Yan Naung (Bo Ta Htaung) သတင်းပဒေသာ

ရန်နောင် (ဗိုလ်တထောင်) – တိုယိုတာကား အသစ်တွေ စီးရတော့မည်

ရန်နောင် (ဗိုလ်တထောင်) – တိုယိုတာကား အသစ်တွေ စီးရတော့မည်
စက်တင်ဘာ ၁၉၊ ၂၀၁၄
  

ဂျပန်နိုင်ငံမှ ထိပ်တန်းကားကုမ္ပဏီတခုဖြစ်သော တိုယိုတာကုမ္ပဏီ၏ မော်ဒယ်လ်သစ်ကားများ မိတ်ဆက်ပွဲနှင့် ဈေးကွက်ဖြန့်ချိခြင်း အခမ်း အနားကို ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ ညနေ ၆ နာရီခန့်က ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဆီဒိုးနားဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဆိုပါတိုယိုတာကားများကို အေးနှင့်သားများကုမ္ပဏီက တိုယိုတာကုမ္ပဏီအုပ်စုဝင် TTAS Co.Ltd မှတဆင့် တင်သွင်းရောင်းချခြင်း ဖြစ် ပါတယ်။ အဆိုပါကုမ္ပဏီမှာ ၁၉၅၈ ခုနှစ်ကတည်းက တိုယိုတာအုပ်စုနှင့် ချိတ်ဆက်လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး တိုယိုတာ၏ မြန်မာနိုင်ငံဆိုင်ရာ တရားဝင်မိတ်ဖက်ကုမ္ပဏီတစ်ခုဖြစ်ကြောင်းလည်း သိရပါတယ်။

မိတ်ဆက်ပွဲတွင် လင်ခရူဆာ၊ ပရာဒို၊ ဟိုင်းလပ်၊ ဟိုင်းအေ့စ်၊ ကမ်မရီနှင့် ကိုရိုလာကားများကို  ပြသခဲ့ခြင်း ဖြစ်ပါတယ်။ ဈေးနှုန်းတွေကတော့
စလစ်မပါပဲ ကားချည်းပဲကို မြန်မာကျပ်ငွေ သိန်းထောင်ဂဏာန်းဝန်းကျင်ခန့်ကျသင့်မှာဖြစ်ပြီး ကားအမျိုးအစားပေါ်မူတည်ပြီးတော့လည်း ရာဂဏာန်းကျသင့်တဲ့ ကားတွေလည်း ရှိမှာဖြစ်ပါတယ်။

TTAS Co.Ltd ကို ဂျပန်နိုင်ငံမှ Toyota Tsusho Corporation (TTC) မှ ၇၅ ရာခိုင်နှုန်း၊ အေးနှင့်သားများ ကုမ္ပဏီက ၂၅ ရာခိုင်နှုန်း အစုရှယ်ယာ ထည့်ဝင်ကာ ၁၉၉၆ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။ ယင်းကုမ္ပဏီသည် မြန်မာ နိုင်ငံအတွင်း တိုယိုတာကားသစ်များတင်သွင်းရောင်းချခြင်း၊ ကားအပိုပစ္စည်းများ ရောင်းချခြင်းနှင့် ဝန်ဆောင်မှုပိုင်းဆိုင်ရာများကို အဓိက ဆောင်ရွက်လျက်ရှိပါတယ်။

တိုယိုတာကားများသည် မြန်မာလူထု ကြိုက်နှစ်သက်ကဲ့သို့ ကမ္ဘာတဝန်းတွင်လည်း ကြိုက်နှက်သက်သော ကားအမျိုးအစားဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts