Yan Naung (Bo Ta Htaung) သတင်းပဒေသာ

ရန်နောင် (ဗိုလ်တထောင်) – ဇော်လူမင်းရဲ့ ဒုတိယအကြိမ် တကိုယ်တော် ပန်းချီပြပွဲ

ရန်နောင် (ဗိုလ်တထောင်) – ဇော်လူမင်းရဲ့ ဒုတိယအကြိမ် တကိုယ်တော် ပန်းချီပြပွဲ
စက်တင်ဘာ ၁၉၊ ၂၀၁၄

တောင်ကြီးသား ပန်းချီဆရာ ဇော်လူမင်းရဲ့ ဒုတိယအကြိမ် တကိုယ်တော်ပန်းချီပြပွဲဖွင့်ပွဲကို ရန်ကုန်မြို့ ပန်းဆိုးတန်း (အောက်လမ်း) အ မှတ် ၆၂ ပထမထပ်ရှိ လောကနတ်ပန်းချီပြခန်းတွင်  ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၆ ရက် (အင်္ဂါနေ့) က ကျင်းပပြုလုပ်ခဲ့ပါတယ်။

ယခုပြပွဲတွင် ပန်းချီကားပေါင်း ၂၅ ကားချိတ်ဆွဲပြသထားပြီး အခရိုင်းလစ်အမျိုးအစားဖြင့် ရေးဆွဲထားသော ပန်းချီကားများ၊ Mixed media ပန်းချီကားများ ဖြစ်ပါတယ်။

ပန်းချီပြပွဲအား ၁၆-၉-၂၀၁၄ မှ ၂၇-၉-၂၀၁၄ ထိ နှစ်ပတ်တိုင်တိုင် လောကနတ်ပန်းချီပြခန်းတွင် ပြသသွားမည်ဖြစ်သည်။ ပြပွဲပြုလုပ်နေစဉ် ကာလတလျှောက် နေ့စဉ် နံနက် ၉ နာရီ မှ ညနေ ၅ နာရီအထိ စိတ်ပါဝင်စားသူ မည်သူမဆို လာရောက်ကြည့ရှုနိုင်ကြောင်းလည်း သိရှိရပါတယ်။

 

ကျနော် တစ်ကိုယ်တော်အနေနဲ့ ဒါ ဒုတိယ အကြိမ်ပါ။ ပထမအကြိမ်တုန်းကတော့ ကားတွေက အကြီးတွေချည်း ချိတ်ခဲ့တာပါ။ ဒီတကြိမ် တော့ ၃ ပေ×၄ ပေ တွေချိတ်ဆွဲတာပါ။ ဆရာဦးဝင်းဖေနဲ့ နှစ်ယောက်ပြဖို့ပါ။ အခု သူနေမကောင်းတာနဲ့ ကျနော်တစ်ကိုယ်တော် ဖြစ်သွား တာပါဟု ပန်းချီဆရာ ဇော်လူမင်းက ပြောပြခဲ့ပါတယ်။

ပန်းချီကားဈေးနှုန်းများမှာ အနည်းဆုံး အမေရိကန်ဒေါ်လာ ၃၅၀ မှ ၅၀၀ အထိရှိသည်ကို တွေ့ရှိခဲ့ရပြီး လောလောဆယ် ခြောက်ကားရောင်း ချထားပြီးကြောင်း ထပ်မံသိရှိရပါတယ်။

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts