင်ရှားပါက   ထောင်ဒဏ် ၂ နှစ်အထိ ပေးနိုင်သော အမှုဖြစ်ကြောင်း သိရသည်။

ကြော်ငြာကို Facebook တွင် စတင် ဖော်ပြသူမှာ အဆိုပါ နိုင်ငံခြားသားဖြစ်ကြောင်း၊ ဘာသာရေးအရ အကဲဆတ်ခြင်းကို မသိရှိခဲ့သဖြင့် ထိုသို့ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts