ကဗျာ

နေ၀န်းနီ (မန္တလေး) – ငါ့တို့ခေတ်​မှာ နိုင်​ငံတကာအဆင့်​မှီဖို့အတွက်

နေ၀န်းနီ (မန္တလေး) – ငါ့တို့ခေတ်​မှာ နိုင်​ငံတကာအဆင့်​မှီဖို့အတွက်
နိုဝင်ဘာ ၅၊ ၂၀၁၄

ငါ့တို့​ခေတ်​မှာ
နိုင်​ငံတကာ​အဆင့်​မှီ ဖို့အတွက်
မျိုးဆက်​သစ်​လူ​ငယ်​​တွေ
နိုက်​ကလပ်​၊ KTV ၊ မာဆက်​​တွေမှာ အပြည့်​ပဲ

ငါ့တို့​ခေတ်​မှာ
နိုင်​ငံတကာ​အဆင့်​မှီဖို့အတွက်
မိန်းမပျိုးလေး​တွေ
ပျော်​​တော်​ဆက်​ဘဝ​ရောက်​နေတယ်

ငါ့တို့​ခေတ်​မှာ
နိုင်​ငံတကာ​အဆင့်​မှီဖို့အတွက်
မော်​ဒယ်​​တွေ ဖင်​​ပေါ်ပြီး
ပြိုင်​ပွဲဝင်​​နေတယ်

ငါ့တို့​ခေတ်​မှာ
နိုင်​ငံတကာ​အဆင့်​မှီဖို့အတွက်
ဝမ်​​ပေါင်​ဆီကို ဧရာဝတီပို့ထားတယ်

ငါ့တို့​ခေတ်​မှာ
နိုင်​ငံတကာ​အဆင့်​မှီ ဖို့အတွက်
ပြည်​သူ​တွေကို ဓါးစာခံ ဖမ်းပြ​နေတယ်

ငါ့တို့​ခေတ်​မှာ
နိုင်​ငံတကာ​အဆင့်​မှီ ဖို့အတွက်
နိုင်​ငံတကာမှာ ​တောင်းစား​နေတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

One thought on “နေ၀န်းနီ (မန္တလေး) – ငါ့တို့ခေတ်​မှာ နိုင်​ငံတကာအဆင့်​မှီဖို့အတွက်
  1. “သုဉ်းသုံးဝဖြင့်၊ သုညခေတ်တွင်၊ လူဖြစ်ရလေ၊ တို့တတွေသည်၊ သေသော်မှတည့်၊ ဩော်ကောင်း၏” ဆိုတဲ့ခေတ်ရောက်နေပြီလား။

Comments are closed.