MoeMaKa VDO

သန်းရွှေ အကြောင်း

 
သန်းရွှေ အကြောင်း
မိုးမခ။ ဒီဇင်ဘာ ၀၃ ၊ ၂၀၁၄
မိုးမခ ပရိသတ် ကို သန်းရွှေ အကြောင်း မိတ်ဆက်ပေးချင်ပါတယ်။  ဒီ သန်းရွှေ ကတော့ ပြည်သူတွေ အော့ကြောလန် တဲ့ သန်းရွှေ မဟုတ်ပါဘူး။  ပြည်သူ့ အချစ်တော် ဟာသ အနုပညာ ရှင် ဟာသမယ် မသန်းရွှေ ရဲ့ အကြောင်းပါ။
သူ ကိုယ်တိုင်သီချင်း ဆို သူ့ ဘဝ တစိတ် တဒေသ ကို လှစ်ဟ ပြထားတာပါ။  ပြည်သူတွေ ကို ပျော်တော်ဆက် အပြုံး ပန်းတွေ ပွင့်စေရင်း ပရိသတ် နောက်ကွယ်မှာ ဘဝ အမော တွေ အကြောင့် ကိုယ်တိုင်တော့ မျက်ရည် ကျ နေရတဲ့ အကြောင်းလေးပါ။
ပြည်သူတွေကို မျက်ရည် ငရဲပန်းတွေ ပွင့်စေပြီး မတရား လောကီ စည်းစိမ် စံစား နေရတဲ့ အခြား နာမည်တူ သန်းရွှေ ဘဝ နဲ့ တော့ ကွာခြားလှပါတယ်။  ပြည်သူတွေရဲ့ အသည်းနှလုံးမှာလည်း ထင်ဟပ် ကျန်နေရစ်မယ့် ပုံရိပ်ချင်းလည်း အင်မတန့် အင်မတန် ကွာနေမှာ သေချာလှပါတယ်။
အနုပညာ လုပ်ကိုင်ခွင့် အပိတ်ခံရသည့် အထိ ရှစ်လေးလုံး လူထု အရေးတော်ပုံကြီး အတွင်းဝယ် ပြည်သူနှင့်တသားတည်း ရပ်ခဲ့သည့် ပြည်သူချစ်သော အနုပညာရှင် ဟာသမယ် မသန်းရွှေ ဂုဏ်ပြု အမှတ်တရ။
သန်းရွှေ အကြောင်း .. သန်းရွှေ အကြောင်း .. 
ချစ်တတ်တဲ့.. သန်းရွှေပါ.. သဘော ကောင်းတဲ့.. သန်းရွှေပါ..
ဘဝ သိတဲ့.. သန်းရွှေပါ.. အလှ ရှိတဲ့.. သန်းရွှေပါ..
သန်းရွှေ အကြောင်း .. သန်းရွှေ အကြောင်း .. 
ပြည်သူတွေကို ပျော်တော်ဆက် လို့
နာမည်တွင်တယ် ဟာသမယ်..
လူတွေ ပျော်အောင်.. တီထွင် တတ်လို့..
ခင်မင်သူတွေ.. တကယ်.. ပေါတယ်..
အများသိတဲ့.. သန်းရွှေဟာ.. ပရိသတ်ရဲ့.. ရှေ့မှာသာ..
တဟားဟား နဲ့.. ဟစ်ရယ်စရာ.. နောက်ရွှတ်လို့.. တွေ့မှာပါ..
သန်းရွှေ အကြောင်း .. သန်းရွှေ အကြောင်း .. 
ပရိသတ်ရဲ့ နောက်ကွယ်မှာ..
ဘဝ.. အတွက်ကြောင့်.. မျက်ရည်ဖြာ..
အများ မသိတဲ့.. အကြောင်းတွေကလာ..
တရှိုက်ရှိုက်နဲ့.. သန်းရွှေပါ..
သန်းရွှေအကြောင်း၊ တေးရေး – မင်းဇော်၊ တေးဆို – ဟာသမယ် မသန်းရွှေ

 

YouTube Music Video URL: http://youtu.be/p2H6-XaM7Oc
 
 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “သန်းရွှေ အကြောင်း

Comments are closed.