မိုးမခကို ပေးတဲ့စာ

ထင်အောင် – ဆရာမကြီးပြောတဲ့ ဒေါ်ကြိုင်ကြိုင်အကြောင်းမှ အလွဲလေးတစ်ခု

ထင်အောင် – ဆရာမကြီးပြောတဲ့ ဒေါ်ကြိုင်ကြိုင်အကြောင်းမှ အလွဲလေးတစ်ခု
(မိုးမခပေးစာ) ဒီဇင်ဘာ ၁၀၊ ၂၀၁၄

ယနေ့ ထုတ်ဂျာနယ်များထဲမှ ‘အဓိပတိသတင်းဂျာနယ်’  အတွဲ-၂ အမှတ်-၁၈တွင်ပါဝင်သော “ဒေါ်ကြိုင်ကြိုင်၏ ငယ်ဘဝဖြစ်စဉ်အမှန်ပြောပြသူ ဆရာမကြီး ဒေါ်ဒက်ဖနီကျော်” ဆိုသောဆောင်းပါးကို ဦးစားပေးဖတ်ရှုမိပါတယ်။ ဒေါ်ကြိုင်ကြိုင်တို့ မိသားစုတွေနဲ့ ပတ်သက်ပြီး ကောလာဟလမျိုးစုံ သတင်းတွေထွက်နေတာကြောင့် ဆရာမကြီးက သူသိတဲ့ ငယ်ဘဝကို အမှန်ပြောပြရတာပါလို့  ရေးထားပါတယ်။

ဆရာမကြီးက ဘားအံမြို့ အထက (၁)မှာ အင်္ဂလိပ်ဘာသာ သင်ကြားပြသသူပါ။ ဆယ်တန်းမှာ အသက်(၁၈)နှစ်ရှိတဲ့ ပအို့မလေး မိကြိုင်ကို သင်ပေးခဲ့တဲ့ဆရာမပါလို့ အသေအချာရေးထားပါတယ်။ ကျွန်တော်မှတ်မိသလောက်က မော်လမြိုင်မြို့က အမျိုးသမီးကျောင်းမှာ ဆယ်တန်း တက်ခဲ့ပါတယ်။ အဲဒီကျောင်းကပွဲတော်တစ်ခုမှာ ဒေါ်ကြိုင်ကြိုင်ကိုယ်တိုင်  အလှူငွေတွေပေး တက်ရောက်ခဲ့ပါတယ်။ ဒေါ်ခင်ဝင်းရွှေတောင် ပါသေးတယ် ထင်ပါတယ်။

ဘားအံမှာ ဆယ်တန်းအထိတက်ပြီး စာမေးပွဲကျလို့ မော်လမြိုင်ကိုပြောင်းတက်တာ ဖြစ်နိုင်ပေမဲ့ ဆရာမကြီးက ဆယ်တန်းမှာ မင်္ဂလာဆောင်သွားတယ်လို့ အတိအကျ ရေးထားပါတယ်။ သူကိုမဖိတ်ဘူးလို့တောင် ၀မ်းနည်းစကား ပြောပါသေးတယ်။ သမိုင်းသုတေသန ပညာရှင်တွေအတွက် သမိုင်းကြောင်းအမှန်ဖြစ်ဘို့ ဆရာမကြီး သုံးထားသလို ‘First Lady’ ရဲ့ သမိုင်းကို ပြန်လေ့လာသင့်ပါပြီ။

ဒီဆောင်းပါးမှာ အဓိကထားရေးသွားတာက ပညာရေးအကြောင်း မဟုတ်ပါဘူး။ ဒေါ်ကြိုင်ကြိုင် အပျိုစစ်ကြောင်း အသက်(၉၂)နှစ် ရှိတဲ့ ဆရာမကြီးက သက်သေပြုသွားတာပါ။ ဒါလဲပဲ သုတေသနပြုချင်သူတွေ ရှိရင် ပြုကြပေါ့ဗျာ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts