Photo Aung Htet |
ဘကျော်(မကွေး) – ရာဇ၀င်မှာ နေရစ်ခဲ့တဲ့မြို့
(မိုးမခ) အောက်တိုဘာ ၁၅၊ ၂၀၁၄
ဝေါကနဲ ပြေးလွှားသံတွေကြား
မျက်စေ့သူငယ် နားသူငယ်နဲ့
လမ်းဖြတ်ကူးဖို့စောင့်နေမိတယ် …
ဝဲယာဘေးနှစ်ဖက်သာမက
ရှေ့ရော နောက်ရော
လည်ပင်းကို ဆုံလည်တတ်ပြီး
ဥိးခေါင်းကို ချာလပတ်ရမ်းခါထားရတယ် …
ဒါ …
တစ်ချိန်တုံးက
နန်းမြို့ရိုးကြီးနဲ့
မန္တလေးမြို့တော်တဲ့လေ …
ကုန်သည်ဝယ်ရောင်း
စီးပွားကောင်းသမို့
စကတ်တို ဘောင်းဘီကျပ်
ဆိုင်ကယ်မတ်တတ်
ဗမာစကားမသိတဲ့သူတွေနဲ့
ကြီးစိုးထားတယ် …
အကင်ဆိုင်နဲ့ မာလာဟင်း
ဆိုင်ချင်းထိမတတ်
ညှော်နံ့တွေ တလောင်လောင်နဲ့
မိုးမျှော်တိုက်တွေ တထောင်ထောင်နဲ့ပေါ့
ကုန်းဘောင်မျိုးဆက်တွေ
နောက်ဆုံးအသက်ဆက်ခဲ့ရာ
ဟန်ချက်ပျက်စွာ တွေ့လိုက်ရတယ်။
ကဗျာဆရာတွေကလည်း
ဒီမြို့ကိုချစ်တယ် …
ပန်းချီသမားတွေကလည်း
ဒီမြို့ကိုနှစ်သက်တယ် …
ဂီတသမားတွေကလည်း
စာဆို တေးဖွဲ့ ကကြတယ် …
လက်လုပ်လက်စား
အလုပ်သမားတွေလည်း
ဒီမြို့ကိုမှီခိုနေရတယ် …
ဒါပေမဲ့ …
မြို့သစ်တွေ အထပ်ထပ် ချဲ့ လို့ပေါ့