နိုဝင်ဘာ ၅၊ ၂၀၁၄
ဒီလက်တွေပဲလေ
လိုရာဖမ်းဆုပ်ဖို့ အသင့်
မလိုရာကို ဆန့်ထုတ်ဖို့ အသင့် ..။လက်တွေမှာ အားတွေရှိတယ်
လက်တွေမှာ တရားတွေရှိတယ် …။ဒီလက်တွေပဲလေ ..
မွေးလာ ခဏမှာ ဖျတ်ဖျတ်ကိုလူးလို့ …။ဒီလက်တွေပဲလေ …
သွားရာလမ်းမှာ ရင့်ကျင့်မှုတွေပြည့်လို့ …။စက်တင်ဘာ ၃၀၊ ၂၀၁၄
++++++++
သူ၏ လက် …။
သူမ၏ လက် …။
ထိုသူတို့၏ လက် ….။
ထိုသူများတို့၏ လက် …။
လက်အမျိုးမျိုး၊ လက်အထွေထွေတို့သည် ….
ပုသည်လည်း ရှိ၏။ တိုသည်လည်း ရှိ၏။ ရှည်သည်လည်း ရှိ၏။ သွယ်သည်လည်း ရှိ၏။
လက်တို့အပေါ်တွင် အနာဂတ်ကို ခွဲခြမ်းစိတ်ဖြာတွက်ချက်နိုင်သည့် အရေးအကြောင်းတွေရှိကြသည်ဟု ဆိုကြ၏။ ဟုတ်ချင်လည်း ဟုတ် မည်။ မှန်ချင်လည်း မှန်မည်။
ထိုလက်တို့ဖြင့် အရာဝတ္ထုတခုကို ဆုပ်ကိုင်နိုင်စွမ်းရှိသလို ဖြန့်ချနိုင်စွမ်းရှိ၏။ မြဲခြင်း မမြဲခြင်းဆိုသည်ကား လက်နှင့်အတူ ဆန္ဒစိတ်နဲ့သာ သက်ဆိုင်ပေလိမ့်မည်။
မနေ့တနေ့က မွေးဖွားလာသောလက်တို့တွင် မှီတွယ်ခြင်း (ဒါမှဟုတ်) ရှင်သန်းခြင်းတို့ကို တွေ့ပေလိမ့်မယ်။ နောက်ဆုံးတနေ့၏ လက်တို့ တွင် ဆန္ဒနှင့်အတူ တက်မက်ခြင်း (ဒါမှမဟုတ်) ငြင်းဆန်ခြင်းတို့ ရှိကောင်း ရှိလိမ့်မည်။
အချို့အချို့သည် ထိုထိုသော ကြားကာလအပိုင်းအခြားတို့တွင် စိတ်ဥတုကို အမှီပြု၍ လက်တို့အား မိမိတို့၏ လက်နက်သဖွယ် ရွေးချယ်သ မှုပြုကြရ၏။
ဦးနှောက်၏စေစားရာဖြင့် ထိုထိုသောလက်တို့သည် နောက်လက်တဖက်နဲ့ အပေးအယူတည့်ချင်လည်း တည့်မည်။
ထိုလက်တို့တွင် မူမှန်သည့်သင်္ကေတို့ရှိသလို ..မူမမှန်သည့် သင်္ကေတို့လည်း ရှိလိမ့်ဦးမည်။
ထိုလက်တို့သည် အနာဂတ်ဆီ ဖြန့်ကျက်ထားကြသလို …
အတိတ်ကိုလည်း ဖက်တွယ်ထားတတ်ကြပြန်သည်။
တရံသောအခါတွင် …
ကျောသပ်ချော့မြူခြင်းတို့တွင် အထောက်အပံ့ဖြစ်စေသော …လက်တို့တွင်
ပုခက်ကိုလည်းလွဲတတ်၏။
လက်နက်ကိုလည်း ကိုင်တတ်၏။
ကျောသပ်ချော့မြူခြင်းတို့တွင် အထောက်အပံ့ဖြစ်စေသော …လက်တို့တွင်
ကျောသပ်ချော့မြူခြင်းတို့တွင် အထောက်အပံ့ဖြစ်စေသော …လက်တို့တွင်
ကျောသပ်ချော့မြူခြင်းတို့တွင် အထောက်အပံ့ဖြစ်စေသော …လက်တို့တွင်
ဒိုးယိုပေါက်စီးဆင်းလျက်ရှိသော ကမ္ဘာမြေသည် ၂၁ ရာစုဦးအတွင်း နီးတလှည့် …ဝေးတလှည့် …။
ကမ္ဘာမြေ၏ ၂၁ ရာစုအတွင်း ထိုလက်တို့သည် ..တခါတရံ၏အတွင်းတွင် လက်သီးကိုဆုပ်လျက် …တခါတရံ၏အတွင်းတွင် .. လက်ဝါးကို ဖြန့်လျက် …။
နိုဝင်ဘာ ၅၊ ၂၀၁၄ (၂း ၃၅ နာရီ)