Business Directory Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

ရန်နောင်(ဗိုလ်တထောင်) TSS Tokyo Water ဖြင့် မြန်မာ့သဘာ၀၀န်းကျင် ပြည့်စုံစေမည်ဟု ဆို

ရန်နောင်(ဗိုလ်တထောင်) TSS  Tokyo Water ဖြင့် မြန်မာ့သဘာ၀၀န်းကျင် ပြည့်စုံစေမည်ဟု ဆို

(မိုးမခ) အောက်တိုဘာ ၂၄၊ ၂၀၁၄

    TSS Tokyo Water သည် မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်သော Myanmar Water 2014 မှာ ၎င်း တို့၏ကျွမ်းကျင်မှု၊အတွေ့အကြုံကောင်းများနှင့် အသိပညာများကို စိတ်ဝင်စားဖွယ်မျှဝေခြင်း နှင့် မြန်မာနိုင်ငံတွင် အသင့်တော်ဆုံးရေ လည်ပတ်မှုစနစ်ဖြစ်ပေါ်လာစေဖို့ အတွက် ဆွေးနွေးအကြံပေးခဲ့ပါသည်။ 

 

    TSS Tokyo Water အနေဖြင့် ၎င်းတို့ရဲ့ အဆင့်မြင့်နည်းပညာနဲ့ အရည်အသွေးမီ ရေလည်ပတ်မှုစနစ်တွေကို ယနေ့ Myanmar Water 2014  ကုန်စည်ပြပွဲမှာ လာရောက်ပြသခြင်းဖြစ်ပါတယ်လို့ ဥက္ကဋ္ဌ ဒေါက်တာ အက်ဆူရှီ မက်ဆူခို က အောက်ပါအတိုင်း ပြောပြခဲ့သည်။

    “ကျနော်တို့ဟာ နှစ်ပေါင်း ၁၂၀ခန့်က အတွေ့အကြုံတွေနဲ့အတူ နည်းပညာကောင်းများ၊လုပ်ငန်း၏ ဘယ်လိုလုပ်ကိုင်ဆောင်ရွက်ခဲ့ပုံများကို ဝေမျှခြင်းနှင့် မြန်မာနိုင်ငံတွင် ကျနော်တို့ရဲ့ ရေလုပ်ငန်းဝန်ဆောင်မှုတွေကို တိုးချဲ့ရန် အကောင်းဆုံး အခွင့်အရေးတခုနဲ့ ရည်ရွယ်ပြီး ဒီပြပွဲမှာ လာရောက်ပြသရခြင်းဖြစ်ပါတယ်။

    အဓိက အကြောင်းအရာများ အဖြစ် လူမှုဘဝ၊အနာဂတ်၊သဘာဝပတ်ဝန်းကျင် အကြောင်းတို့နှင့်အတူ  TSS Tokyo Water  အနေဖြင့် မြန်မာနိုင်ငံလို နိုင်ငံမျိုးအတွက် ပိုမိုပြည့်စုံကောင်းမွန်စေသော ရေလည်ပတ်မှုစနစ်ဖြစ်ပေါ်စေရန်နှင့် ကမ္ဘာ့ အဆင့်အတန်းနှင့် ညီမျှသော ရေလည်ပတ်မှု စနစ်များကိုလည်းပြသပေးထားပါတယ်။TSS ဟာ Myanmar Water 2014 ၏ အကြီးဆုံး ပြခန်းများထဲမှ တစ်ခုဖြစ်ပြီး နောက်ဆုံးပေါ်နည်းပညာများ၊ ဂျပန်နိုင်ငံမှ ကုန်ပစ္စည်းများကို ခင်းကျင်းပြသထားမည်ဖြစ်သည်။ ပြပွဲသို့ လာရောက်ကြမည့်သူများအနေဖြင့် တိုကျိုစည်ရေ အရသာကို မြည်းစမ်းကြည့်နိုင်မှာဖြစ်ပြီး TSS နှင့် အကျိုးတူ ပူးပေါင်းပါဝင်ဖွဲ့စည်းထားသောကုမဏီများ၏ လက်တွေ့သရုပ်ပြပြုလုပ်ခြင်းများကိုလည်းလေ့လာခွင့်ရရှိစေဦးမှာလည်းဖြစ်ပါတယ်။”

 

     TSS Tokyo Watre သည် ရေလုပ်ငန်းအရင်းအမြစ် အစိုးရဌာနနှင့်အတူ ဂျပန်နိုင်ငံ၏ အကျိုးတူ ပူးပေါင်းထားသောအဖွဲ့အစည်းဖြစ်ပြီး တိုကျိုမြို့တော်အစိုးရ၊ Mitsui & Co;Ltd ,Tokyo Engineering corporation တို့က မနှစ်က စက်တင်ဘာလမှာ ရန်ကုန်မြို့တော်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့်အတူ သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။ အဲ့ဒီအချိန်ကတည်းကစတင်ပြီး ဂျပန်နိုင်ငံ အဖွဲ့အစည်းက YCDC က ဝန်ထမ်းများကို ဖိတ်ခေါ်ပြီး ဂျပန်နိုင်ငံတွင် လေ့ကျင့်သင်ကြားပေးခြင်း ၊ဂျပန်နိုင်ငံမှ ရေလုပ်ငန်းများ၏ အကြောင်းတို့ကို လေ့လာစေခဲ့ပါသည်။

    ဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာအက်ဆူရှီ မက်ဆူခို က ထပ်မံပြောကြားရာတွင် အခြားတဖက်တွင် ကြည့်လျှင်လည်း ကမ္ဘာပေါ်ရှိ သန်း၉၀၀ သောလူများသည် သန့်ရှင်း၍  ယုံကြည်စိတ်ချရသောရေများကို သောက်သုံးနိုင်ခြင်းမရှိသေးသောကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သန့်ရှင်းစင်ကြယ်၍ ယုံကြည်စိတ်ချရသော သောက်သုံးရေများရရှိနိုင်မှုက အဓိက အရေးကြီးသော ပြဿနာတစ်ရပ်အဖြစ် တည်ရှိနေပါကြောင်း၊ မြန်မာနိုင်ငံတွင် လည်း ရာခိုင်နှုန်းအနည်းငယ်သော သူများသာလျှင် သန့်ရှင်းစင်ကြယ်သော ရေများကို သောက်သုံးနိုင်ပြီး မိလ္လာရေဆိုးစနစ် ကင်းစင်ရေးလုပ်ငန်းများကလည်း ကမ္ဘာ့အဆင့်အတန်းကိန်းဂဏန်းများနှင့်ယှဉ်လျှင် နိမ့်ကျနေတုန်းပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

    TSS သည် ဂျပန်ကုမဏီပေါင်းများစွာနှင့် အောင်မြင်စွာပူးပေါင်းလုပ်ဆောင်ခဲ့ပြီးဖြစ်သလို Myanmar Water 2014 တွင်လည်း နာမည်ကြီးကုမဏီများဖြစ်သည့် Tokyo Engineering ,Azbil Kimmom Co;ltd, Hitachi Co;Ltd , Osaki Precision Co;Ltd , ShowarasenkanSeisakusho Co;Ltd တို့နဲ့ ဖွဲ့စည်းထားတဲ့  TEAM ToKyo  အဖွဲ့အစည်းတို့ရဲ့ ကုန်ပစ္စည်းတွေကိုလည်း TSS ရဲ့ ကုန်စည်ပြသရာနေရာမှာ ခင်းကျင်းပြသပေးကြမှာပဲဖြစ်သည်။

     Myanmar Water 2014 ကုန်စည်ပြပွဲ ကို ရန်ကုန်မြို့ တပ်မတော်ခန်းမ၌  အောက်တိုဘာလ ၂၂ ရက်မှ ၂၄ ရက်နေ့အထိ ပြသမည်ဖြစ်ပြီး နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီ အထိပြသမည်ဖြစ်သည်။ ပြပွဲနောက်ဆုံးနေ့ ၂၄ ရက်နေ့တွင် ညနေ ၄ နာရီအထိသာပြသမည်ဖြစ်သည်။ပြခန်းပေါင်း ၁၈၀ ကျော်ပြသမည်ဖြစ်ပြီး နိုင်ငံပေါင်း ၂၀ကျော်မှ ပူးပေါင်းပါဝင်ပြသလျက်ရှိသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts