Han Thit Naing သတင်းပဒေသာ

ဟန်သစ်နိုင် – စတုထ္ထမဏ္ဍိုင်နှင့် တာဝန်ခံမှုဆိုင်ရာ ဟောပြောဆွေးနွေးပွဲ

ဟန်သစ်နိုင် – စတုထ္ထမဏ္ဍိုင်နှင့် တာဝန်ခံမှုဆိုင်ရာ ဟောပြောဆွေးနွေးပွဲ
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၁၄
ဦးဇော်သက်ထွေး

စက်တင်ဘာ ၂၀ တွင် UMFCCI ခမ်းမ၌ WAVE Myanmar နှင့် ပြည်ထောင်စုမြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးရှိ လူမှုဖွံဖြိုးတိုးတက်ရေးဆိုင်ရာအဖွဲ့တို့ပြုလုပ်သည့် “စတုတ္ထမဏ္ဍိုင်နှင့် တာဝန်ခံမှု” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပွဲကို ဆရာဦးသီဟစော၊ ဆရာဦးဇော်သက်ထွေးနှင့် ဆရာမ ခင်မမမျိုးတို့မှ အဓိကဟောပြောဆွေးနွေးခဲ့သည်။

တာဝန်ခံမှုများနှင့်ပတ်သက်ပြီး ဆရာမဒေါ်ခင်မမမျိုးက ဒီမိုကရေစီနိုင်ငံများတွင် ပြည်သူသည် အိမ်ရှင်ဖြစ်သည့်အတွက် အစိုးရများသည် အများပြည်သူကောင်းကျိုးအတွက်ပြုလုပ်ပေးရာတွင် အားကောင်းဖို့အတွက် ပြည်သူများထောက်ခံအားပေးမှုရှိစေရန် တာဝန်ခံမှုများရှိ ရခြင်း၊ တိုင်းပြည်တွင်းမှာနေထိုင်ကြသော ပြည်သူများသည်လည်း ဒီမိုကရေစီအားကောင်းစေရန် မိမိတို့ကိုယ်တိုင်လည်း တာဝန်ခံမှု တာဝန်ယူမှုများရှိရခြင်း၊ စတုထ္ထမဏ္ဍိုင်ဖြစ်သည့်မီဒီယာသည် ဒီမိုကရေစီစနစ်တွင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ပဋိပကတွေကြီးထွား လာမှုမရှိအောင်၊ အမျိုးသားရင်ကြားစေ့ရေးအားကောင်းလာအောင် ပြုလုပ်ရာတွင် တာဝန်ခံမှု ရှိရမည်ဖြစ်ပြီး အုပ်ချုပ်ရေးမဏ္ဍိုင် အားနည်း လျှင် တိုင်းပြည်ရှိပြည်သူများသည် မိဘမဲ့ကလေးများပမာ စားဝတ်နေရေးနှင့် ကျန်းမာရေးများတွင် ဒုက္ခရောက်နိုင်ကြောင်း ပြောသည်။

ဒေါ်ခင်မမမျိုး

ဆရာဦးဇော်သက်ထွေးမှပြောကြားရာတွင် ၂၀၁၃နောက်ပိုင်းတွင် မီဒီယာသမားများသည် တရားစွဲခံရမှုများလာသည့်အတွက် မီဒီယာကျင့် ဝတ်စည်းကမ်းများကို လိုက်နာဆောင်ရွက်စေလိုကြောင်း၊ သတင်းသမားကောင်းများသည် ကျင့်ဝတ်စဉ်းကမ်းများကိုလိုက်နာကြပြီး ရေး သားရာတွင်လည်း မိမိတို့ကိုမိမိတာဝန်ခံမှု တာဝန်ယူမှုများရှိရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်က  တရားစွဲဆိုရာတွင်လည်း တချို့ပုဒ်မများ သည် ခေတ်နှင့်လျော်ညီမှုမရှိတော့ကြောင်း၊ အစိုးရနှင့်ဆွေးနွေးမှုများပြုလုပ်ရာတွင် နိုင်ငံတော်သမတနှင့် လွှတ်တော်ကို လည်း မီဒီယာများ ၏အားထုတ်ခဲ့မှုများပြောပြခဲ့သလို အားနည်းချက်များကိုလည်း ဝန်ခံခဲ့ကြောင်း၊ မဏ္ဍိုင်သုံးခုနှင့် စတုထ္ထမဏ္ဍိုင်သည် တိုင်းပြည်နှင့်ပြည်သူ လူထုအတွက်လုပ်ဆောင်ရာတွင် တာဝန်ခံမှု တာဝန်ယူများရှိရမည်ဖြစ်ကြောင်းပြောသည်။

ဆက်လက်ပြီး “တာဝန်ခံမှု တာဝန်ယူမှုသည် ဘယ်နေရာမဆိုရှိရမယ်၊ မိသားစုအပေါ်တွင်လည်း ဦးဆောင်ဦးရွက်ပြုရာတွင်လည်းရှိရမည်” ဟုပြောသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts