စာအုပ်စင် ဒေါက်တာခင်မောင်ဝင်း (သချာင်္)

၁၀ တန်း Mathematics ဓမ္မဓိဌာန် ဖြေဆိုနည်းများ – ဒေါက်တာခင်မောင်ဝင်း(သင်္ချာ)

၁၀ တန်း Mathematics ဓမ္မဓိဌာန် ဖြေဆိုနည်းများ – ဒေါက်တာခင်မောင်ဝင်း(သင်္ချာ)
(မိုးမခ စာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၄

စာအုပ်အမည် – ၁၀ တန်း Mathematics ဓမ္မဓိဌာန် ဖြေဆိုနည်းများ

ရေးသူ – ဒေါက်တာခင်မောင်ဝင်း(သင်္ချာ) ပါမောက္ခ ငြိမ်း

၂၀၁၄ အောက်တိုဘာ ၊ အုပ်ရေ ၅၀၀။

ထုတ်ဝေသူ – ဒေါ်ဝိုင်းသဇင်ဌေးလှိုင်

အောင်ပိုင်မင်းစာပေ၊  ၂၂၂ စက်ရုံလမ်း ဒေါပုံမြို့နယ် ရန်ကုန်။

ဖုန်း – ၀၉  ၇၃၂၀ ၅၃၉ ၇၊ ၀၉  ၄၂၁၀ ၅၉ ၉ ၃၁။

မျက်နှာဖုံး – ၀ိုင်းသဇင်

တန်ဖိုး – ၁၅၀၀ ကျပ်၊ စာမျက်နှာ – ၂၀၆၊ အခန်း- ၁၂ခန်း။

စာမေးပွဲတွင် ဓမ္မဓိဌာန်မေးခွန်းများကို ဖြေဆိုရသည့်ကျောင်းသားများသည် အဖြေကိုသာ ပေးရလေ့ရှိပါသည်။ ကွက်လပ်တွင် အဖြေကို ထည့်ပေးခြင်း သို့မဟုတ် ပေးထားသော အဖြေများထဲက အဖြစ်နိုင်ဆုံးအဖြေကို ရွေးပေးခြင်း စသည်ဖြင့် ပုံစံများဖြင့် မေးခွန်းကို ဖြေကြရပါသည်။ တွက်နည်းကို ပြောစရာမလိုပါ။ စဉ်းစားပုံ စဉ်းစားနည်းများကို ကျောင်းသားက သူ့ဘာသာစိတ်တွက်နှင့်ဖြစ်စေ ချတွက်ပြီးဖြစ်စေ တွက်ရသော်လည်း ထိုတွက်ပုံတွက်နည်းကို မရေးရပါ။ တွက်နည်းအတွက် လည်းအမှတ်မပေးပါ။ သို့သော် ကျောင်းသားများအနေနှင့် တွက်နည်းတော့သိထားဖို့လိုပါသည်။ ဘယ်လိုနည်းက မြန်မြန်နှင့် အဖြေထုတ်နိုင်မလဲဆိုတာကို သိထားဖို့ လိုပါသည်။ ထို့ကြောင့် ဤစာအုပ်လေးသည် ထိုကွက်လပ်ကို ဖြည့်ပေးထားပါသည်။

ပုစ္ဆာကိုတွေ့သည်နှင့် ဘယ်လိုစဉ်းစားရမလဲ ဆိုတာကို စဉ်းစားပုံများ ရေးသားထားပါသည်။ သည်တော့ ပုစ္ဆာကို တွေ့လျှင် ရှေးဦးစွာ ပုစ္ဆာကိုဖတ်ပြီး ကိုယ်တိုင် စဉ်းစားကြည့်ပါဟု အကြံပြုထားပါသည်။ ပြီးမှ ကိုယ်စဉ်းစားတာနဲ့ အဖြေကိုက်ကြည့်ကာ တွက်နည်းကို လေ့လာတိုက်ကြည့်ပါ။ ထပ်ခါထပ်ခါလေ့ကျင့်ခြင်းဖြင့် ဓမ္မဓိဌာန်မေးခွန်းများ ကိုဖြေဆိုသည့်အခါ မြန်မြန်စဉ်းစားတတ်သွားပြီး အဖြေများ မှန်ကန်လာပါလိမ့်မည်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts