ကဗျာ

လင်းအေးထင် – လွန်ခဲ့တဲ့ (၁၅) နှစ်


လင်းအေးထင် – လွန်ခဲ့တဲ့ (၁၅) နှစ်

(ဒေါင်းအိုးဝေ) ဒီဇင်ဘာ ၃၊ ၂၀၁၄
ထုံးဖြူတွေ သုတ် ဆိုင်းဘုတ်တွေ များလာတဲ့ မြို့လေးနဲ့ ဝေးရာ …

အမြဲပဲ ငါ ထွက်သွားတတ်တယ် …

ငါ ဟာ ခေတ်ပေါ် လူငယ်၊ ဆံပင် ရှည်တယ်၊ ကာရန်မဲ့ ကဗျာ စပ်တယ်

လူ့ဘောင်သစ် အကျိုး အပျက် ရဲ့ ဒုတိယ မျိုးဆက် ဖြစ်တယ်။

အိပ်မက်တွေက အကြီးကြီးပဲ …

ဂျာမန် စာတွေ ဘာသာပြန်မယ် …

အရုပ် မပါတဲ့ မဂ္ဂဇင်း ထုတ်မယ် …

အရုပ် တွေချည်း ပါတဲ့ မဂ္ဂဇင်းလည်း ထုတ်မယ် …

အော်လဗာ စတုန်း ရဲ့ The Doors လို

ဂီတ နောက်ခံ ရုပ်ရှင် တကား ရိုက်ချင်သေးတယ် …

မောင်သစ်မင်း ရဲ့ တေးမြုံငှက် ဆိုရင် ဘယ်လိုလဲ။

 

My Own Private Idaho ကြည့်ထားသူမို့

လူမှု သူပုန် လို့ ငါ့ ကိုယ် ငါ ဟစ်ကြွေး

ရေးဗားဖီးနစ်လို မတ်တပ်ကနေ လဲသေမတတ် ဆေးကျွံချင်တယ်။

 

မြို့လေးရဲ့ သေးကွေးတဲ့ ဒဏ် ငါ မခံနိုင်ဘူး၊

အမြဲပဲ … အဝေးကြီးကို အပြီးသွားချင်ခဲ့တယ် …

ဒါမှမဟုတ် တောခိုချင်တယ် …

ဒါမှမဟုတ် သတ်သေချင်တယ် … ။

နှင်းတောထဲ ဆိုင်ကယ် အပြင်းမောင်းလို့

မြို့ခြားတဲ့ ကောင်မလေးဆီ ညချင်းပြန် သွား တွေ့တယ်။

ဖန်တရာတေအောင် အဖွဲ့ဆိုခံ မြို့အနောက်က မြစ် နဲ့

မြို့မြောက်ဘက် က ဘုရား ဟာ ငြီးငွေ့ဖွယ်

ငါဟာ ခေတ်ပျက်ရဲ့ သင်္ကေတ သစ် ကဗျာဆရာ။

နေတွေ ပူလို့ ခေါင်းက ကိုက်လာ အသစ်တွေ ခေါင်းပါးခြင်း ကမ်းစပ်မှာ

မားဆိုးလို မောင်းဖြုတ် မိတော့မယ် … ငါ။

အခုတော့ မြင်းချေးနံ့နဲ့ တမာနံ့ ရောထွေးနေတဲ့

လွန်ခဲ့တဲ့ (၁၅) နှစ်က ငါ့ မြို့လေးကို ငါ လွမ်းလို့ …

လွန်ခဲ့တဲ့ (၁၅) နှစ်က ဘောင်းဘီ ဝတ်ထားတဲ့ မိုးတိမ်လေး

ငါ့ ကိုယ် ငါ ပြန် လွမ်းလို့ …

အိပ်မက်များ ပြိုပျက်ရာ ချောက်ကမ်းပါး ထိပ်မှာ

ငါ ခြေစုံ ရပ်ရင်း ရေးလိုက်ပါရဲ့ ဒီ ကဗျာ။      ။

လင်းအေးထင်

Lin Htin Facebook
https://www.facebook.com/linayehtin?fref=nf

ABSDF ဖွဲ့စည်းတည်ထောင်ခြင်း (၂၆) နှစ်မြောက် အထိမ်းအမှတ် ထုတ်ဝေသည့် ဒေါင်းအိုးဝေ မဂ္ဂဇင်း (ပကြိမ်၊ နိုဝင်ဘာ၊ ၂၀၁၄ ကနေ ကူးယူ ဖော်ပြခြင်း ဖြစ်သည်။  မူရင်း မဂ္ဂဇင်းကို ဈေးကွက် မှာ ဝယ်ယူ အားပေးပါ။  တောရိုင်း နှင်းဆီ စာပေ နှင့် စာအုပ် ထုတ်ဝေရေး၊ အမှတ် (၃၇၅)။ ကျိုက္ကဆံလမ်း၊ တာမွေကြီး (ခ) ရပ်ကွက်၊ တာမွေမြို့နယ်၊ ဖုန်း – ၀၁ ၅၄၁ ၄၅၄ ၊ ၀၉ ၇၃၁ ၀၇၉ ၃၃ ၊ ၀၉ ၄၂ ၁၁၁ ၃၈၇၁၊

××××××

လင်းထင် (လင်းအေးထင်) စာ ဟောင်းများ ဖတ်ရန် –

ငရဲလမ်းလိုက်မှ ဘာ မျှော်လင့်ရဦးမလဲ
http://moemaka.com/archives/40853
http://www.moemaka.blogspot.com.au/2014/11/blog-post_212.html

ဘာလဲဟဲ့ ရင်ကြားစေ့ရေး
http://moemaka.com/archives/40675
http://www.moemaka.blogspot.com.au/2014/11/blog-post_14.html

အလကား မတ်တင်း အမျိုးသား ကဗျာဆရာကြီး ကိုချော
http://moemaka.com/archives/39648
http://moemaka.blogspot.com.au/2014/09/blog-post_42.html

ဘာသာရေးဟာ လောကီကြောင်းမှာ စပ်ယှက် သင့်မသင့်
http://www.moemaka.blogspot.com.au/2013/07/linn-htin-religion-and-community-to-be.html

ဂိုဂင်နီ
http://moemaka.blogspot.com.au/2013/08/linn-htin-essay.html


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts