သတင်းပဒေသာ

နေမျိုးနွယ် – မိသားစုလိုက် ပါဝင်နိုင်မယ့် ရန်ကုန်မြို့ရဲ့ ဒီဇင်ဘာလ ပျော်ပွဲရွှင်ပွဲ

နေမျိုးနွယ် – မိသားစုလိုက် ပါဝင်နိုင်မယ့် ရန်ကုန်မြို့ရဲ့ ဒီဇင်ဘာလ ပျော်ပွဲရွှင်ပွဲ

နိုဝင်ဘာ ၂၇၊ ၂၀၁၄

စမတ်ဖုန်း၊ အခန်းဆက်ရုပ်သံဇာတ်လမ်း၊ ဂိမ်း၊ ဥရောပ ဖလား၊ Facebook  အစရှိတဲ့ မီဒီယာတွေထဲက ဘယ်ဟာနဲ့ ငြိတွယ်နေပြီလဲ။

အဲဒီလို ခေတ်ပေါ် အချိန်ဖြုန်းစရာ၊ အပန်းဖြေစရာ  နည်းနာတခုခုကို သာမန်ထက်ပိုပြီး စွဲလန်းမှုမျိုး ရှိလာပြီ ဆိုရင် မိသားစုတွင်း အနေအထားလည်း အပြောင်းအလဲ ဖြစ်လာနိုင်ပါတယ်။

ကိုယ့်သားသမီး၊ ကိုယ့်မိဘအတွက် အာရုံမစိုက်၊ အချိန်မပေးနိုင်တာ သိပ်များလာပြီဆိုရင်  မိသားစုတွင်းပျော်ရွှင်မှု၊ ချစ်ကြည်ရင်းနှီးမှုဆိုတာတွေကို ထိခိုက်လာနိုင်မယ်မဟုတ်လား။

ရန်ကုန်မြို့မှာတော့ မိသားစုတွင်း ကျန်းမာ ပျော်ရွှင်သော လူမှုဘဝပုံစံများ ရရှိနိုင်စေမယ့် အစီအစဉ်တခုကို ဒီဇင်ဘာ လကုန်ပိုင်းမှာ တွေ့ရပါတော့မယ်။

Active Family Day Out လို့ အမည်ပေးထားတဲ့  ပျော်ရွှင်ဖွယ်ရာ ပွဲကြီးတခုကို    ဒီဇင်ဘာ ၂၈  နံနက် ၆နာရီမှ ညနေ ၆နာရီအထိ ပြည်သူ့ရင်ပြင် ကွင်း(၁)၊ (၂) တို့မှာ စည်စည်ကားကား ကျင်းပဖို့ City Mart က ပြင်ဆင်နေပါပြီ။

အဲဒီ ပွဲကြီးမှာ   မိသားစုပညာပေး၊ ကျန်းမာရေးဗဟုသုတဆိုင်ရာ အစီအစဉ်တွေ ပါဝင်မယ်၊  ကလေးရော လူကြီးများပါ ပါဝင်နိုင်အောင် စီစဉ်မယ်၊

ရောက်လာမယ့်   မိသားစုအားလုံးအတွက် ပျော်ရွှင်ဖွယ်ကောင်းမယ့်နေ့တစ်နေ့ ဖြစ်မယ်လို့ ယုံကြည်ကြောင်း City Mart ရဲ့ မန်နေးဂျင်းဒါရိုက်တာ ဒေါ်မေဇင်စိုးထက်က  နိုဝင်ဘာ ၂၆ရက်နေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

မိသားစုအလိုက် လမ်းလျှောက်ခြင်းဖြင့် နွေးထွေး ခိုင်မာတဲ့ ဆက်ဆံရေး၊ ကျန်းမာရေးအတွက် အထောက်အကူပြုတာကြောင့် ပါဝင်ဆင်နွဲသင့်ကြောင်း သူက တိုက်တွန်းသွားပါတယ်။

ပြိုင်ပွဲအတွက်    ရန်ကုန်က City Mart ဆိုင်ခွဲတချို့ နဲ့ Ocean ကုန်တိုက်တချို့မှာ  စာရင်းကောက်ခံမယ်၊ လျှောက်လွှာ ၁ စောင် ကျပ် ၅,ဝဝဝ နှုန်းနဲ့ ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။

ပြိုင်ပွဲမဝင်ဘဲ လေ့လာကြည့်ရှုသူများအတွက် ဝင်ခွင့်လက်မှတ်များကိုလည်း အခမဲ့ ထုတ်ပေးမယ်လို့ ဆိုပါတယ်။


လျှောက်လွှာ နဲ့ ဝင်ခွင့်လက်မှတ် ရယူနိုင်မယ့်နေရာ နဲ့ အချိန်

Ocean North Point December 8 – 10

Ocean Shwegondai December 11 –13

City Mart Myaenegone December 15 –17

City Mart Thamine December 21 – 23

Market Place (only registration) November 28 – December 15


ပါဝင်မယ့် ပြိုင်ပွဲများ၊ အစီအစဉ်များ

၂ ကီလိုမီတာ လမ်းလျှောက်ပြိုင်ပွဲ၊

၃ ကီလိုမီတာ လမ်းလျှောက်ပြိုင်ပွဲ၊

၅ ကီလိုမီတာ လမ်းလျှောက်ပြိုင်ပွဲ၊

မိသားစုအလိုက် ဝတ်စုံဝတ်ပြိုင်ပွဲ၊

တစ်နာရီ ဟင်းချက်ပြိုင်ပွဲ၊

မိသားစုအလိုက် ပျော်ပွဲစားအစီအစဉ်၊

မိသားစုအလိုက် ဂိမ်းပြိုင်ပွဲ၊

special talk အစီအစဉ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts