Han Thit Naing ဓာတ်ပုံသတင်း

ဟန်သစ်နိုင် – လင်းလွန်းခင်နဲ့ HOME က စာရေးဆရာ ၅ ဦး၏ စာအုပ် မိတ်ဆက်

 

ဟန်သစ်နိုင် – လင်းလွန်းခင်နဲ့ HOME က စာရေးဆရာ ၅ ဦး၏ စာအုပ် မိတ်ဆက်
(မိုးမခ) အောက်တိုဘာ ၁၅၊ ၂၀၁၄

လင်းလွန်းခင်စာပေတိုက်နှင့် House of Media Entertainment တို့၏ ပူးပေါင်းစီစဉ်တင်ဆက်မှုဖြင့် လင်းလွန်းခင်စာပေတိုက်မှ ထုတ်ဝေသော ဆရာတင်မောင်မြင့်(မြန်မာပြန်) ‘ကျောင်းတုန်းက သူငယ်ချင်းတွေ’ ၊ ဆရာရဲသျှမ်း ‘လမ်းဆုံဘူတာနှင့် မဂ္ဂဇင်းဝတ္ထုတိုများ၊ ဆရာ ဦးဆွေ(ဒဿနိက) ‘ဟယ်လို.. လူကြောင်နှင့် အခြားဝတ္ထုတိုများ’၊ ဆရာဇော်ခိုင်ဦး ‘ပွဲစားကြီး ငါးခြောက်’ ၊ ဆရာအောင်ရဲထွန်း(ဓာတု) ပြည်သူ့ဆန္ဒနဲ့ စီးချင်းထိုးသူများ’ စာအုပ်မိတ်ဆက်ပွဲကို ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းရှိ Home Media ခန်းမတွင် အောက်တိုဘာ ၁၁ရက်နေ့က ကျင်းပပြုလုပ်သည်။

ဆရာမျိုးမြင့်ငြိမ်း၊ ဆရာမောင်လွင်မွန်(ကသာ)၊ ဆရာမရွှေကူမေနှင်း၊ ဆရာမမိချမ်းဝေစသည်တို့က စာရေးဆရာငါးဦး ရေးသားထားသောဝတ္ထုများ၊ အကြောင်းအရာများကို ဝေဖန်သုံးသပ် ပြောကြားပေးခဲ့သည်။ စာပေလောကမှ မိတ်ဆွေအပေါင်းအသင်းများ စုံလင်စွာတတ်ရောက်ခဲ့သည်။

ဆရာမျိုးမြင်းငြိမ်းမှ ယခုစာရေးဆရာငါးဦးသည် မိမိနှင့်လက်တွဲဖက် မိတ်ဆွေစာရေးဆရာများဖြစ်ကြောင်း၊ စာပေလောကကျဆင်းနေပြီး စာအုပ်ထုတ်ဝေမှုနည်းပါးသောအချိန်ကာလတွင် လင်လွန်းခင်စာပေမှ စာရေးဆရာငါးဦးကို စာအုပ်ထုတ်ဝေမှုသည် အလွန်ဝမ်းမြောက်အားတတ်ဖွယ် ဖြစ်ကြောင်း၊ ရသစာပေရေးသားသော စာရေးဆရာများကိုလည်း အားတစ်ခုဖြစ်စေကြောင်း၊ အခြား စာအုပ်ထုတ်ဝေသူများကိုလည်း မျှော်လင့်ကြိုဆိုကြောင်းပြောသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts